မအူပင်မြို့နယ် ပန်းပင်စုကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

         (၇-၈-၂၀၂၆) ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် မအူပင်မြို့နယ် ပန်းပင်စုကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို မအူပင်ခရိုင်စား သုံးသူ‌ရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးက စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားများကို စနစ်တကျဖတ်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်မီ၍ ဘေးကင်းလုံခြုံသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူသုံးစွဲရန် လိုအပ်ချက်များကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

        ထို့အပြင် စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာမှုများကြုံတွေ့ရပါက သက်ဆိုင်ရာဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာ Call Center (1535) သို့ ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်းကိုလည်း ထည့်သွင်းအသိပညာပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပန်းပင်စုကျေးရွာမှ ပြည်သူ (၅၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို သိရှိနားလည်ကာ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်သုံးစွဲနိုင် ရေးအတွက် အထောက်အကူပြုခဲ့ကြောင်း ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)