ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၆ ခုနှစ်တွင် သကြားတန်ချိန် ၃ သန်းထုတ်လုပ်ရန် ရည်မှန်းထားသည့် အင်ဒိုနီးရှား

   ကိုယ်တိုင်သကြားဖူလုံနိုင်စွမ်းရှိရန်၊ တင်သွင်းမှုများလျော့ချရန်နှင့် အစားအစာဖူလုံမှု အား ကောင်းရန်ကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်ဒိုနီးရှားအစိုးရသည် ၂၀၂၆ ခုနှစ်တွင် နိုင်ငံ၏သကြားထုတ်လုပ်မှုကို တန်ချိန် ၃ သန်းအထိမြင့်တက်ရန် ရည်ရွယ်ထား ကြောင်း သိရပါသည်။ လတ်တလောနိုင်ငံ၏သကြားထုတ်လုပ်မှုသည် တန်ချိန် ၂.၆၈ သန်းပတ်လည် ရှိပြီး ရည်မှန်းချက်သည် အဖြူရောင်သကြားအတွက် ပြည်တွင်းဝယ်လိုအားပြည့်မီရန်ဖြစ်ကြောင်း သိရပါသည်။ အောင်မြင်မှုရရှိရန်အတွက် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနသည် ကြံစိုက်ခင်းကို အရှေ့ဂျာဗားတွင် ဟတ်တာ ၇၀၀၀၀ နှင့်အတူနိုင်ငံတစ်ဝှမ်းစုစုပေါင်းဟတ်တာ ၁၀၀၀၀၀ စိုက် ပျိုးရန် စီစဉ်ထားကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က မြေပြင်တွင်အကောင်အထည်ဖော်ရန်အတွက် ထိုပရိုဂရမ်တွင် ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များ၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် ဥပဒေအေဂျင်စီများအကြား ကဏ္ဍဖြတ် ကျော် ညှိနှိုင်းဆွေးနွေးမှုများပါဝင်ကြောင်း၊ နိုင်ငံ၏ကြံစိုက်ခင်းများ၏ ၅၀ ရာခိုင်နှုန်းကျော် တည် ရှိသည့် အရှေ့ဂျာဗားတွင်စိုက်ပျိုးမှုအောင်မြင်မှုရရှိပါက ၎င်းတို့သည် ၂၀၂၆ ခုနှစ်တွင် သကြားဖြူ တင်သွင်းမှု ရပ်တန့်မည်ဖြစ်ကြောင်းနှင့် အစိုးရသည်အ‌ရှေ့ဂျာဗားအစိုးရအဖွဲ့၊ နိုင်ငံပိုင် စိုက်ပျိုး ရေးလုပ်ငန်းများနှင့် အခြားဆက်စပ်သည့်အသင်းအဖွဲ့များနှင့်အတူ ညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ မြေနေရာတိုးချဲ့မှုအပြင် ဝန်ကြီးဌာနသည် အခြေခံ အ ဆောက်အအုံနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံပစ္စည်းများပါဝင်သည့် ထုတ်လုပ်မှုကိုပံ့ပိုးပေးရန် ပြင် ဆင်နေကြောင်းသိရပါသည်။ အရှေ့ဂျာဗားအတွက် စိုက်ပျိုးသည့်အဆင့်၌ ထုတ်လုပ်မှုမြှင့်တင် ရန်အတွက် အစိုးရသည် အနည်း ဆုံး လယ်ထွန်စက်အခု ၁၀၀ နှင့် အခြားစိုက်ပျိုးရေးလုပ်ငန်း သုံးစက်ပစ္စည်းများဖြန့်ဖြူးရန် စီစဉ်နေကြောင်း သိရပါသည်။ Sulaiman က ကြံစိုက်ပျိုးမှု ရည် ရွယ်ချက်အောင်မြင်ပါက နိုင်ငံ၏ သကြားအထွက်နှုန်းကို သိသာထင်ရှားစွာမြင့်တက်စေမည် ဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားသည် သကြားဖြူတင်သွင်းရန်မလိုအပ်တော့ရုံသာမက စိုက်ပျိုးရေး သမားများ၏လူမှုဘဝနှင့် အစားအစာ ဖူလုံမှုကို အားကောင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။

