မြိတ်မြို့ရှိ အသင့်စားမုန့်အမျိုးမျိုးရောင်းချသည့်လုပ်ငန်းအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်မြို့၊ ကလွင်ရပ်၊ ဘိုးဘွားရိပ်သာအနီးရှိ ရွှေနန်းတော် အသင့်စား မုန့်အမျိုးမျိုးလုပ်ငန်းအား စျေးကွက်မ‌ရောက်မီစောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါစျေးကွက်မ‌‌ရောက်မီစစ်‌ဆေးခြင်းဆောင်ရွက်ရာတွင် စျေးကွက်အတွင်း စားသုံးသူ ပြည် သူများ ဝယ်ယူသုံးစွဲနေသော ကုန်စည်များအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝယ်ယူအသုံးပြုနိုင် စေရေးအတွက် ထုတ်လုပ်သည့်နေရာများနှင့်ထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ပါရှိမှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး‌ရောင်းသွားရန်လိုအပ်ပါကြောင်း လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)