Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်တုန်းမြို့နယ်အတွင်း ရောင်းချနေသော ဘိလပ်မြေ ဈေးနှုန်းအခြေအနေများနှင့် ဆိမ်ဆောက်ပစ္စည်း ဈေးနှုန်း အခြေအနေ

ညောင်တုန်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းချသူများရှိပြီး အိမ်ဆောက်ပစ္စည်းများကို ရန်ကုန် လက်ကားဒိုင်ကြီးများမှ မှာယူ၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသတွင်း ဈေးနှုန်းဈေး ကွက်အခြေအနေများကို ကွင်းဆင်းဈေးကွက်ကောက်ယူလျက်ရှိပြီး ဇူလိုင်လ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးနှင့် ဘိလပ်မြေ ဈေးနှုန်း အခြေအနေများ အနည်းငယ်မြှင့်တက်လျက်ရှိကြောင်း သိရသည်။ ရောင်းချသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းများမှာ ၂၀၂၅ခုနှစ် ဇူလိုင်လ ၂ရက်နေ့ ဘိလပ်မြေ ကြံနှစ်ကောင်၁အိတ် (၂၄၅၀၀)ကျပ် ၊ ဘိလပ်မြေ အပါချီ ၁အိတ် ၂၄၀၀၀ ကျပ်၊ ရန်ကုန် စက်အုတ် ၉ပေါက် ခဲ ၃၅၀ကျပ်၊ ၃ပံလုံး သံချောင်း ၁တန် ၃၂၅၀၀၀၀ကျပ်၊ သုံးမူးလုံး သံချောင်း ၁တန် ၂၁၀၀၀၀၀ကျပ်၊ ၅မူးလုံး သံချောင်း ၁တန် ၂၀၇၀၀၀၀ကျပ်၊ ၆မူးလုံး သံချောင်း ၁တန် ၂၀၃၀၀၀၀ကျပ်၊ Export များဖြစ်ပြီး၊ သဲတစ်ကျင်း ၂၄၀၀၀ကျပ်၊ မြန်အောင် ကျောက်စလစ် ၁ကျင်း ၁၀၅၀၀၀ကျပ်၊ မိချောင်းရဲ ကျောက်စလစ် ၁ကျင်း ၁၂၀၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ယခင်လ ဈေးနှုန်း နှိုင်းယှဉ်ပါက ဘိလပ်မြေကြံနှစ်ကောင် (၈၅၀၀)ကျပ်မြင့်တက်၊ ၃ပဲလုံး သံချောင်း (၅၀၀၀၀)ကျပ် မြင့်တက်၊ ၅မူးလုံး သံချောင်း (၅၀၀၀၀)ကျပ်မြင့်တက်၊ ၆မူးလုံ သံချောင်း (၅၀၀၀၀)ကျပ်မြင့်တက်၊ လျက်ရှိကြောင်း တွေ့ရှိရပြီး ကျန်သော ကုန်စည်များ ကုန်ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