DOCA (ရန်ကုန်)

အီတလီ-ထိုင်းစီးပွားရေးဖိုရမ် ၁၀ နှစ်မြောက်အခမ်းအနားကျင်းပ

    ကြံ့ကြံ့ခံနိုင်သောကုန်သွယ်ရေးကြီးထွားမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ခြင်း တို့၏ ပံ့ပိုးမှုဖြင့် နှစ်နိုင်ငံအကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆက်လက်တည်ငြိမ်စွာအဆင့် မြှင့်တင်နေသည့် အီတလီ-ထိုင်းစီးပွားရေးဖိုရမ် (ITBF) သည် ၎င်းတို့၏ ၁၀ နှစ်ပြည့်အခမ်းအနား ကို ကျင်းပခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် နှစ်နိုင်ငံအကြားအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၂၉ ဘီလီယံရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁.၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၁၀ နှစ်မြောက်ကျင်းပခဲ့သည့် ထိုအခမ်းအနား ကို ထိုင်းနိုင်ငံစီးပွားရေးအသင်းချုပ်၊ အီတလီ-ထိုင်းစီးပွားရေးအသင်းချုပ်နှင့် နှစ်နိုင်ငံစလုံးမှ သံရုံး များကပူးတွဲကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုဖိုရမ်သည် နှစ်နိုင်ငံအကြား ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာကိုတိုးမြှင့်ရန်နှင့် ရည်ရွယ်ထားသည့်လုပ်ငန်းနယ်ပယ်များ တစ်လျောက် ကွန်ယက်များပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ရည်ရွယ်ကြောင်း သိရပါသည်။ ထိုအခမ်းအနားကို ကားလုပ်ငန်း၊ အခြေခံအဆောက်အအုံ၊ အစားအစာ၊ စွမ်းအင်၊ စက်ပစ္စည်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခရီးသွားနှင့် လူနေမှုပုံစံအစရှိသည့် ကျယ်ပြန့်သောကဏ္ဍများရှိ ထိုင်း ကုမ္ပဏီ ၁၉ ခုနှင့် အီတလီကုမ္ပဏီ ၁၀ ခုတို့မှ အမှုဆောင်အရာရှိများတက်ရောက်ခဲ့ကြောင်းသိရပါ သည်။ သက်ဆိုင်ရာအစိုးရအေဂျင်စီများသည် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဦးတည်ရာနှင့် ပတ်သတ်၍ အတွေးအမြင်များကိုဝေမျှခဲ့ကြကြောင်း သိရပါသည်။ ထိုင်းနိုင်ငံစီးပွားရေးနှင့် လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ဥက္ကဌ Supavud Saicheua က၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ GDP ကြီးထွားနှုန်းမှာ အိမ်ထောင်စုကြွေးမီများကြောင့် ၂.၂ ရာခိုင်နှုန်းသာတိုးတက်ရန်ခန့်မှန်းရပြီး ၂၀၂၆ ခုနှစ်တွင်မူ အများပိုင်ရင်းနှီးမြှုပ်နှံမှု၊ ပုဂ္ဂလိကစားသုံးမှုနှင့် ခရီးသွားဝင်ငွေရရှိမှုနာလံထူလာ မှုတို့အပေါ်အခြေခံ၍ တိုးတက်ရန် မျှော်မှန်းရကြောင်းနှင့် ထိုင်းနိုင်ငံသည် ပြည့်ဖြိုးမြဲစွမ်းအင် အထူးသဖြင့်ဆိုလာစွမ်းအင်သို့အသွင်ကူးပြောင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ရင်းနှီး မြှုပ်နှံမှုအပေါ်စားပွဲဝိုင်းဆွေးနွေးပွဲတွင် အာဆီယံထောက်ပံ့ပို့ဆောင်ရေးအချက်အချာအဖြစ် ထိုင်း နိုင်ငံ၏အခန်းကဏ္ဍကိုအားကောင်းရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ပို့ ဆောင် ရေးကြံ့ကြံ့ခံနိုင်စွမ်းတွင် အားကောင်းမှုနှင့် AI နှင့် အလိုအလျောက်စက်ပစ္စည်းများ အသုံး ပြုမှုတို့အပေါ် အလေးပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အီတလီမှကိုယ်စားလှယ်များက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ထိုင်းနိုင်ငံ၏အားကောင်းသည့်အချက်ဖြစ်သည့် အား ကောင်း သောကုန်ထုတ်လုပ်မှုအတူ ပို့ကုန်မောင်းနှင်သည့်စီးပွားရေး၊ အဆင့်မြင့်စက်ပစ္စည်းများ၊ စိုက်ပျိုး မွေးမြူရေးအစားအစာဆန်းသစ်တီထွင်မှုနှင့် အဆင့်မြင့်ထောက်ပံ့မှုကွင်းဆက်များတို့တွင် ဖွံ့ဖြိုး တိုးတက်လာမှုနှင့် ပတ်သတ်၍ အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

