Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်တွင် မြေပဲဆံဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေ

   ပြည်ဈေးကွက်တွင် ယခု၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မြေပဲဆံဈေးနှုန်းများတည်ငြိမ်လျက်ရှိပါသည်။ ဆောင်းမြေပဲများစိုက်ပျိုးချိန်ဖြစ်၍ ဝင်ရောက်မှုနည်းသွားသော်လည်း တစ်နေ့လျှင် (၁၅) ပိဿာဝင် အိတ် (၂၀၀/၃၀၀) ခန့်အဝင်ရှိပြီး မြို့တွင်းဆီစက်သမားများနှင့် နယ်ဝယ်လက်များအဝယ်ရှိ၍ တစ်နေ့လျှင် (၁၅) ပိဿာဝင် အိတ်၃၀၀ခန့် ဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲဆံဈေးနှုန်းများမှာ ယခုနိုဝင်ဘာလ ပထမပတ်တွင် ဆီကြိတ်မြေပဲဆံ (အဖြူ) တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ (အနီ) တစ်ပိဿာလျှင် ၅၂၀၀ကျပ်နှင့် လုံးဆံ (အဖြူ) တစ်ပိဿာလျင် ၅၈၀၀ကျပ်၊ လုံးဆံ (အနီ) တစ်ပိဿာလျှင် ၅၈၀၀ကျပ်ဖြင့် ယခင်အောက်တိုဘာလ လကုန်ပတ်အတိုင်း ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်မှာ နေ့စဉ် ပုံမှန်ဖြစ်လျက်ရှိပါသည်။ မြေပဲဆီဈေးနှုန်းမှာလည်း တစ်ပိဿာလျှင် ၁၃၅၀၀ကျပ်ဖြင့် ပြည်မြို့ရှိ ဈေးများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကံမမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန် လက်လီဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မဈေး၌ ကြက်သွန်နီများ အခြားစားဖိုဆောင်သီးနှံများကို သရက်မြို့နှင့် ပြည်မြို့မှ ဝယ်ယူရောင်းချကြကြောင်း သိရှိရသည်။

   ကံမမြို့၊ မြို့မစည်ပင်ဈေးအတွင်း (၃-၁၁-၂၀၂၃)ရက်နေ့မှ(၉-၁၁-၂၀၂၃)ရက်နေ့ထိ ရောင်း ချလျက်ရှိသော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး တစ်ပြည်လျှင် ကျပ် (၅၅၀၀)၊ ဧည့်မထ/မှော်ဘီ တစ်ပြည်လျှင် ကျပ်(၃၅၀၀)၊ ငစိန်/ရိုးနီ တစ်ပြည်လျှင် ကျပ်(၄၈၀၀)၊ ပဲဆီ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ Meizan တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ Lotus တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကုလားပဲ တစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ အာလူး တစ်ပိဿာလျှင် ကျပ်(၃၂၀၀)၊ ဆား တစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ကြက်ဥ  တစ်လုံးလျှင် ကျပ်(၂၅၀)၊ ကြက်သား(CP)  တစ်ပိဿာလျှင် ကျပ် (၈၀၀၀)၊ ဝက်သား တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ ဘဲဥ တစ်လုံးလျှင် ကျပ်(၃၅၀)ဈေးဖြင့် အသီးသီးရောင်းချလျက်ရှိပြီး ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ အာလူးစသည့် ကုန်ပစ္စည်းခြောက်များကို ပြည်ခရိုင်မှဝယ်ယူရကြောင်း ဈေးရောင်းချသူ ဒေါ်သန်းထွေးထံမှ သိရပါသည်။

DOCA(မကွေး)

 

               

ပြည်မတ်ပဲသီးနှံဈေးမြင့်တက်ကာ ရက်ခြားသာ ရောင်းဝယ်မှုဖြစ်နေ

  ပြည်ပဲမျိုးစုံဈေးကွက်၌ မတ်ပဲသီးနှံဈေးနှုန်းမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလဆန်းရက်တွင် မြင့်တက်လာခဲ့သောကြောင့် ပိဿာ (၂၀) ဝင် တစ်တင်းလျှင် ၉၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ကြပါသည်။ တချို့သိုလှောင်သမားများက ထုတ်ရောင်းချကြပြီး မျိုးပဲဝယ်လက်တချို့ကလည်း ဝယ်ယူလာကြပြီဖြစ်ပါသည်။ ပဲဈေးကျပ် ၈သောင်းကျော်ကတည်းက လှောင်လက်များ၊ တောင်သူများအနေဖြင့် ရောင်းချနေသောကြောင့် ယခုအခါတွင်မူ လှောင်ပဲအနည်းငယ်ဖြစ်သည့် မျိုးပဲများသာ လက်ကျန်ရှိနေခဲ့ကြပါသည်။ ထို့ကြောင့် ပဲဈေးနှုန်းမြင့်တက်လာသော်လည်း ဈေးကွက်၌ နေ့စဉ် ရောင်းဝယ်မှုမဖြစ်ခဲ့ဘဲ ရက်ခြားသာရောင်းဝယ်မှုဖြစ်ကြပါသည်။ ယခင်နှစ်၊ နိုဝင်ဘာလပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၆) သောင်းကျော်သာရရှိခဲ့သည့်အတွက် ယခုနှစ်ဈေးနှုန်းမှာ ယခင်နှစ်ထက် ဈေးသိသိသာသာပိုရနေပြီး ပဲဈေးကွက်မှာလည်း ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများထက်ပင် ဈေးပိုရလျက်ရှိနေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ကျန်ပြည်ပဲတီစိမ်းသီးနှံအနည်းငယ်ဖြင့်သာ ရောင်းဝယ်မှုဖြစ်