သစ်ရာမြိုင်ဈေးတွင် တည်ငြိမ်လျက်ရှိသော အသားမျိုးစုံဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသားအမျိုးမျိုး ဖြစ်သော ဝက်သား၊ ကြက်သား နှင့် အမဲသား တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ(နောက်ဆုံးပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော အသားအမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဝက်သား(အသားရှယ်)တစ်ပိဿာ(၃၂၀၀၀)ကျပ်၊ ဝက်သား ပေါင်ထူးရှယ် တစ်ပိဿာ(၃၀၀၀၀)ကျပ်၊ ဝက်သား နံကိုင်းသား(၂၈၀၀၀)ကျပ်၊ ဝက်(မေးဖျားနှင့် နားရွက်) တစ်ပိဿာ(၂၅၀၀၀)ကျပ်၊ ဝက်သားဝမ်းတွင်းကလီစာ တစ်ပိဿာ(၂၀၀၀၀)ကျပ်၊ ဝက်သား အရိုးကြမ်း တစ်ပိဿာ(၁၀၀၀၀)ကျပ်နှင့် ဝက်သွေခဲ တစ်ပိဿာ (၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း၊ ကြက်သားဈေးနှုန်းအနေဖြင့် မွေးမြူရေးကြက်သားဈေးနှုန်း လက်လီဈေး(၂၅၀၀၀)ကျပ်၊ လက္ကားဈေး(၂၃၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး (၃၅၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်လီဈေး(၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် လည်းကောင်း အမဲသား ဈေးနှုန်း အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲသား) လက္ကားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ အမဲသားရှယ်(တစ်တုံးထဲသား) လက်လီ တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊အမဲသားရိုးရိုး(အသားပြွန်း)လက္ကားဈေး တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ် ၊အမဲသားရိုးရိုး(အသားပြွန်း)လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် အမဲပုဆိုးကြမ်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် အမဲရိုး တစ်ပိဿာ(၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ(နောက်ဆုံးပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဂေါ်ရခါးသီး တစ်လုံးလျှင်(၅၀၀/၇၀၀)ကျပ်၊ မုံလာထုတ် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၃၅၀၀)ကျပ်၊ ခါကြက်ဥ(တရုတ် )တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ချဉ်ပေါင်းရွက် တစ်ပိဿာ(၁၅၀၀)ကျပ်၊ ကန်ဇွန်းရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ ရွှေဖရုံသီး တစ်လုံးလျှင်(၂၀၀၀/၃၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၂၀၀၀/၂၅၀၀)ကျပ် ကင်းမုံသီး တစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ ပဲလင်းမြွေသီး တစ်တောင့်လျှင် (၇၀၀/ ၈၀၀/၅၀၀)ကျပ်၊ ရွှေပဲသီး တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ် မုံညှင်းထုတ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည် (၅)တောင့်ပါ တစ်စည်းလျှင်(၄၀၀)ကျပ်၊ မျှစ်စိမ်း တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ငရုပ်သီးစိမ်း တစ်ပိဿာ လျှင်(၃၅၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည် လျှင်(၁၀၀၀၀)ကျပ် နှင့် ဘိုစားပဲသီး တစ်ပိဿာ လျှင်(၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။ DOCA(စစ်ကိုင်း)

မအူပင်ဒေသထွက် ခဝဲသီးဈေးကွက် ဈေးကောင်းရရှိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် လေးအိမ်စုကျေးရွာ၌ ခဝဲစိုက် တောင်သူများရှိသဖြင့် ခဝဲသီးနှံကို နှစ်စဉ်စိုက်ပျိုးကြသည်။ ၂၀၂၅ခုနှစ် ဇွန်လ၊ ဇူလိုင်လတွင် ထွက်ရှိသော ခဝဲသီး သီးနှံများဈေးကောင်းချက်ရှိသည်။ ခဝဲသီး သီးနှံဈေးကွက်အနေဖြင့် ၁တောင်လျှင် ၈၀၀-၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းလျက်ရှိသည်။ စိုက်ပျိုးသူတောင်သူများလဲ အကျိုးအမြတ်ရရှိသလို၊ ကုန်စိမ်းရောင်းချသူများလည်း အကျိုးအမြတ်ကျန်ရှိကြောင်း ရောင်းချသူထံမှ သိရသည်။ စိုက်ပျိုးထွက်ရှိသော ခဝဲသီးကို ရန်ကုန်သို့ တင်ပို့ရောင်းချသလို မအူပင်မြို့နယ်၊ ကျိတ်လတ်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဖျာပုံ၊ မော်ကျွန်းသို့လဲ တင်ပို့ရောင်းချသည်။ ခဲဝဲသီး အတောင့် ၁၀၀လျှင် ငွေကျပ် ၆၀၀၀၀ကျပ် ဖြင့် လက်ကားဝယ်ယူရပြီး ပြန်လည်ရောင်းချပါက အကျိုးအမြတ် ၄၀၀၀၀ကျပ် နီးပါး ကျန်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။ DOCA(ဧရာဝတီ)