ကုန်သွယ်ရေး၊ ကားလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည့် ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်

     Intergovernmental Committee မှတစ်ဆင့် ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်တို့သည် နယ်ပယ်အားလုံး အထူးသဖြင့် စီးပွားရေး-ကုန်သွယ်ရေးနှင့် သိပ္ပံ-နည်းပညာပူးပေါင်းဆောင်ရွက်မှု တို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုဆက်လက်နက်ရှိုင်းရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဒုတိယဝန်ကြီး Phan Thi Thang က ပြောကြားခဲ့ပါသည်။ Thang က ထိုအကြောင်းကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ဟနွိုင်းမြို့တွင်ကျင်းပခဲ့သည့် စီးပွားရေး- ကုန်သွယ်ရေးနှင့် သိပ္ပံ-နည်းပညာနှင့်ပတ်သတ်၍ကျင်းပသည့် ၈ ကြိမ်မြောက် ဗီယက်နမ်- ဥဇ ဘက်ကစ္စတန် Intergovernmental Committee တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါ သည်။ အစည်းအဝေးတွင် ဥဇဘက်ကစ္စတန် ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် ကုန်သွယ်ရေးဒုတိယ ဝန်ကြီး Ilzat Kasimov က ၎င်းတို့သည် ဗီယက်နမ်အား ဒေသတွင်အရေးပါသောဦးစားပေး မိတ် ဖက်ဟု ယူဆကြောင်း၊ Intergovernmental Committee မှတစ်ဆင့် နှစ်နိုင်ငံစလုံး၏ ဝန်ကြီး ဌာနများနှင့် ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်လိုအပ်ပြီးထိုမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများအား တစ်ဖက်ခြင်းစီ၏ အလားအလာနှင့် အခွင့်အရေးများကို ပိုမိုအသုံးချ နိုင်ရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဥဇဘက်ကစ္စတန်သည် ဗီယက်နမ် လုပ်ငန်းများအား နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် လုပ်ငန်းလည်ပတ်ရန်အတွက် သင့်လျော်သော အခြေအနေများကို ဖန်တီးပေးရန် ကတိပြုခဲ့ပြီး အပြန်အလှန်ကုန်သွယ်ရေးကြီးထွားမှု ဆက် လက်မြှင့်တင်ရန်အတွက် Intergovernmental Committee ၏မူဘောင်အတွင်း ကုန်သွယ်ရေး အပေါ် ပူးတွဲလုပ်ငန်းအဖွဲ့ တည်ထောင်ရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် အဓိကဧရိယာများတွင် လတ်တလောပူးပေါင်းဆောင်ရွက်မှုအဆင့်၊ အကျိုးကျေးဇူးများ၊ အခက် အခဲများ၊ အခွင့်အလမ်း များနှင့် စိန်ခေါ်မှုများအပေါ် ပြန်လည်ဆန်းစစ်ခဲ့ကြောင်း သိရပါသည်။ ကိုယ်စားလှယ်များက ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်သည် စိုက်ပျိုးမွေးမြူရေး- စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်ပြုပြင် ထုတ်လုပ်ခြင်း၊ အပေါ့စားလုပ်ငန်းများ၊ ကားထုတ်လုပ်ခြင်း၊ သယ်ယူပို့ ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ခရီးသွားနှင့် ရိုးရာယဉ်ကျေးမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အတွက်ကြီးမားသောအလားအလာကို ပိုင်ဆိုင်ထားကြောင်း မှတ်ချက်ပြု ခဲ့ကြပါသည်။ ဗီယက်နမ် အကောက်ခွန်ဦးစီးဌာန၏အဆိုအရ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံအပြန် အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်‌ဒေါ်လာ ၂၀၂ သန်းရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၆.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်က အမေရိကန်‌ဒေါ်လာ ၁၂၈ သန်း တန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၃.၃၈ သန်းတန်ဖိုးတင်သွင်းခဲ့ကြောင်းသိရပါသည်။ ဥဇဘက်ကစ္စတန်သို့ ဗီယက်နမ်၏ အဓိကပို့ကုန်များတွင် ဖုန်းများနှင့် အစိတ်အပိုင်းများ၊ ကွန်ပျူတာများ၊ အီလတ်ထရောနစ်ထုတ်ကုန် များနှင့် အစိတ်အပိုင်းများ၊ စက်ပစ္စည်းများနှင့် အစိတ် အပိုင်းများ၊ ရာဘာထုတ်ကုန်များ၊ သီဟိုဠ်စေ့ များနှင့် ကားအစိတ်အပိုင်းများပါဝင်ကြောင်း သိရပါ သည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ဓာတ်မြေဩဇာများ၊ အဝတ်အထည်နှင့် အထည် အလိပ်များ၊ သားရေနှင့် ဖိနပ်များ၊ ချည်မျှင်များကို ပြန်လည်တင်သွင်းကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုတွင် ဗီယက်နမ်သည် စုစုပေါင်းမတည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄.၄၃ သန်းတန်ဖိုးရှိသော စီမံကိန်း ၅ ခုပိုင်ဆိုင်ထား ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

