Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပန်းတနော်မြို့နယ်မှ ထွက်ရှိရောင်းချနေသော ဗူးသီး ဈေးကွက် ကောင်းမွန်လျက်ရှိ

မအူပင်ခရို်င ပန်းတနော် မြို့နယ်တွင် ဗူးစိုက်ပျိုးသူများရှိပြီး မိုးတွင်ကာလတွင် ဗူးသီးများထွက်ရှိ၍ ဈေးကောင်းလျက်ရှိသည်။ ပန်းတနော်မြို့နယ်တွင် ဗူး စိုက်ဧက ၁၅၂ ဧက စိုက်ပျိုးကြောင်း သိရသည်။ ဗူးသည် စိုက်ပျိုးမှု ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေကောင်းမွန်သော သီးနှံဖြစ်၍ စိုက်ပျိုးသူများပြားသည်။ ဗူးများကို နှစ် တစ်ပတ်လည် စိုက်ပျိုးလျှက်ရှိပြီး ဗူးပင်သက်တမ်းထွက်ရှိမှု မှာ ၅လမှ ၇ လအထိ ထွက်ရှိသည်။ ဗူးစိုက်ပျိုးပါက ၂လခွဲအကြာတွင် အသီးထွက်ရှိသည်။ ၂၀၂၅ခုနှစ် ဇူလိုင်လ ထွက်ရှိသော ဗူးသီးများ ပန်းတနော် ဈေးကွက်တွင် ဈေးကောင်းရရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရပြီး ဗူးသီး ၁လုံးလျင် ၅၀၀၀ကျပ်ဖြင့် ရောင်း ချလျက်ရှိသည်။ ၂၀၂၅ခုနှစ် ဖေဖော်ဝ့ရီလများက ဗူးသီး ဈေးနှုန်းမှာ ၃၅၀၀-၄၀၀၀ကျပ်သာ ရှိပြီး ဇူလိုင်လတွင် ၁၀၀၀ကျပ် မြင့်တက်လာကြောင်း သိရသည်။ ဗူးသီးကို ဟင်းချက်ရန် ဝယ်ယူကြပြီး ၊ ဗူးသီးကျော်ရန် အကျော်သည်များကလည်း အဝယ်လိုက်လျက်ရှိကြောင်း သိရသည်။ ဗူးပင်စိုက်သူများ စီးပွာဖြစ်အဆင်ပြေလျက် ရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး မြို့နယ်တွင်းနှင့် ပန်းတနော် မြို့များရှိ ဗူးသီးကျော်သူများထံသို့လဲ တင်ပို့ရောင်းချရပြီး ဗူးပင်စိုက်ပျိုးမှု ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိ၍ နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

