
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ နာနတ်သီးကို ဗန်းမော်မြို့ရှိ နာနတ်သီးခြံများမှ မှာယူရောင်းချကြောင်းသိရှိရပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)မှစတင်၍ ထွက်ပေါ် လျက်ရှိရာ ဇူလိုင်လ(တတိယပတ်)တွင် လှိုင်လှိုင်ထွက်ရှိပြီး ဈေးအတွင်းသို့ ဝင်ရောက်မှုများလျက် ရှိကြောင်းသိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် ဖြစ်ပေါ်နေသော နာနတ်သီးဈေးနှုန်းမှာ (အလုံးကြီး) (၁)လုံးလျှင် ကျပ်(၂၅၀၀)၊ အလုံးသေး(၁)လုံးလျှင် ကျပ်(၂၀၀၀)ဖြင့် ရောင်းချပြီး (ဒုတိယပတ်)တွင် (အလုံးကြီး) (၁)လုံးလျှင် ကျပ်(၃၅၀၀)၊ အလုံးသေး (၁)လုံးလျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။ ယခုအချိန်တွင် ဗန်းမော်မြို့မှ နာနတ်သီးအထွက်နှုန်းများလျက်ရှိပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုများပြားလာသော ကြောင့် ဈေးနှုန်းများမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)