အာဖဂန်လယ်သမားများ၏ ဂျုံစိုက်ပျိုးမှုအထောက်အကူဖြစ်စေရန် ဂျုံအထုပ် ၈၇၀၀၀ ကျော် ဖြန့်ဝေပေးခဲ့သည့် FAO

     ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သည် အာဖဂန်နစ္စတန်တစ်ဝှမ်းရှိ လယ်သမားမိသားစုများထံ ဂျုံစိုက်ပျိုးရေးအထုပ် ၈၇,၄၀၀ ဖြန့်ဝေပေးခဲ့ကြောင်း အေဂျင်စီက ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။ "အသိအမှတ်ပြု ဂျုံစေ့များကို အရည်အသွေး မြင့် ဓာတ်မြေဩဇာနှင့် တွဲဖက်အသုံးပြုခြင်းဖြင့် ရိုးရာမျိုးကွဲများထက် အထွက်နှုန်းပိုမိုမြင့်မားကြောင်း သက်သေပြခဲ့ပြီး မိသားစုများအား အစားအစာပိုမိုဖြစ်ထွန်စေရန်၊ လူမှုအသိုင်းအဝိုင်းများကို ကျွေးမွေးရန်နှင့် ဝင်ငွေရှာဖွေရန် ကူညီပေးကြောင်း FAO ၏ ကြေညာချက်တွင် ဖော်ပြထား သည်။ အာဖဂန်နစ္စတန်၏ စားနပ်ရိက္ခာဖူလုံမှုအခြေအနေသည် ပိုမိုဆိုးရွားလာပြီး မကြာသေးမီ က FAO ၏ အစီရင်ခံစာတစ်ခုအရ လူပေါင်း ၁၇.၄ သန်းသည် ဆောင်းရာသီ ပြင်းထန်သော ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို မြင့်မားစွာ ခံရနိုင်ကြောင်း ခန့်မှန်းထားသည်။ လူဦးရေ ၃၆ သန်း ကျော်ရှိသော နိုင်ငံ၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အ တွက် စိုက်ပျိုးရေးကို မှီခိုအားထားနေရသည်။ သို့သော် လယ်သမားများသည် အဆင့်မြင့်ပစ္စည်း များကို အကန့်အသတ်ဖြင့်သာ ရရှိခြင်း၊ ရိုးရာလယ်ယာစိုက်ပျိုးရေး နည်း လမ်းများကို မှီခိုအား ထားခြင်း၊ အချိန်မီဈေးကွက်သယ်ယူပို့ဆောင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး မလုံလောက် ခြင်း၊ အအေးခန်းသိုလှောင်ရုံများမရှိခြင်းနှင့် မျိုးစေ့များ မလုံလောက်ခြင်း အပါအဝင် သိသာထင် ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်းသိရ သည်။

