သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူမြို့ရှိ ဆေးဆိုင်များတွင် အထူး/သာမာန်ထိန်းချုပ်ဆေးဝါးများ ရောင်းချခြင်းအတွက် ကွင်းဆင်းစစ်ဆေးခြင်း

         တောင်ငူခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ဦးမင်းဇော်၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်မေသန်းနိုင် ညွှန်ကြားရေးမှူး ဦးဆောင်သော တောင်ငူခရိုင်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင် များဖြစ်သည့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ (၂၁.၅.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် တောင်ငူမြို့ပေါ်ရှိ တော်ဝင်အထွေ ထွေရောဂါကု ဆေးရုံ၏ ဆေးဆိုင်နှင့် ကေတုအထွေထွေ ရောဂါကု ဆေးရုံ၏ ဆေးဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           အဆိုပါပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များ၌ အထူး/သာမာန်ထိန်းချုပ်ဆေးဝါး လက်လီ ရောင်းချခြင်းအတွက် ဆေးဆိုင်၏ ထားသိုမှု၊ ဖြန့်ဖြူးရောင်းချခြင်းစနစ်သည် GPP/GSPတို့နှင့် ကိုက်ညီမှု ရှိ/ မရှိ ၊ အရည်အသွေး မပြည့်မီသည့် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင် မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး ၊ သက်ဆိုင်ရာဌာန ထောက်ခံချက် ပါဝင်သောတရားဝင်ဆေးဝါးများနှင့် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီ ရောင်းချမှု ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း များနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော ဆေးဝါးများ ရောင်းချရာတွင် လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်း ပိုမိုသော အမြတ်တင် ရောင်းချမှု များမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ခဲ့သည်။

DOCA(ပဲခူး)

မင်းဘူးခရိုင်တာဝန်ခံရုံး၌ စားသောက်ကုန်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ခရိုင်တာဝန်ခံရုံး၌ ခရိုင်တာဝန် ခံနှင့်အတူ ဝန်ထမ်း(၆)ဦး၊ FDAဝန်ထမ်း(၅)ဦးတို့သည် စီးပွားရေးလုပ်ငန်းရှင် (၁၈)ဦးတို့အား (၁၅.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် စားသောက်ကုန်လုပ်ငန်းများ၊ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး၊ ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာပါဝင်စေရေး တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုသို့ အသိပညာပေးရာတွင် ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးက စားသုံးသူများဘေးကင်လုံခြုံ စိတ်ချရသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ထုတ်ကုန်လုံခြုံစိတ်ချရသည့် ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ထုတ်ကုန်လုံခြုံစိတ်ချရသည့်ကုန်ပစ္စည်းများ၊ အစားစာ များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ ပြည့်စုံစွာ မပါဝင်သော စားသောက်ကုန်များ ရောင်းချမှုမရှိစေရေး၊ သက်တမ်းလွန်နေသော စားသောက်ကုန် များနှင့် တရားမဝင်တင်သွင်းထားသော ကုန်စည်များရောင်းချမှုမရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ (၂/၂၀၁၉)၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များအား လိုက်နာ ကြရန် ပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များအားမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးခရိုင်တာဝန်ခရုံး၌ ရွှေလမင်းမြေပဲဆားလှော် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်နိုင်ရေး တွေ့ဆုံဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံရုံး၌ ခရိုင်တာဝန်ခံ၏ လမ်းညွန်ချက်အရ (၁၂.၅.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီတွင် ဒေါ်ဌေးဌေးဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ရွှေလမင်းမြေပဲဆားလှော်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင် နိုင်ရေးခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး အခန်း(၂၅)ခန်း၊ ပုဒ်မပေါင်း(၈၄)ခုအား ပြဌာန်းခဲ့ပြီးဖြစ်ပါသည်။ စားသုံးသူကာကွယ် ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်အမျိုးအစားပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့် စပ်လျဉ်၍ ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းရမည့် အချက်များအား တစ်ခုခြင်း အလိုက် ဆွေးနွေးခြင်း၊ ပုဒ်မ(၄၁) အပိုဒ်ခွဲ (ခ)နှင့်(ဆ)တို့တွင် ပါဝင်သည့် အချက်များအား မြန်မာဘာသာ ဖြင့်ဖြစ်စေ အခြားဘာသာတစ်ခုခုဖြင့် တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာဖော်ပြရမည်ဟု ပုဒ်မ(၄၃)တွင် ဖော်ပြထားပါကြောင်း၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှလည်း ကုန်စည်အမျိုးအစား (၈)မျိုးအား ထည့်သွင်းဖော်ပြရမည့် အချက်များကို (၂/၂၀၁၉)ဖြင့် ပြဌာန်းခဲ့ပါကြောင်း ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

