ရမည်းသင်းမြို့နယ်ရှိဆန်းသစ်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားများ ဈေးကွက်မရောက်မီ ဖော်ပြရာတွင်မှန်/မမှန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ရမည်းသင်းမြို့နယ်ရှိ ဆန်းသစ် မုန့်လုပ်ငန်းအားလုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား ဈေးကွက်မရောက်မီကွင်းဆင်း စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဌာန များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင် အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသား များ ပြည်စုံစွာပါရှိ စေရန်နှင့်ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက် အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ် အသားများပြည့်စုံစွာပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)