DOCA(ရန်ကုန်) 

ဂျော်ဇ်ဂျန်ပြည်နယ်တွင် အာဖဂန်လုပ်ကုန်ပစ္စည်းများကို ၃ ရက်ကြာ ပြပွဲဖြင့် မြှင့်တင်

   အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဂျော်ဇ်ဂျန်ပြည်နယ်၏ မြို့တော် ရှီဘာဂန်တွင် ပြည် တွင်းထုတ်ကုန်များကို ပြသထားသည့် သုံးရက်ကြာ ပြပွဲတစ်ခု စတင်လိုက်ကြောင်း ပြည်နယ် သတင်းအချက်အလက်နှင့် ယဉ်ကျေးမှုဌာန၏ ကြေညာချက်အရသိရသည်။

     ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ချက်အရ ထိုပွဲတွင် ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များ၊ လက်မှုပညာများ၊ အစားအသောက်များနှင့် ထုတ်ကုန်အမျိုးမျိုးကို ဆိုင်ခန်းပေါင်း ၆၀ တွင် ပြသထားပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ပြခန်းပိုင်ရှင်များက ပြပွဲအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြပြီး ပြည်တွင်း ထုတ် ကုန်များ၏ အရည်အသွေးကို မြှင့်တင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ၎င်းတို့ က ပြည်တွင်းထွက်ကုန်ပစ္စည်းများကို ဦးစားပေးခြင်းဖြင့် အမျိုးသားစီးပွားရေးကို ထောက်ပံ့ရန် ပြည်သူလူထုအား တိုက်တွန်းခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)

သီရိလင်္ကာအကောက်ခွန်သည် ၂၀၂၅ ခုနှစ်တွင် စံချိန်တင်မြင့်မားသောဝင်ငွေရရှိ

    သီရိလင်္ကာအကောက်ခွန်သည် ၂၀၂၅ ခုနှစ်အတွင်း ဝင်ငွေ ရူပီး ၂.၄၉၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈.၀၆ ဘီလီယံ) ရရှိခဲ့ပြီး ဌာနမှ မှတ်တမ်းတင်ထားသော အမြင့်ဆုံး ကောက်ခံမှုဖြစ်ပြီး ပြန်လည်ပြင်ဆင်ထားသော နှစ်စဉ်ပစ်မှတ်ထက် များစွာကျော်လွန်လျှက်ရှိ သည်။ အကောက်ခွန်နှင့် မီဒီယာပြောရေးဆိုခွင့်ရှိသူ ဒါရိုက်တာ Chandana Punchihewa က ၂၀၂၅ ခုနှစ်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော မူလဝင်ငွေပစ်မှတ်မှာ ရူပီး ၂.၁၁၅ ထရီလီယံဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကောက်ခံမှုများသည် အချိန်ဇယားထက် စော၍ ထိုအဆင့်သို့ ရောက်ရှိခဲ့ပြီး အာဏာပိုင်များသည် ပစ်မှတ်ကို ရူပီး ၂.၂၃၁ ထရီလီယံ အထိ ပြန်လည်ပြင်ဆင်ရန် တွန်းအားပေးခဲ့သည်။ လက်ရှိဝင်ငွေသည် ယခုအခါ ပြင်ဆင်ထား သော စံနှုန်းကို ကျော်လွန်နေပြီဖြစ်သည်။ မီဒီယာများကို ပြောကြားရာတွင် Punchihewa က သီရိလင်္ကာအကောက်ခွန်မှ မိတ်ဆက်ခဲ့သော လုပ်ငန်းလည်ပတ်မှုအစီအမံများနှင့် မော်တော် ယာဉ်တင်သွင်းမှုများကို ပြန်လည်ဖွင့်လှစ်ခြင်းတို့၏ ပေါင်းစပ်မှုကြောင့် ခိုင်မာသောစွမ်း ဆောင်ရည်ကို ပံ့ပိုးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခင်နှစ်အတွက် ဝင်ငွေပစ်မှတ်မှာ ရူပီး ၁.၅၃၁ ထရီလီယံဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် သိသိသာသာ မြင့်မားသော ပစ်မှတ်ကို သွင်းကုန် ထိန်းချုပ်မှုများနှင့် သက်ဆိုင်သည့် မူဝါဒဆုံးဖြတ်ချက်များ၊ အထူးသဖြင့် မော်တော်ယာဉ် တင်သွင်းမှု ပြန်လည်စတင်ပြီးနောက် ချမှတ်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ ခရက်ဒစ်တိုးတက်မှု ၁၈ ရာခိုင်နှုန်းနီးပါးရှိမည်ဟု ဗဟိုဘဏ်မှပြောကြား

