အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (13.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်ရှိ Thein Aye အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် No.9/A, Hnin Si(5)Street, Lay Daung Kan Ward, Mingalardon Township အမည်ဖြင့် Online  စနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန် တင်ပြထား သော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)