နတ်တလင်းမြို့တွင်သောက်ရေသန့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

             ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ (၁၂.၅.၂၀၂၆)ရက်နေ့ ၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသင်း ၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရန်ကုန် - ပြည်လမ်း လီတာသောက်ရေသန့်နှင့် အေးငြိမ်သာမြို့သစ် ၊ ဘုရင်နောင်လမ်းရှိ တိုးကောင်းစံ သောက်ရေသန့် လုပ်ငန်းရှင် (၂)ဦးတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

           ထိုသို့ဆွေးနွေးခဲ့ရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပုဒ်မ (၄၁)ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆင်တူရိုးမှား ၊ အတုအပ အမှတ်တံဆိပ်များ ရောင်းဝယ်ခြင်း  မပြုလုပ်ကြရန်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်၊ဇီးကုန်းမြို့တွင်ဌာနဆိုင်ရာများအားအသိပညာပေးဟောပြော

             ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား (၁၁.၅.၂၀၂၆)နေ့  နံနက် (၁၀)နာရီတွင် မြို့နယ်ထွေအုပ်ခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင် (ဦးစီးမှုး)မှ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာအသိပညာပေး ဟောပြောခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် မြို့နယ်စိုက်ကြပ် အဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၊ မြေစာရင်းဦးစီးဌာန ၊စိုက်ပျိုးရေး ဦးစီးဌာန၊ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မြန်းမာ့စီးပွားရေးဘဏ်၊ မြို့နယ်ဥပဒေရုံး များမှဝန်ထမ်း ၁၅ဦးအား မြို့နယ်တာဝန်ခံမှ ထုတ်ကုန်များ၏ ကုန်ညွှန်းအမှတ်အသားများ သတင်းအချက်အလက်များအ ရေးကြီးပုံနှင့် ဦးစားပေးကုန်စည်များအလိုက် စျေးကွက်စောင့်ကြည့်စစ်ဆေးပြီး ဘေးအန္တရာယ် ရှိသည်ဟု ထင်မြင်ယူဆရသည့် ကုန်အညွှန်းပြည့်စုံစွာဖော်ပြမှု့မပါရှိသော လူသုံးကုန်၊ သားသောက်ကုန်များ စျေးကွက်မှပပျောက်စေရန် ဆောင်ရွက်ပေးမှု့အပေါ် ဌာနဆိုင်ရာများလည်း သိရှိလိုက်နာ သတိပြုနိုင်ရေး၊ CICC နှင့်စပ်လျဥ်း၍ စားသုံးသူအခွင့်အရေးများအပေါ် သိရှိ တောင်းဆို တိုင်ကြားနိုင်မှု့နှင့် ဝန်ဆောင်မှု့ပေးခြင်း၊ Online ရောင်းဝယ်မှု့ဆိုင်ရာ မှတ်ပုံတင်ထားရှိမှု့များ ရောင်းမှားဝယ်မှား မဖြစ်စေရန် သတိပြုသိရှိစေရေး အသိပညာပေးဟောပြော၍ လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

နိုင်ငံစီးပွားမြှင့်တင်ရေး MSMEနှင့် မွေးမြူရေးချေးငွေများထုတ်ချေး

       ပဲခူးတိုင်းဒေသကြီး ၊နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိMSME လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများအား (၁၃.၅.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ ကုန်စျေးနှုန်းကြီးမြင့်မှု့ လျော့နည်းစေရန် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ချေးပေးမှု့ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ များပေးအပ်မှု့ကို မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန ခန်းမ၌ ပြုလုပ်ခဲ့ရာ MSME မတည်ထောက်ပံငွေများအား အသေးစား၊ အငယ်စား နှင့် အလတ်စား လုပ် ကိုင်နေသူများဖြစ်သည့်  လယ်ယာသုံးစက်ကိရိယာထုတ် လုပ်ငန်းမှ သိန်း၃၀၀ ကျပ်၊ ပေါင်မုန့် ကိတ်မုန့် လုပ်ငန်းမှ သိန်း၁၀၀ကျပ်၊ ရေချိုးဆပ်ပြာဆီထုတ် လုပ်ငန်းမှ သိန်း၁၀၀ကျပ် စုစုပေါင်း သိန်း၅၀၀ကျပ်နှင့်မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကြက်၊ ဝက်၊ ဘဲ၊ နွား၊ နို့စားနွား၊ ဆိတ်၊ ဒေသကြက် မွေးမြူရေးလုပ်ကိုင်သူ ၁၄ဦးအား သိန်း၈၁၀ကျပ်၊ စုစုပေါင်း သိန်း၁၃၁၀ကျပ်အား မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်အဖွဲ့ဖြင့်ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

သဲကုန်းမြို့နယ်၌ သောက်ရေသန့် အမျိုးမျိုးတို့အားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

              ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ၊ သဲကုန်းမြို့နယ်၊ စာသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးထင်ဇော်ထွန်းနှင့် ဝန်ထမ်းများသည် ၁၁-၅-၂၀၂၆ နေ့ နံနက် (၁၀:၀၀) အချိန်တွင် သဲကုန်းမြို့နယ် အတွင်းရှိကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော  သောက်ရေသန့် အမျိုးမျိုးတို့  အားမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးထင်ဇော်ထွန်းက စားသုံးသူများနေ့စဉ်   အသုံးးပြုလျှက်ရှိသော  ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုလျှက်ရှိ  သော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဈေးကွက် အတွင်းရောင်းချနေသည့် သောက်ရေသန့် အမျိုးအမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား များကို (၂/၂၀၁၉) နှင့် အညီမြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန် ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးဟောပြောခဲ့ပြီး ကုန်အညွှန်းအမှတ်အသား     ပြည့်စုံမှန်ကန်မှုရှိစေရေး၊ အသားတင် အလေးချိန်တို့ကိုပါ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းမြို့၊ အိုးဘိုရပ်ရှိ “ဝင့်ဝါအေး”လွန်ရာကျော် ပိုးစစ်ချိတ်လက်ရက်ကန်းလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦးတို့သည် ၂၀၂၆ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ အိုဘိုရပ်၊ “ဝင့်ဝါအေး” ပိုးစစ်ချိတ်ထည် ရက်ကန်းလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ကုန်ကြမ်းများကို မန္တလေး (အမရပူရ)မှ ဝယ်ယူရာ “ပိုး” တစ်ပိဿာလျှင် ကျပ်(၈)သိန်း ဝယ်ယူရရှိကြောင်း၊ ပိုးချိတ်တစ်ထည်ရက်လုပ်ရန် တစ်စင်လျှင် ရက်ကန်းရက်သူ(၂)ဦးဖြင့် ရက်လုပ်ရာ အချိန် (၂)လခန့်ကြာပြီး၊ လက်ရက်ကန်းစင် (၇)စင်ရှိပြီး ပိုးချိတ်တစ်ထည် လုပ်အားခ တစ်ဦးလျှင် ကျပ်(၄)သိန်း ပေးရကြောင်း၊ ပိုးစစ်ချိတ်တစ်ထည် အနိမ့်ဆုံးရောင်းဈေးနှုန်းများမှာ ကျပ်(၁၀)သိန်းမှ ကျပ်(၂၀)သိန်း ပေါက်ဈေးအသီးသီးရှိပါကြောင်း မန္တလေးမြို့၊ (အမရပူရ) ပိုးထည်ဆိုင်ကြီးများသို့ တင်ပို့ရောင်းချသည့်အပြင် အော်ဒါများရှိပါက ရက်လုပ်ကြောင်း “ဝင့်ဝါအေး”ရက်ကန်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အစိုးရအခွန်တံဆိပ်အတုအသုံးပြု၍တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသောစီးကရက်များ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ စည်ပင်သာယာမြို့မဈေးအတွင်း နယ်အတွင်း အစိုးရအခွန်တံဆိပ် အတု အသုံးပြု၍ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော စီကရက်များ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် မြို့နယ်စားသုံးသူရေးရာ ဦးစီး ဌာနမှ မြို့နယ်တာဝန်ခံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍  ၂၀၂၆ခုနှစ်၊ မေလ ၁၅ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ပါသည်။

       အစိုးရအခွန်တံဆိပ်အတု အသုံးပြု၍ တရားမဝင်မှတ်ပုံတင်ထားခြင်း မရှိသော Mevius Original Blue အမှတ်တံဆိပ်ဆေးလိပ်များ ရောင်းချခြင်းမရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန်းထိုက်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန် ခံဒေါ်ရီရီရှိန်နှင့် မြို့မရဲစခန်းမှူး၊ ကျန်းမာရေးဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိနှင့် အဖွဲ့တို့က မြို့နယ်အတွင်း ဆေးလိပ်များ ဖြန့်ဖြူးရောင်းချ လျက်ရှိသော ဈေးဆိုင်များသို့ ကွင်းဆင်း၍ အသိပညာပေးစစ်ဆေးခြင်းများ ပြုလုပ်ပြီး လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးဇေယျာအောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဦးဘောမ်ဇုံး(ရုံးအုပ်)နှင့် ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး) တို့သည် ၂၅-၅-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်အတွင်းရှိ လက်လီရောင်းချသော နူးနူး(စတိုးဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မှ Asia အမှတ်တံဆိပ်ပါ လိုင်ချီးသီးအချိုရည်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသို့သိမ်းဆည်းမှု အညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး စတိုးဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမား အတုအပ အမှတ််တံဆိပ်များ ရောင်းဝယ်ခြင်းမပြုလုပ်ကြရန် တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