မအူပင် ဒေသထွက် သဘာဝ သီးနှံ ကြောင်လျှာသီး ဈေးနှုန်း ကောင်းလျက်ရှိ

ရာသီစာသီးနှံ ဖြစ်သည့် မအူပင်ဒေသထွက် ကြောင်လျှာသီးကို မအူပင်မြို့ အနီးတဝိုက် ကျေးရွာများမှ မအူပင်မြို့ပေါ်ဈေးများသို့လာရောက် ရောင်းချကြပါသည်။ ကျေးရွာနေပြည်သူများ၏ ခြံများတွင် သဘာဝအလျောက်ပေါက် ရောက်နေသော ကြောင်လျှာသီးကို အပိုဝင်ငွေရရှိရန်အတွက် ၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ ကြောင်လျှာပင်ဟာ အပင်လတ်အမျိုးအစားဖြစ်ပြီး ကြီးထွားနှုန်းမြန်ပါတယ်။ အပင်အမြင့်အနေနဲ့ကတော့ ၈ မီတာကနေ ၁၅ မီတာအထိမြင့်တတ်သည်။ ။ အခေါက်ထူကာ မီးခိုးစိမ်းရောင်ရှိပြီး အတွင်းသားအနေနဲ့တော့ အဝါရောင်ရှိသည်။ အသီးအနေနဲ့တော့ တွဲလျားကျပြီးသီးသော သီးတောင့်ရှည်အမျိုးအသားဖြစ်သည်။ အသီးပုံစံကပြားပြီး လက်တတောင်ကျော် လောက်ရှည်ကာ အမွှေးနုကလေးတွေရှိပါသည်။ ကြောင်လျှာပွင့်နဲ့ ကြောင်လျှာရွက်နုကို ရေနွေးနဲ့ ဖျောပြီးသုတ်စားလေ့ရှိသလို ငါးပိရည်နဲ့လည်း တို့စားလို့ရသည်။ ကြောင်လျှာသီးကိုတော့ မီးဖုတ်ပြီးဖြစ်စေ၊ ပြုတ်ပြီးဖြစ်စေ ငါးပိရည်နဲ့တို့စား၊ သုပ်စားကြသလို ကြော်စားတာ၊ အသားတစ်မျိုးမျိုးနဲ့ ရောချက်စားတာ လည်းရှိကြသည်။ မအူပင်ဈေးကွက်အတွင်းတွင် ကြောင်လျာသီး ၁တောင့်လျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ ကြောင်လျာသီး လက်ကားဈေးအနေဖြင့် ၁တောင့်လျင် ၇၀၀ကျပ်ဖြင့် ဝယ်ယူရပြီး အတောင့် ၃၀ မှာယူပြီးရောင်းချ၍ အတောင့် ၃၀ လျှင့် လက်ကားဈေး ၂၁၀၀၀ ကျပ်ဖြင့် ဝယ်ယူပြီး ရောင်းချရကြောင်း၊ အကျိုးအမြတ်ကျန်ရှိကြောင်း ဒေသတွင်းရောင်းချခြင်းမျိုးသာ ရှိပြီး ရန်ကုန် တင်ပို့ရောင်းချခြင်း မရှိကြောင်း ဒေသထွက် ကြောင်လျာသီး ၃၀၀-၅၀၀ လောက်ကို စုပေါင်းကောက်ယူ၍ အနည်းငယ်သာ တင်ပို့ပြီး စီးပွားဖြစ် တင်ပို့ခြင်းမရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။ DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် ရောင်းချနေသော ဂျင်း ဈေးနှုန်း အနည်းငယ်မြင့်တက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးမှ မှာယူ၍ ရောင်းချဖြန့်ဖြူးကြောင်း သိရသည်။ ပန်းတနော်မြို့နယ်တွင် ဂျင်းစိုက်ပျိုးမှု မရှိပဲ။ ရန်ကုန်ကုန်စည်ဒိုင်များမှ မှာယူ ရောင်းချကြသည်။ ဒေသတွင်းစားသုံးမှုလိုအပ်ချက်အရ ရှမ်းပြည်နယ်ထွက်၊ ချင်းပြည်နယ် စိုက်ပျိုးမှုများသော ဂျင်းများ အများဆုံး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဂျင်းသည် ဆေးဖက်ဝင်သီးနှံတစ်မျိုးဖြစ်၍ အိမ်တိုင်း မရှိမဖြစ် အသုံးပြုကြပါသည်။ ဟင်းချက်ရာတွင် အသုံးပြုခြင်း၊ ကျန်းမာရေးအရ အသုံးပြုခြင်း၊ ဆေးဖော်စပ်ရာတွင် အသုံးပြုခြင်းများလည်းရှိသည်။ ဂျင်းဈေးကွက်အနေဖြင့် ယခင်၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် ဂျင်း တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၄၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခု ဇူလိုင် ၂၀၂၅ခုနှစ် တွင် ဂျင်း တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးရှိကြောင်း၊ ယခင်နှစ်ဈေးထက် ပိုမို ဈေးမြင့်တက်လာကြောင်း ရန်ကုန်အထိုင်ဈေးက မြင့်တက်၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ပွင့်လင်းရာသီတွင် ဈေးနှုန်း ကျဆင်းနိုင်ပါကြောင်း ပန်းတနော် ဈေးကွက်မှ သိရသည်။ ဂျင်းများကို ရန်ကုန်မှ ပိဿာချိန် ၃၀ပါ တစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်ဖြင့် မှာယူရောင်းချကြောင်းနှင့် တစ်ခါ မှာယူပါက ၁၀အိတ်မှာယူရောင်းချကြောင်း မှာယူသော အိတ်များကို ၁လအတွင်းရောင်းချရကြောင်း ပန်းတနော် အခြေခံစားသောက်ကုန် ဂျင်းရောင်းချသူထံမှ သိရသည်။ DOCA(ဧရာဝတီ)

