Online Sales နှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း သည် အမှတ်(၂) ရပ်ကွက်၊ ဆေးရိုးတန်းလမ်းရှိ Little Collection အလှကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်သို့ သွားရောက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များကို မြေပြင်ကွင်းဆင်းစစ်ဆေး မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ဆေး တွေ့ရှိချက်များကို Online Sales Application တွင် ဖြည့်သွင်းပေးပို့ခဲ့ကြောင်း၊ အဆိုပါစစ်ဆေးချက် များကို ကုန်သွယ်ရေး ဦးစီး ဌာနမှ ဆက်လက်စိစစ်ပေးပြီး ပါက Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း (သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)