    ဗီယက်နမ်နိုင်ငံ၏ ခရက်ဒစ်တိုးတက်မှုသည် ၂၀၂၄ ခုနှစ်ကုန်မှ ဒီဇင်ဘာ ၂၄ ရက်အထိ ၁၇.၈၇ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ဗီယက်နမ်ဘဏ်၏ ပြော ကြားချက်ကို ကိုးကား၍ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။အစီရင်ခံစာအရ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ စီးပွားရေး၏ ကြွေးမြီမှာ ဗီယက်နမ်ဒေါင် ၁၈.၄ ကွာဒရီလီယံ (အမေရိကန်ဒေါ်လာ ၇၃၂ ဘီလီယံခန့်) ကျော်လွန်ခဲ့သည်။ အောက်တိုဘာလကုန်အထိ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းကဏ္ဍသည် စုစုပေါင်း ချေးငွေ၏ ၆.၁၅ ရာခိုင်နှုန်းရှိပြီး ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းမှာ ၁၂.၃၉ ရာခိုင်နှုန်း နှင့် ဆောက် လုပ်ရေးကဏ္ဍမှာ ၇.၄၇ ရာခိုင်နှုန်းရှိကြောင်း ဘဏ်၏ ဒုတိယအုပ်ချုပ်ရေးမှူး Pham Thanh Ha က ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

ဓာတ်ငွေ့ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် လက်ဘနွန်၏ လျှပ်စစ်ကဏ္ဍကို ကူညီရန် အီဂျစ်ကတိပြု

