HighLight News

Powered by Drupal

မအူပင်မြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များအား ပူးပေါင်းကွင်းဆင်းစစ်ဆေး

      (၁၄.၇.၂၀၂၆) ရက်နေ့တွင် မအူပင်မြို့ပေါ်ရှိ အလှကုန်ရောင်းချသော ဆိုင်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အလှကုန်များ၏ FDA အသိအမှတ်ပြုမှတ်ပုံတင်အခြေအနေ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု၊ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူနှင့် တင်သွင်းဖြန့်ဖြူးသူ အချက်အလက်များကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

      ထို့ပြင် ရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ရာ အလှကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်၊ FDA ခွင့်ပြုချက်မရှိသော အလှကုန်များနှင့် သက်တမ်းလွန် အလှကုန်များကို မရောင်းချရန်၊ ကုန်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းရောင်းချရန်နှင့် စားသုံးသူများအား မှန်ကန်ပြည့်စုံသော ကုန်ပစ္စည်းအချက်အလက်များကို အသိပေးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ပူးပေါင်းကွင်းဆင်းစစ်ဆေးမှုသည် ဈေးကွက်အတွင်း အန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အလှကုန်များသာ ရောင်းချအသုံးပြုနိုင်စေရေး၊ စားသုံးသူအခွင့်အရေးများကို ကာကွယ်မြှင့်တင်ရေးနှင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်၌ မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပ

         (၁၃.၇.၂၀၂၆) ရက်နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်ရှိ ထက်မြက်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မိတ်ဖက်ဌာန/ အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးအောင်ဇော်ဦး ဦးစီးအရာရှိမှ  စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ အခြေခံအသိပညာများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ လုံခြုံစိတ်ချရသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်သုံးစွဲနိုင်ရေး၊ ကုန်ပစ္စည်းများဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ၊ ထုတ်လုပ်သည့်နေ့စွဲနှင့် သက်တမ်းကုန်ဆုံးရက်တို့ကို စိစစ်ဖတ်ရှုဝယ်ယူသုံးစွဲရေးတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

        ထို့ပြင် စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ကျောင်းမုန့်ဈေးတန်း ရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများသာရောင်းချရန်၊ သက်တမ်းလွန် စားသောက်ကုန်များမရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

       အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ စုစုပေါင်း (၄၂၀)ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာများ တိုးပွားရရှိစေရန်ရည်ရွယ်၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး Talk Show ကို ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ကျင်းပ

        (၁၅.၇.၂၀၂၆) ရက်နေ့တွင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန) ၌ "အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး" ခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       Talk Show တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  တာဝန်ရှိသူ ဦးခိုင်လွမ်းမိုးမှ  အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ရောင်းချနေသူများအနေဖြင့် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ မှတ်ပုံတင်ဆောင်ရွက်ရန်လိုအပ်ချက်၊ မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများ၊ လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထို့ပြင် အွန်လိုင်းရောင်းချသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ဖော်ပြရန်၊ စားသုံးသူများအား လှည့်ဖြားကြော်ငြာခြင်းနှင့် မမှန်ကန်သော သတင်းအချက်အလက်များဖြင့် ရောင်းချခြင်းတို့ကို ရှောင်ကြဉ်ရန်၊ စားသုံးသူအခွင့်အရေးများကို လေးစားလိုက်နာ၍ ယုံကြည်စိတ်ချရသော အွန်လိုင်းဈေးကွက်ပတ်ဝန်းကျင် ဖော်ဆောင်နိုင်ရေးကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

      အဆိုပါ Talk Show အစီအစဉ်မှတစ်ဆင့် အွန်လိုင်းရောင်းချသူများနှင့် ပြည်သူများအနေဖြင့် အွန်လိုင်းရောင်းချမှုဆိုင်ရာမှတ်ပုံတင်လုပ်ငန်းစဉ်များကို ပိုမိုနားလည်သဘောပေါက်စေပြီး ဥပဒေနှင့် အညီ စနစ်တကျဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်းမ အ.ထ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

