Main menu

ပခုက္ကူမြို့၏ သံပုရာသီးဈေးနှုန်းဈေးကွက်

Powered by Drupal

     လူတို့သည် သံပုရာသီးကို နေ့စဉ်အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။ သံပုရာသီးကို ကျန်းမာရေးအရ အသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ သံပုရာ သီးကို ပခုက္ကူမြို့အနီးတစ်ဝိုက်ရှိ ကျွန်းဦး၊ ကျွန်းညို၊ ကံလှကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့ ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင် ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ သံပုရာပင် တစ်ပင်လျှင်ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၇၀-၉၀)အထိ ထွက်ရှိကြောင်း သိရပါသည်။ ပခုက္ကူ ဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရပါသည်။ ပခုက္ကူ ဈေးကွက်တွင်ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (ဒုတိယပတ်)တွင် ဆယ်လုံးလျှင် ကျပ်(၈၀၀)၊ တစ်လုံးလျှင် ကျပ်(၁၀၀)ဈေးဖြင့် ရောင်းချလျက် ရှိပါသည်။ သံပုရာသီးများကို ပခုက္ကူဈေးကွက်မှတစ်ဆင့် မြို့ပေါ်ရှိ စားသောက်ဆိုင်များနှင့် ကုန်စိမ်းဈေးကွက်များသို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်သည်ဝါတွင်းကာလဖြစ်၍ ဖျော်ရည်အဖြစ် သောက်သုံးမှုများခြင်းကြောင့် ပိုမိုအရောင်းအဝယ်သွက်ကြောင်း၊ သံပုရာပင် စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင်လွယ်ကူပြီး စိုက်ပျိုးစရိတ်လည်းသက်သာ၍ နှစ်ပတ်လည်ဝင်ငွေများရရှိလာသဖြင့် အပိုဝင်ငွေများလည်း ရရှိလာကြောင်း သိရှိရသည်။

DOCA(မကွေး)