    အီဂျစ်နိုင်ငံသည် သဘာဝဓာတ်ငွေ့တွင် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် လက်ဘနွန်နိုင်ငံ၏ ရေရှည်လျှပ်စစ်ဓာတ်အားပြတ်လပ်မှုကို လျှော့ချရန် ကူညီပေးသွားမည်ဖြစ်ကြောင်း အလည်အပတ်ရောက်ရှိနေသော အီဂျစ်ရေနံနှင့် သတ္တုအရင်းအမြစ်ဝန်ကြီး Karim Badawi က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ "အီဂျစ်နိုင်ငံသည် လက်ဘနွန်နိုင်ငံ၏ စွမ်းအင် ဆိုင်ရာ ကိစ္စရပ်များကို အလွန်အလေးထားပါသည်" ဟု လက်ဘနွန်သမ္မတ ဂျိုးဇက်ဖ် အာအွန်နှင့် တွေ့ဆုံပြီးနောက် Badawi က ပြောကြားခဲ့ကြောင်း လက်ဘနွန်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီဂျစ်နိုင်ငံသည် သဘာဝဓာတ်ငွေ့ရှာဖွေရေး၊ ထုတ်လုပ်ခြင်းနှင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရန်အတွက် ထောက်ပံ့ခြင်းအပါအဝင် အခြားကိစ္စရပ်များတွင် ၎င်း၏ကျွမ်း ကျင်မှုမှတစ်ဆင့် လက်ဘနွန်နိုင်ငံအား ဖြစ်နိုင်သမျှ ပံ့ပိုးမှုအားလုံး ပေးရန် အသင့်ရှိနေကြောင်း ဘာဒါဝီက ပြောကြားခဲ့ပြီး ဤကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံဝန် ကြီးဌာနများအကြား ပူးတွဲ လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဖြည့်စွက်ပြော ကြားခဲ့သည်။ ၎င်းဘက်မှ Aoun က ယင်းလုပ်ဆောင်ချက်ကို ကြိုဆိုခဲ့ပြီး လျှပ်စစ်ဓာတ်အား အတွက် သဘာဝဓာတ်ငွေ့ဆိုင်ရာ နှစ်နိုင်ငံသဘောတူညီချက်တစ်ရပ်ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပြီး လက်ဘနွန်နိုင်ငံ အနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရိက္ခာခွဲ တမ်းချထားမှုကို လျှော့ချရန် လက်တွေ့ကျပြီး မရှိ မဖြစ်လိုအပ်သော ခြေလှမ်းတစ်ခုအဖြစ် ဖော် ပြခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ လက်ဘနွန်နိုင်ငံသည် လျှပ်စစ်ဓာတ်အား ပြတ်လပ်မှုဒဏ်ကို ကြာရှည်စွာ ခံစားခဲ့ရပြီး ပုဂ္ဂလိက ဂျင်နရေတာများအပေါ် များစွာ မှီခိုနေရ သည်။ အီဂျစ်နှင့် ပူးပေါင်းဆောင်ရွက်မှု သည် နိုင်ငံ၏ စွမ်းအင်ကဏ္ဍတည်ငြိမ်စေရန် အဓိကသော့ ချက်အဖြစ် ရှုမြင်ကြသည်။

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယား၏ RCEP နိုင်ငံများနှင့် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၃၆.၃၈ ဘီလီယံအထိ ရောက်ရှိခဲ့

   ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်အဖွဲ့ (RCEP) အဖွဲ့ဝင် နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၃၆.၃၈ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ထက် ၁၅.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် ထုတ်ပြန်သော တရားဝင်အစီရင်ခံစာတစ်စောင်၏ဖော်ပြချက်အရသိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ စုစည်းထားသော အစီရင်ခံစာအရ RCEP အဖွဲ့ဝင်နိုင်ငံများ သို့ တရုတ်နိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၈.၈၅ ဘီလီယံရှိပြီး ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဥရောပသမဂ္ဂမှ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၇.၅၃ ဘီလီယံ ရှိပြီး ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ RCEP သည် ကမ္ဘောဒီးယား၏ အဓိကဈေး ကွက် ဖြစ်ပြီး ဇန်နဝါရီလမှ နိုဝင်ဘာလအထိ အမေရိကန်ဒေါ်လာ ၅၉.၁၃ ဘီလီယံတန်ဖိုးရှိသော ကုန်သွယ်မှုပမာဏ၏ ၆၁.၅ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း အချက်အလက်များအရ သိရ သည်။ RCEP အောက်ရှိ ကမ္ဘောဒီးယား၏ ထိပ်တန်းကုန်သွယ်ဖက်ငါးနိုင်ငံမှာ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်နှင့် စင်ကာပူတို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်တွင် အသက်ဝင်ခဲ့သော RCEP တွင် အာရှ-ပစိဖိတ် ၁၅ နိုင်ငံပါဝင်ပြီး ၎င်းတို့တွင် ဘရူနိုင်း၊ ကမ္ဘောဒီး ယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်ပြီး ၎င်းတို့၏ ကုန်သွယ်ဖက် ငါးနိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေး လျနှင့် နယူးဇီလန်တို့ ပါဝင်သည်။ ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံ ခြားရေးဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ဖြစ်သော RCEP သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို မြှင့် တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ "RCEP သည် ၎င်း တို့၏ ရေရှည်ပို့ကုန်တိုးတက်မှုအတွက် မောင်းနှင်အားတစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံအား နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်စေကြောင်း ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့ သည်။ 

DOCA(ရန်ကုန်)