          (၁၃.၇.၂၀၂၆) ရက်နေ့ နံနက် (၁၂:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူ (၁၀၀)ဦးအား အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းကျန်းမာရေး ဆောင်ရွက်မှုများကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်များ စာပေဖတ်ရှုလေ့ရှိစေရေးနှင့် အသိပညာဗဟုသုတ တိုးပွားရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့ပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက် က စားသုံးသူအခွင့်အရေးများ၊ ကုန်ပစ္စည်းရွေးချယ်ဝယ်ယူရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ အမည်နှင့် အဓိပ္ပာယ်ဖွင့် ဆိုချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးရေး၊ လုံခြုံစိတ်ချရသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်သုံးစွဲနိုင်ရေး၊ မှန်ကန်ပြည့်စုံသော ကုန်စည်အချက် အလက်များကို သိရှိခွင့်ရရှိရေးနှင့် တရားမျှတသော ဈေးကွက်ယှဉ်ပြိုင်မှု ဖြစ်ပေါ်စေရေးတို့ကို ဥပဒေ၏ အဓိကရည်ရွယ်ချက်များအဖြစ် ရှင်းလင်းအသိပညာပေးခဲ့ကြောင်း သိရသည်။

        ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းကျန်းမာ ရေးစောင့်ရှောက်မှု၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ သူများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် လိုအပ်သည့် ကျောင်းကျန်းမာရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

         အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးဆောင်ရွက်မှုသို့ ကျောင်းသား /ကျောင်းသူ (၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး စိတ်ဝင်တစား နားထောင်လေ့လာခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မူလွန်အောက်ပိုင်းကျောင်းသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ပြန်/ ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် (၅)ရပ်ကွက်ရှိ မူလွန်အောက်ပိုင်း ကျောင်းသို့ ဆရာ/ မ(၁၃)ဦး၊ ကျောင်းသား/ သူ(၁၄၇)ဦး စုစုပေါင်း(၁၆၀)ဦးအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ဆက်ဦးစီးဌာဦးနမှ ဗလ ၅ တန် ဖွံ့ဖြိုးရေးအကြောင်း အသိပညာပေးပြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းမှ အခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်းတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်ရန်နှင့် စားသုံးရန်မသင့်သော အစားအစာများအကြောင်းနှင့် ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်းကို ကလေးငယ်များရွေးချယ်ဝယ်ယူစား သောက်ရန်နှင့် စားသုံးသူများ၏ အခွင့်အရေးအကြောင်းကို အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိရောင်းချနေသော စားသုံးဆီဘူးဆီများအား ကွင်းဆင်းစစ်ဆေးခြင်း

          ဘိုကလေးမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဘူးဆီများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဆီလုပ်ငန်းရှင်အသင်းနှင့် အတူပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် မြို့မ(၇)ရပ်ကွက် (၁၈)လမ်းရှိ ကုန်မျိုးစုံဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးကွက်အတွင်းရှိအရောင်းဆိုင်များတွင် Lotus,Meizan,Good Choice,Duck အမှတ်တံဆိပ်ပါ ဘူးဆီများတွင် ကုန်အညွှန်းအမှတ်သားဆိုင်ရာဖော်ပြချက်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍ တွဲလျှက်ရေးသားဖော်ပြထားခြင်း ရှိ/မရှိနှင့် ကုန်စည်၏ အမှတ်အသား၊အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းစည်းမှု၊ ထုတ်လုပ်မှုရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သည့်အမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုအချိုးအစားစသည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ ပြည့်စုံမှု ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ရုံးဒေါင့်ကျေးရွာနှင့် လှိုင်းတာကျေးရွာရှိ စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများ   ကွင်းဆင်းစိစစ်ခြင်း

           စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (FDA)အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့တွင် ကျိုက်လတ်မြို့နယ် ရုံးဒေါင့်ကျေးရွာနှင့် လှိုင်းတာကျေးရွာရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိချက်များအရ စားသောက်ကုန် အသား/ ငါးများကို ရေခဲသေတ္တာတွင် စနစ်တကျထားရှိခြင်း၊ အသီးအနှံများကိုလည်း ရေခဲသေတ္တာထဲတွင် သီးသန့်ထားရှိခြင်း၊ ချတ်ပြုတ်ပြီးသော အစားအစာများ ဖုံးအုပ်ထားခြင်းများတွေ့ရပြီး ချတ်ပြုတ်ပြီးပါက စည်းနှီတုံးများကို သေချာစွာဆေးကြောထားရှှိရန်၊ ဘေစင်နှင့်အစားအသောက်များကို နီးကပ်စွာမထားရန်နှင့် ယင်ကောင်မှ ကူးစက်တက်သော ဝမ်းပျက်၊ ဝမ်းလျှော အကြောင်းများကို အသိပညာပေးခဲ့ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ် ဆန်တင်ပို့မှုအား ကွင်းဆင်းစိစစ်ခြင်း

               ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ မြိတ်မြို့သို့ထွက်ခွာသော MV-ပြည့်ဖြိုးအောင် ၉ ဆန်တင်ရေယာဉ်အား သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် (၁၆-၇-၂၀၂၆)ရက်နေ့ မနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေပြည်မိုး(ဆိပ်ကမ်း)သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် MV-ပြည့်ဖြိုးအောင် ၉ ရေယာဉ်တွင် ဧည့်မထရက်(၉၀)ဆန် ၂၀၀၀ အိတ်၊ ဧည့်မထ(ဇီယာ)ဆန် ၈၀၀ အိတ် တင်ဆောင်ထားရှိကြောင်း တွေ့ရှိရပါသည်။ ထိုနောက် ခရိုင်အုပ် ချုပ်ရေးမှူးဦးဆောင်သော သက်ဆိုင်ရာပူးပေါင်းအဖွဲ့များမှ ရေလမ်းမှ ဆန်များပို့ဆောင်ရာတွင် ခွင့်ပြုချက်မရှိသော အခြားကုန်ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရန်နှင့် လမ်းခရီးတစ်လျှောက် ပင်လယ်ပြင်တွင် အခြားရေယာဉ်များပေါ်သို့ တင်ဆောင်ပြီး မပြုလုပ်ရန်မှာကြားခဲ့ပြီး မူးယစ်ဆေးဝါးနှင့် အခြားတရားမဝင် ကုန်ပစ္စည်းများအား ရောနှောပို့ဆောင်ခြင်း မပြုလုပ်ရန်မှာကြားခဲ့ခြင်း၊ ထိုသို့ ပြုလုပ်ပါက တည်ဆဲဥပများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မုန့်မျိုးစုံအရောင်းဆိုင်များသို့    ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာမှ ၀န်ထမ်းများကစားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များကို ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ဒေးဒရဲမြို့နယ်အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
   အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများက မုန့်နှင့် စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးရက်စွဲများကို မှန်ကန်စွာဖော်ပြထားခြင်း ရှိ/ မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များရောင်းချခြင်း ရှိ/ မရှိ၊ ထုတ်ပိုးမှုအခြေအနေ၊ သိုလှောင်ထားရှိပုံနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိတို့ကို အသေးစိတ် စစ်ဆေးခဲ့သည်။ ထို့အပြင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဖော်ပြရန်နှင့် စားသုံးသူများ၏ကျန်းမာရေးကိုအလေးထား၍ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအား အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့၌မီးသတ်တပ်ဖွဲ့ဝင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
         အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံက စားသုံးသူ၏ အခြေခံအခွင့်အရေးများ၊ လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားများကို စိစစ်ဖတ်ရှုသည့်နည်းလမ်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်သော အချက်အလက်များကိုရှင်းလင်းဟောပြောခဲ့သည်။ ထို့အပြင် စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများကိုလည်း မိတ်ဆက်ရှင်းလင်းခဲ့ပြီး တက်ရောက်လာသည့် မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦးက စိတ်ဝင်တစား နားထောင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News