သစ်ရာမြိုင်ဈေးတွင် တည်ငြိမ်လျက်ရှိသော ငါးမျိုးစုံဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသားအမျိုးမျိုး ဖြစ်သော ဝက်သား၊ ကြက်သား နှင့် အမဲသား တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ(နောက်ဆုံးပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ငါးအမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပြီး ငါးပေါက်စဈေးနှုန်းများ အနေဖြင့် ငါးပေါက်စ(ခေါင်းဖြတ် ချေးဖောက်ပြီး) လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း ငါးရံ့ ဈေးနှုန်း များအနေဖြင့် ငါးရံ့ (အကြီး)လက္ကားဈေး တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ငါးရံ့ အကြီး လက်လီဈေး တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ငါးရံ့(အ‌သေး)လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငါးရံ့(အသေး)လက်လီ တစ်ပိဿာ လျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့် လည်းကောင်း၊ ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း (အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင် ကို(၇၀)ကျပ်သားအထက် လက္ကား တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးချောင်း(အကြီး)ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက်လီ တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ငါးချောင်း (အလတ်) နှင့်(အသေး)လက္ကားတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငါးချောင်း(အလတ်)နှင့် (အသေး)လက်လီ တစ်ပိဿာ လျှင်(၁၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ဈေးနှုန်း အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။ DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ပန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း(ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များ၊ ခရေပန်း၊ စံပါယ်ပန်း၊ စကားဖြူပန်း၊ စကားဝါပန်းနှင့် အာစီယံသပြေ တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ(နောက်ဆုံးပတ်)တွင် သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းဖြင့် ခရေပန်း တစ်ကုံးလျှင်(၂၅၀)ကျပ်၊ ဇွန်ပန်း တစ်ကုံးလျှင်(၃၀၀)ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ်၊ စကားဖြူပန်း (၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း (၃)ကုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ (၃)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊ နှင်းပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း ဈေးနှုန်းအနေဖြင့် ဂန္ဓမာ (အပွင့်ကြီး)တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်း (၃)ခက်လျှင် (၁၀၀၀)ကျပ် ဂန္ဓာမာ ပန်း(အပွင့်သေး)တစ်စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊ သပြေပန်းဈေးနှုန်း အနေဖြင့် သပြေပန်းအငုတ်(အသေး၊အကြီး) အရွယ်အစားအလိုက် (၂၅၀၀/၃၀၀၀/၄၀၀၀/၅၀၀၀)ကျပ်၊ နှင်းဆီပန်း ဈေးနှုန်းအနေဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင် (၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်) တစ်ပွင့်လျှင်(၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး) တစ်ပွင့် လျှင်(၄၀၀)ကျပ်၊ အောင်သပြေ အခက် တစ်စီးလျှင်(၁၅၀၀)ကျပ် နှင့် အာစီယံသပြေ အခက် တစ်စီးလျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။ DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် မြင့်တက်လျက်ရှိသော ရုံးပတီသီး နှင့် သံပုရာသီးဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်း အတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချ လျက်ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၏ ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေး နှုန်းတို့ဖြင့်လည်းကောင်း သံပုရာသီး ဈေးနှုန်းအနေဖြင့် သံပုရာသီး အလုံးအကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး အကြီး(၁)လုံးလျှင်(၂၅၀)ကျပ်၊ (၅၀၀)ဖိုး(၂)လုံး၊ အလတ်(၁)လုံးလျှင် (၂၀၀)ကျပ် (၅၀၀)ဖိုး(၃)လုံး နှင့် အသေးတစ်လုံးလျှင်(၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံ မျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော မြေပဲလုံးဆံဈေးနှုန်း

ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် မြေပဲလုံးဆံများကို ဒေသတွင်း ထွက်ရှိသည် များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မြေပဲလုံးဆံ ဈေးနှုန်း အနေဖြင့် မြေပဲလုံးဆံ တစ်ပြည့်လျှင်(၁၁၀၀၀)ကျပ်၊ မြေပဲလုံးဆံ နို့ဆီဘူး(၄)ဘူးလျှင်(၅၅၀၀)ကျပ်နှင့် ကုလားပဲဆံ နို့ဆီ(၁)ဘူးလျှင်(၁၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်း

ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင်နှမ်းပျစ်ယို များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မြေပဲယို ဈေးနှုန်းအနေဖြင့် မြေပဲယို တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် (၁၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချ နေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဖားသွယ်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများ ပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/ငါး ဈေးနှုန်း ကဲ့သို့ မြင့်တက် လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ဖားသွယ် ဈေးနှုန်းများ အနေဖြင့် ဖားသွယ် လက္ကားဈေး တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ဖားသွယ် လက်လီဈေး တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဖားရောင်းချသူထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း