HighLight News

Powered by Drupal

ဈေးကွက်အတွင်းရှိ အသင့်သောက်ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

          ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးတာဝန်ခံများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဒေါပုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်ကော်ဖီမစ်ထုတ်များတွင်  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ရေးသား ဖော်ပြထားခြင်း ရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်ကော်ဖီမစ်ထုတ်များဖြစ်သော  One Twa, Milk Boy,  Platinum, Sunday စသည့် အမှတ်တံဆိပ်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

            ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင် ထွန်း(ကြီး/ရေး)နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် (၁:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံ(စူပါဝမ်း) ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ အလှကုန် ပစ္စည်းများတွင်  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းရှိ/ မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင် သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိရမှာဖြစ်ပြီး (၁၀) ဂရမ်အောက် အလှကုန်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်းဖော်ပြချက် တို့ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်း မရှိသော  အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည်  ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ အသင့်စား စားသောက်ကုန်စည်များအား (၂၁.၇.၂၀၂၅) ရက်နေ့၊  နံနက်(၁၁:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ အသင့်စား စားသောက်ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊ ရောင်းချသည့်ဈေးနှုန်းများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးနေလင်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ အသင့်သောက်ကော်ဖီထုပ်များအား (၂၃-၇-၂၀၂၅) ရက်နေ့ ၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ဈေးအတွင်းရှိကုန်စုံဆိုင်အား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          BEST၊ PLATINUM၊ SUNDAY၊ PREMIER ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊ ရောင်းချသည့်ဈေးနှုန်းများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဈေးရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲ စာရေး) နှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဈေးအတွင်းရှိ  အသင့်သောက်ကော်ဖီမစ်ထုပ်များအား (၂၁-၇-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရှိ Sunday, Lovita, Super,  အစရှိသည့် ကော်ဖီမစ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘောက်ထော်ဈေးအတွင်းရှိ စားအုန်းဆီဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  ဈေးတာဝန်ခံတို့နှင့်ပူးပေါင်း၍ (၂၂-၇-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဈေးအတွင်းရှိ စားအုန်းဆီရောင်းချ နေသောဆိုင်များအားသွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးနေလင်းက မြို့နယ်အတွင်းရရှိသော ဆီခွဲတမ်းများကို ရပ်ကွက်များရှိ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် စားအုန်းဆီ ရောင်းချပေးနေမှု အခြေအနေများနှင့် စားသုံးသူပြည်များ အခက်အခဲမရှိ လက်ဝယ်ရောက်ရှိအောင် ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအားစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်း(၁)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထူးစုံစမ်း စစ်‌ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်အတူ  (၂၁.၇.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပုဇွန်တောင်ဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

          ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေး၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချဖြန့်ဖြူးခြင်းရှိ/ မရှိ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့် အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချကြရန်နှင့် ခွဲတမ်းရရှိ သည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အသင့်စား ခေါက်ဆွဲထုပ်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်း (၂)ဦးသည် ဗိုလ်တထောင်ခရိုင်၊ ဘိုကလေးဈေး စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၂.၇.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              အဆိုပါ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်များရှိ  အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကုန်အညွှန်းအမှတ်အသား စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာ အခြေအနေများကို ကွင်းဆင်း စိစစ်ဆောင်ရွက်ခြင်း

    ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦး၊ စားသုံသူရေးရာဦးစီးဌာန၊   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊   ဒေါ်ခင်ခင်အေး (ဌာနခွဲစာရေး)၊  ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မာဌေး(ဦးစီးမှူး)၊ ဒေါ်ယုယုလွင်(ကြီး/ ရေး) တို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံ ဦးစိုးနိုင် နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၃.၇.၂၀၂၅ ရက်နေ့၊   နံနက် (၁၀:၃၀)နာရီ အချိန်တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်ဈေးနှုန်း များဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို  ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် ဆန်များမှာ ဧည့်မထ၊ ငစိန်၊  ဇီယာ၊  ပေါ်ကျွဲ၊ ပုသိမ်ပေါ်ဆန်း၊  ဖျာပုံပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းမွှေး တို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ပုဇွန်တောင်ဈေးအတွင်းရှိ အသား၊ ငါးများ၏စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာ အခြေအနေများကိုကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း

   ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦး ၊ စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊ ဒေါ်ခင်ခင်အေး (ဌာနခွဲစာရေး)၊  ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မာဌေး (ဦးစီး မှူး)၊ ဒေါ်ယုယုလွင်(ကြီး/ရေး) တို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံ ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၃.၇.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ အသား၊ ငါးများ၏ ဈေးနှုန်းများဈေးကွက်အတွင်း ဝင်ရောက်မှု အခြေအနေတို့ကို  ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် အသား၊ ငါးများမှာ မွေးမြူရေးကြက်၊ မြန်မာကြက်၊ ဝက်သား၊ ဘဲသား၊ ဆိတ်သား၊ အမဲသား၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ‌ရေချို၊ မွေးမြူရေးငါးခူ၊ ပုဇွန်ထုပ်(ကြီး)၊ ပုဇွန်ထုပ်(လတ်)၊ ငါးရံ့၊ ငါးကျည်း၊  ပုဇွန်ခြောက် (ကြီး)၊ ပုဇွန်ခြောက်(လတ်)၊ ပုဇွန်ခြောက် (သေး)၊ ငါးရံ့ခြောက် ၊ ငါးကျည်းခြောက်၊ အာဗြဲခြောက် တို့ဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News