မအူပင် ဈေးကွက်အတွင်း ရောင်းချနေသော အားလူးဈေးနှုန်း၊ ဈေးကွက်

မအူပင်မြို့ သို့ ရန်ကုန်ဈေးကွက်မှ အခြေခံစားသောက်ကုန်ဖြစ်သည့် အာလူးများ မှာယူရောင်းချလျက်ရှိပြီး မအူပင်ဈေးကွက်တွင် ရောင်းချပေးလျက်ရှိသည်။ ရန်ကုန် ဘုရင့်နောင်မှ ဝင်ရောက်လာသည့် အာလူးများကို စားသုံးသူများက စားသုံးရန် ဝယ်ယူကြသလို၊ မုန့်လုပ်ငန်းထုတ်လုပ်ရန်အတွက်လည်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။ မအူပင်မြို့နယ်တွင် အားလူး ဈေးနှုန်းဈေးကွက် လက်လီဈေးနှုန်းအနေဖြင့် အလုံးလတ် ၁-ပိဿာ ၃၅၀၀ ကျပ်၊ အလုံးကြီး ၁ ပိဿာ ၄၀၀၀ ကျပ်ဈေးဖြင့်ရောင်းချလျက်ရှိသည်။ အားလူး ၁အိတ်လျှင် အချိန် ၅၀ ပါဝင်ပြီး ရန်ကုန်ဘုရင့်နောင်မှ အလုံးကြီး ၁အိတ်လျှင် ၁၇၀၀၀၀ ကျပ်၊ အလုံးလတ် ၁အိတ်လျှင် ၁၅၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရောင်းချရပြီး ၁လ လျှင် အားလူး အကြီး ၇အိတ်၊ အလတ် ၅အိတ် ရောင်းချရကြောင်း အားလူးရောင်းချသည့် ကုန်သည်ထံမှ သိရသည်။ DOCA(ဧရာဝတီ)

ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီဈေးကွက်

မန္တလေးဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်ဘက်မှလာသော ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများအပြင် ပြင်ဦးလွင်ဒေသထွက် ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီများ အနည်းငယ်သာဝင်ရောက်လျှက်ရှိပါသည်။ ဆောင်းရာသီ စာများဖြစ်သော မုံညင်း၊ ကိုက်လန်၊ ဆလပ်ရွက် တို့နှင့်အတူ ထွက်ပေါ်လာခြင်းဖြစ်ပြီး ယခုအခါ မိုးရာသီဖြစ်၍ ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများ အနည်းငယ်သာ ဝင်ရောက်ခဲ့ခြင်းကြောင့် ဈေးနှုန်းများ တက်လျှက်ရှိပါသည်။ ဒီဇင်ဘာလဆန်းပိုင်း တွင်ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီများ အကြီးတစ်ပွင့်လျှင်(၁၅၀၀/၂၀၀၀)ကျပ်၊ အသေးတစ်ပွင့် လျှင်(၁၀၀၀/၁၅၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ရှိခဲ့ရာမှ ဖေဖော်ဝါရီ ဒုတိယအပတ်တွင် ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီအကြီးတစ်ပွင့် လျှင်(၁၀၀၀/၁၅၀၀)၊ အသေးတစ်ပွင့်လျှင်(၇၀၀/၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်း ဝယ်လျှက်ရှိခဲ့ရာမှ ယခု ဇူလိုင်လဆန်းပိုင်တွင် ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီအကြီးတစ်ပွင့်လျှင် (၂၀၀၀/၂၅၀၀)ကျက်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရသည်။ စတင်ထွက်ပေါ်ချိန်နှင့် ယခုအချိန်နှိုင်းယှဉ်ကြည့်ပါက ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီဈေးနှုန်းများ သိသိသာသာ ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ DOCA(မန္တလေး)