ခွဲခြမ်းစိတ်ဖြာမှုအရ အခွန်ကောက်ခံမှုများသည် အမေရိကန်သို့ ဂျာမနီ၏ ပို့ကုန်များကို သိသိသာသာ လျော့ကျစေကြောင်းပြသ

     အမေရိကန်၏ အခွန်ကောက်ခံမှုများသည် ဥရောပ၏ အကြီးဆုံးစီးပွားရေးအပေါ် ဖိအားပေးနေသောကြောင့် ၂၀၂၅ ခုနှစ်၏ ပထမသုံးလပတ်တွင် အမေရိကန်သို့ ဂျာမန်ပို့ကုန် များ ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး မော်တော်ကားတင်ပို့မှုမှာ ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော ဂျာမန်စီးပွားရေးအင်စတီကျု (IW) ၏ ခွဲခြမ်းစိတ် ဖြာမှုအရ သိရသည်။ အမေရိကန်သို့ ဂျာမန်ပို့ကုန်စုစုပေါင်းသည် ပထမကိုးလအတွင်း ယခင် နှစ်ထက် ၈ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး တည်ငြိမ်သော တိုးတက်မှုနှစ်များကို အဆုံးသတ် စေခဲ့သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပို့ကုန်များသည် နှစ်စဉ်ပျမ်းမျှ ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။ နောက်ဆုံးကိန်းဂဏန်းများအရ အမေရိကန်သို့ ဂျာမန်ပို့ကုန်များသည် ၂၀၂၂ ခုနှစ်ထက် နိမ့်ကျ နေသည်။ စီးပွားရေးကျဆင်းမှုသည် ဂျာမနီ၏ အဓိကစက်မှုကဏ္ဍများ တွင် အာရုံစိုက်ခဲ့သည်။ ကျဆင်းမှု၏ ၇၀ ရာခိုင်နှုန်းနီးပါးသည် မော်တော်ကား၊ ဓာတုဗေဒနှင့် စက်မှုအင်ဂျင်နီယာ လုပ် ငန်းများမှ လာကြောင်း IW က ဖော်ပြခဲ့သည်။ မော်တော်ကား တင်ပို့ မှုများ အများဆုံးကျဆင်း သွားသော်လည်း စက်မှုအင်ဂျင် နီယာနှင့် ဓာတုဗေဒတင်ပို့မှုများမှာ ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်း သွားခဲ့သည်။ လက်ရှိတွင် ၅၀ ရာခိုင်နှုန်းဖြင့် ကောက်ခံနေသော သံမဏိနှင့် အလူမီနီယမ်အပေါ် အမေရိကန်၏ မြင့်မားသော အခွန်ကောက်ခံမှုသည် စက်မှုအင်ဂျင်နီယာ ပို့ကုန်များ အားနည်း ရခြင်း၏ အဓိကအချက်ဖြစ်ကြောင်း အင်စတီကျုက ပြောကြားခဲ့သည်။ စွမ်းအင် ဈေးနှုန်းမြင့်မား မှုကြောင့် ဂျာမနီတွင် ထုတ်လုပ်မှု ကျဆင်းခြင်း အပါအဝင် ပြည်တွင်းအချက် များကြောင့်လည်း ဓာတုဗေဒပို့ကုန်များ ထိခိုက်ခဲ့ရသည်။ ထရမ့် ခေတ်က အခွန်ကောက်ခံမှု များကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းရန် မဖြစ်နိုင်သောကြောင့် ဂျာမနီနိုင်ငံသည် ၎င်း၏ ကုန်သွယ်ရေးဆက်ဆံရေး များကို ကွဲပြားစေရန် လိုအပ်ကြောင်း IW စီးပွားရေးပညာရှင် Samina Sultan က ပြောကြားခဲ့ သည်။ ဂျာမနီနိုင်ငံသည် ဥရောပသမဂ္ဂ အတွင်း ကုန်သွယ်ရေး အတားအဆီးများကို လျှော့ချ နေစဉ်တွင် တောင်အမေရိက၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံများရှိ ဈေးကွက်အသစ်များသို့ ချဲ့ထွင် သင့်ကြောင်း သူမကထပ်လောင်း ပြောကြားခဲ့သည်။ 

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