
စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိဌာနများ (စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန) သည် ဆန်စက်များသို့ ကွင်းဆင်းစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်လျက်ရှိပါသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦး က မအူပင်မြို့နယ် ရေလဲလမ်းရှိ ပြည်ဖြိုးကြွယ်ဆန်စက်အား စစ်ဆေးရာ ဆန်စက်ပိုင်ရှင်းအား လုပ်ငန်းခွင် ဆောင်ရွက်နေမှုကို ကြည်ရှုလေ့လာခဲ့ပြီး စစ်ဆေးရာသည့် အကြောင်းမှာ ဆန်စက်အတွင်း/အပြင် သန့်ရှင်းမှုရှိ မည့် အပြင် ဆန်၊ စပါး များအား အစိုဓာတ်ကင်းစင်စွာ စနစ်တကျ သိုလှောင်ထားခြင်းရှိမရှိ၊ ဆန်တွင် ပိုးသတ်ဆေး သို့မဟုတ် တာရှည်ခံဓာတုပစ္စည်းများ အလွန်အကျွံ ပါဝင်မှုမရှိစေရေး အသိပညာပေးခြင်း၊ စက်များ၏ လုပ်ငန်းလည်ပတ်မှုတွင် ချို့ယွင်းချက်များမရှိဘဲ စံချိန်စံညွှန်းပြည့်မီစွာ လည်ပတ်နိုင်ခြင်းဆွေးနွေးခြင်း၊ ဆန်စက်တွင် စပါးတင်းရေ(၃၀၀၀)၊ ဆန် (၁၀၀၀)အိတ် သိုလှောင်ထားရှိကြောင်း၊ သိုလှောင်ထားရှိကြောင်းနှင့် စပါးဈေးနှုန်း အခြေအနေများ၊ ရန်ကုန်တင်ပို့မှုအခြေအနေများ၊ သိုလှောင်ရုံ စပါးဆန် လက်ကျန်စာရင်များ Myro တွင် ဖြည့်သွင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို စစ်ဆေးခြင်း ပိုင်ရှင်မှ ရန်ကုန်သို့ အဓိကထား၍ လစဉ်တင်ပို့ရောင်းချ လျက်ရှိ ကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
