
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိက လုပ်ဆောင် ရသည့် ဝန်ထမ်းများ လက်ရုံးရည်၊ နှလုံးရည် စသည့်အရည်အသွေးများ ပြည့်ဝစေရန်နှင့် လုပ်ငန်း ကျွမ်းကျင်မှုရှိစေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၆)ကို ၁၁-၅-၂၀၂၆ ရက်နေ့မှစ၍၂၆-၅-၂၀၂၆ ရက်နေ့အထိ စာတွေ့နှင့်လက်တွေ့ သင်ကြားပို့ချခဲ့ပြီးဖြစ်၍ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၆)ဆင်းပွဲအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် ၄-၆-၂၀၂၆ ရက်(ကြာသပတေးနေ့) နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်း၊ မူပိုင်ခွင့်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲတာဝန်ခံများ၊ ဦးစီးအရာရှိများနှင့် သင်တန်းသား/သူ(၂၈)ဦး တက်ရောက်ခဲ့ပါသည်။ ၎င်းသင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် စာတွေ့၊ လက်တွေ့ လေ့လာပြီးသင်ယူပြီးဖြစ်သောကြောင့် Presentation လုပ်ရာတွင် အများအတွက် အကျိုးရှိစေမည့် ခေါင်းစဉ်များ ရွှေးချယ်သင့်ကြောင်း၊ ရွှေးချယ်ထားသော ခေါင်စဉ်များသည် အများအတွက် အကျိုးရှိမည့် ခေါင်စဉ်များဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းတွင် ပို့ချ သင်ကြားပေးခဲ့သော ဆရာ၊ ဆရာများအား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် ဌာနခွဲ၏ လုပ်ငန်းတာဝန်များအ စတင်၍ ထမ်းဆောင်ရတော့မည်ဖြစ်သောကြောင့် ဌာနအတွက် အကျိုးပြုမည့် Relationship အား တည်ဆောက်၍ နေထိုင်ကြရန်၊ နောင်အချိန်တွင် ခေါင်းဆောင် နိုင်ကြသော အရာရှိကြီးများ ဖြစ်အောင်နေထိုင်ကြရန် မှာကြားရင်း အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
ထို့နောက် သင်တန်းဆင်းပွဲတွင် Presentation ဆွေးနွေးမည့် သင်တန်းသားများအား မဲနိုက် ရွှေးချယ်၍ အဖွဲ့(၁) သင်တန်းသား ဦးဒူးဒူး၊အငယ်တန်းစာရေးမှ"အချိန်နှင့်အတူရှင်သန်နေထိုင်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့(၃) သင်တန်းသား ဦးကျော်ဇေယျ၊ ရုံးအကူမှူးမှ "ကမ္ဘာစားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့(၅) သင်တန်းသူ၊ ဒေါ်ဝတ်မှုံဦး၊ အငယ်တန်းစာရေးမှ "အောင်မြင်သော အဖွဲ့အစည်းတစ်ခု၏ အခြေခံလိုအပ်ချက်များ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့(၂) သင်တန်းသူ ဒေါ်ဟန်နီနွေး၊ အငယ်တန်းစာရေးမှ "အမှိုက်စနစ် တကျစွန့်ပစ်ရန်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့(၄) သင်တန်းသူ ဒေါ်သဲစုအောင်၊ အငယ်တန်း စာရေးမှ "ဟင်းခတ်အမွှေးအကြိုင်ထက်ပိုမိုတဲ့ရွှေဝါရောင်ဆေးအိုး" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူများမှ သိရှိလိုသည်များ၊ ဖြည့်စွက် အကြံပြုလိုသည်များအား အပြန်အလှန် ဆွေးနွေးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးခမ်လျန်စွမ်းက သင်တန်းသား/သင်တန်းသူများ၏ ဆွေးနွေးချက် များအပေါ် ဖြည့်စွက်ဆွေးနွေးခြင်း၊ ချီးကျူးစကားများ ပြောကြားခြင်းနှင့် ယခုလို သင်တန်းအား စီစဉ်ပေးပါသော တိုင်းဒေသကြီးဦးစီးမှူးအား ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက ထပ်မံ၍ ဖြည့်စွက်ဆွေးနွေးခြင်း သင်တန်းသားများ အဖွဲ့(၅)ဖွဲ့ ဆွေးနွေးရာတွင် ဆွေးနွေးသွားသော ခေါင်းစဉ်များသည် ပြည့်စုံမှုများ ရှိပြီး ဌာနအတွက် အကျိုးရှိသောခေါင်းစဉ်မျာ းဖြစ်သောကြောင့် အသိပညာများ ရရှိကြောင်း၊ သည်ထက်မက ပိုမို၍ ကောင်းမွန်အောင် လေးကျင့်ကြရန်နှင့် မိမိပြောမည့်ဘာသာရပ်များအပေါ်တွင် ကြေညက်မှုရှိအောင် လေ့လာကြရန် မျိုးဆက်သစ် ဝန်ထမ်းများအနေဖြင့် လက်ရုံးရည်၊ နှလုံးရည်များ ပြည့်ဝစေချင်ပါကြောင်းနှင့် ဝန်ထမ်းများအားလုံး ဝန်ထမ်းကောင်းများဖြစ်ပါစေကြောင်း ပြောကြား ခဲ့ပါသည်၊၊ ထို့နောက် သင်တန်းသား/သူများကိုယ်စား ဒေါ်သဇင်နှင်း၊ အငယ်တန်းစာရေးမှ သင်တန်းတက်ရောက်ခဲ့ရခြင်းနှင့် ပတ်သက်၍ ဗဟုသုတများနှင့် အတွေ့အကြုံများ ရရှိခဲ့ပါကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား ပေးအပ်၍ အခမ်းအနားကို နေ့လယ်(၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
DOCA(မန္တလေး)