ကြက်သွန်နီဈေး အကျဈေးဖြင့် ဈေးငြိမ်

ကြက်သွန်နီကို မန္တလေးတိုင်းအတွင်း၌ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင် ၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ရမည်းသင်း စသည့် ဒေသများတွင် အများဆုံး စိုက်ပျိုးကြသည်။ ကြက်သွန်နီကို မိုးကြက်သွန်၊ ဆောင်းကြက်သွန်အဖြစ် နှစ်ရာသီစိုက်ပျိုးကြ ကြက်သွန်နီမျိုးမှာ မြင်းခြံမျိုး(ဥရှည်)မျိုးနှင့် မြစ်သားမျိုး(ရွှေဖလားမျိုး)ဟူ၍ ရှိကြသည်။ မြင်းခြံဥမျိုးသည် ဥရှည်ပြီး အခွံထူကာ အသားကြမ်းသည်။ ကျောက်ဆည်၊ မြစ်သားမျိုး (ရွှေဖလား)ကြက်သွန်ဥသည် ဥဝိုင်းမျိုးဖြစ်ပြီး အခွံပါး၍ အသားနုသည်။ ယခုအခါ ဈေးကွက် အတွင်း၌ ဆောင်းကြက်သွန်နီများ လှိုင်လှိုင်ဝင်ရောက် လျှက်ရှိပြီး ကြက်သွန်နီဈေးနှုန်းများ ဆက်လက်ကျဆင်းလျှက်ရှိပါသည်။ မေလဆန်းပိုင်းတွင် မြစ်သားကြက်သွန်နီ(ရွှေဖလား)မျိုး တစ်ပိဿာ လျှင် ၁၅၀၀/၂၀၀၀ ကျပ်၊ မြင်းခြံဥ တစ်ပိဿာလျှင် ၁၂၀၀/၁၅၀၀ ကျပ် စသည်ဖြင့် ရောင်းချလျှက် ရှိသည်။ ဇွန်လအတွင်း၌လည်း ၎င်းဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိပြီး ယခုဇူလိုင်လဆန်းပိုင်းအထိလည်း ၎င်းဈေးနှုန်းအတိုင်း ဈေးနှုန်းတည်ငြိမ်စွာဖြင့် ရောင်းချလျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ DOCA(မန္တလေး)

ခရမ်းချဉ်သီးဈေး တရိပ်ရိပ်ပြန်တက်

မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျှက်ရှိပါသည်။ ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ အများဆုံးဝင်ရောက်လျှက်ရှိသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုး များကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဈေးကွက် အတွင်း၌ ခရမ်းချဉ်သီးဈေးများ မြင့်တက်လျှက်ရှိပါသည်။ မတ်လဆန်းပိုင်း၌ ခရမ်းချဉ်သီး ဈေးနှုန်းများ သိသိသာသာကျဆင်းခဲ့ပြီး ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်) အင်းသီးတစ်ပိဿာလျှင် (၁၂၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၈၀၀/၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိခဲ့ ပါသည်။ မေလဆန်းပိုင်းတွင် ရောင်းချသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဈေးနှုန်းပြန်လည်မြင့်တက်ခဲ့ပါသည်။ ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးရှမ်းသီး (ခေါ်)အင်းသီး တစ်ပိဿာလျှင်(၂၀၀၀/၃၀၀၀)ကျပ်၊ ထိုင်ဝမ် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၂၀၀၀/၂၅၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခုဇူလိုင်လဆန်းပိုင်းတွင် ခရမ်းချဉ်သီးဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ပြီး ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်) အင်းသီးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၅၀၀)ကျပ် ခရမ်းချဉ်သီးဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိ ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ DOCA(မန္တလေး)

နှမ်းစျေးနှုန်းစျေးကွက်

ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၉၆၂၃၈၃ ဧက၊ရိတ်သိမ်းမှု ၈၈၉၄၂၈ ဧက၊အထွက်နှုန်း ၄.၄၆ တင်းနှင့် အထွက်စုစုပေါင်း ၃၉၆၂၈၆၉ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထွက်ရှိသည့်မြေပဲ၊ နှမ်းနှင့်နေကြာသီးနှံများအား စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့် စားဆီ တင်သွင်းမှု လျော့ချနိုင်ရန်အတွက် နိုင်ငံတော်မှတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါ သည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လ ဒုတိယပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ(ဂျပန်) ၃၇၀၀၀၀ ကျပ်နှင့် ၄၀၀၀၀၀ကျပ်၊ နှမ်းဖြူ(ဗမာ)၃၀၀၀၀ဝ ကျပ်နှင့် ၃၁၀၀၀ဝ ကျပ်၊ပန်းနှမ်း ၃၀၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ(ဂျပန်) ၈၂၂၂ ကျပ်နှင့် ၈၈၈၉ ကျပ်၊ နှမ်းဖြူ (ဗမာ)၆၆၆၇ ကျပ်နှင့် ၆၈၈၉ ကျပ်၊ ပန်းနှမ်း ၆၆၆၇ ကျပ်စျေးတို့ဖြစ် ပေါ်လျက် ရှိကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၈၆၆၇ ကျပ်နှင့် ၈၉၅၆ ကျပ်၊နှမ်းဖြူ(ရိုးရိုး) ၈၀၀၀ ကျပ်နှင့် ၈၂၂၂ ကျပ်၊နှမ်းညို ၆၈၂၂ကျပ်နှင့် ၇၁၁၁ ကျပ်၊ ပန်းနှမ်း ၄၄၄၄ ကျပ်နှင့်၄၅၅၆ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေး နှိုင်းယှဉ်ပါက နှမ်းစျေး မှာ အနည်းငယ်လျော့နည်းသွားကြောင်း သိရပါသည်။ DOCA(မန္တလေး)

စျေးကောင်းရသည့် ဆီနေကြာ

နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသကဲ့ သို့ နေကြာစေ့များအား လှော်၍ သရေစာအဖြစ်စားသုံးလျက်ရှိပြီး စျေးကောင်းရသည့်အမယ် ဖြစ်ကြောင်း သိရပါသည်။ နေကြာသီးနှံအား မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုး လျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မိုးနေကြာစိုက်ပျိုးမှု ၄၁၇၄၉ ဧက၊ ရိတ်သိမ်းမှု၃၀၂၅၃ ဧက၊အထွက် ၂၃.၈၅တင်းနှုန်းနှင့်အထွက် ၇၂၁၄၃၉တင်းဖြစ်ကြောင်းသိရပါသည်။နေကြာဆီသည် ကျန်းမာရေး အရ စားသင့်သည့်မပြည့်ဝ ဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင် များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက် ရှိသည့် ဆီနေကြာသီးနှံပေါက်စျေးမှာ ၃တင်းဝင် (၂၇ ပိဿာပါ) တစ်အိတ်လျှင် ၁၉၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၇၂၂၂ ကျပ်၊ နေကြာဖတ်တစ် ပိဿာလျှင် ၂၁၀ဝ ကျပ်နှင့် ၂၂၀ဝ ကျပ်ဖြစ်ပြီး ယခင်နှစ် ကာလတူ ပေါက်စျေးမှာ ၃တင်း တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်နှင့် ၁၄၅၀၀၀ကျပ်၊ တစ် ပိဿာလျှင် ၅၁၈၅ကျပ်နှင့်၅၃၇၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ဆီနေကြာယခုနှစ် နှင့် ယခင်နှစ် ပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် ၁၈၅၂ ကျပ်စျေးပိုမိုရရှိကြောင်း သိရပါသည်။ DOCA(မန္တလေး)

စားတော်ပဲစျေးကွက်အရောင်းသွက်

စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊ မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊မတ္တရာနှင့် မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်းသိ ရပါ သည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျင် စားတော်ပဲ (ကနေဒါ) ၄၄၀၀၀၀ကျပ်နှင့်၄၅၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၅၂၀၀၀၀ ကျပ်နှင့်၅၃၀၀၀၀ကျပ်၊တစ်ပိဿာ လျှင် စားတော်ပဲ (ကနေဒါ) ၇၄၂၆ ကျပ်နှင့် ၇၅၉၅ ကျပ်၊ စားတော်ပဲ (ကျွန်း) ၈၇၇၆ကျပ် နှင့် ၈၉၄၅ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စေျးမှာစားတော်ပဲ (ကနေဒါ)၆၂၄၅ ကျပ်၊စားတော်ပဲ(ကျွန်း) ၄၅၅၇ ကျပ်နှင့် ၄၈၁၀ ကျပ်ဖြစ်ပြီး၊ယခု နှင့် ယခင်နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် စားတော်ပဲ (ကနေဒါ) ၁၃၅၀ ကျပ်နှင့် စားတော်ပဲ (ကျွန်း)၄၁၃၅ ကျပ်တို့စျေးပိုမိုရရှိကြောင်း သိရပါသည်။ DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း