   ပြည်ဈေးကွက်တွင် ပဲလက်ကျန်အနည်းငယ်ဖြင့်သာ ရောင်းဝယ်နေသောပဲတီစိမ်းသီးနှံမှာ နေ့စဉ်ရောင်းဝယ်မှုမဖြစ်တော့ဘဲ တစ်ခါတစ်ရံသာ ရောင်းဝယ်မှုဖြစ်သည်ဟုသိရပါသည်။ မိုးပဲတီစိမ်းများမှာ ဇူလိုင်လ၊ ဩဂုတ်လများတွင် အထွက်လှိုင်ချိန်ဖြစ်သောကြောင့် ဈေးကွက်အတွင်း ပဲအဝင်များပြီး အရောင်းအဝယ်သွက်ခဲ့သော်လည်း စက်တင်ဘာလမှစ၍ ပဲအဝင်ပါးသွားခဲ့ကာ အရောင်းအဝယ်လည်းအေးသွားခဲ့ပါသည်။ ပဲတီစိမ်းသီးနှံသည် မတ်ပဲသီးနှံကဲ့သို့ တစ်နှစ်တာလုံး ဈေးကွက်ရောင်းဝယ်နေကြသည့်သီးနှံမဟုတ်ဘဲ ပဲထွက်ပေါ်ချိန်ကာလများတွင်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ အောက်တိုဘာလ လယ်လောက်တွင် ဆောင်းပဲသစ်များ ဈေးကွက်သို့ဝင်ရောက်လာနိုင်ပြီး ယခုကာလတွင်မူ လက်ကျန်မိုးပဲတီစိမ်းအနည်းငယ်သာရောင်းဝယ်နေကြကာ တစ်တင်းလျှင် ၅၇၀၀၀ကျပ်ဖြင့် အခြားပဲများထက် ဈေးလျော့နည်းခဲ့သည့်အတွက် ယခုနှစ်ပဲဈေးကွက်၌ ပဲတီစိမ်းသီးနှံမှာ ဈေးကောင်းမရဘဲ ဈေးအေးခဲ့ကြောင်းသိရပါသည်။ ပဲတီစိမ်းသီးနှံကို ရန်ကုန်ဝယ်လက်ထက် မန္တလေးဝယ်လက်များက အဝယ်ပိုများကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ပဲကြီးသီးနှံများ ဈေးကောင်းရနေကာ နေ့စဉ် အရောင်းအဝယ်ဖြစ်

     ပြည်ပဲမျိုးစုံဈေးကွက်မှာ ဈေးအမြင့်ဖြင့် လက်လီ/လက်ကားရောင်းဝယ်နေကြသောပဲသီးနှံမှာ ပဲကြီးသီးနှံဖြစ်ခဲ့ပါသည်။ ပဲကြီးသီးနှံသည်ဒေသတွင်း ပဲကြော်ဖိုသမားများ အဓိကဝယ်ယူမှုရှိကြသောကြောင့် နေ့စဉ် ပုံမှန်ရောင်းဝယ်နေကြကြောင်းသိရှိရပါသည်။ ပဲကြီးသီးနှံမှာ ကမ်းနားပဲနှင့် ရွှေကျွန်းပဲဆိုပြီး (၂)မျိုးရှိရာ ရွှေကျွန်းပဲအမျိုးအစားမှာ ပို၍အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ပဲဈေးနှုန်းအနေဖြင့် (ရွှေကျွန်း)တစ်တင်းလျှင် ၁၁၈၀၀၀ကျပ်၊ ကမ်းနား တစ်တင်းလျှင် ၁၀၇၀၀ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြကာ ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက်ပင် ဈေးပိုရလျက်ရှိသည့်အပြင် ယခင်နှစ်၊ နိုဝင်ဘာလဆန်းရက်တွင် ရရှိခဲ့သောဈေးနှုန်းထက်လည်း ဈေးပိုရနေခဲ့ကြောင်းသိရပါသည်။ ယခင်နှစ်၊ နိုဝင်ဘာလအတွင်း ပဲကြီးသီးနှံဈေးမှာ တစ်တင်းလျှင် ၇၁၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်အထိတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြသည်ဟုသိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်၏ နှမ်းသီးနှံဈေးနှုန်း/ ဈေးကွက်အခြေအနေ

     ပြည်ခရိုင်၏ နှမ်းသီးနှံဈေးကွက်၏ ဈေးနှုန်းများမှာ ၂၀၂၁ခုနှစ်တွင် နှမ်းဈေးမှာ တစ်တင်းလျှင် ၃၀၀၀၀ကျပ်မှ ၆၀၀၀၀ကျပ်အထိတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၂ခုနှစ်တွင် နှမ်းဈေးများမြင့်တက်လာခဲ့ကာ တစ်တင်းလျှင် ၈၀၀၀၀ကျပ်ခန့်မှ ၁၀၀၀၀၀ကျပ်ခန့်အထိ ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။ ထိုသို့ဈေးနှုန်းမြင့်တက်လာရခြင်းမှာ စိုက်ဧကလျော့နည်းသွားသောကြောင့် အထွက်နှုန်းများလည်းလျော့နည်းသွားပြီး ဝယ်လိုအားကောင်းလာသည့်အတွက် နှမ်းဈေးများ မြင့်တက်လာရခြင်းဖြစ်သည်ဟု ခန့်မှန်းရပါသည်။ ယခု၂၀၂၃ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် နှမ်းဈေးများအနေဖြင့် နှမ်းနီတစ်တင်းလျှင် ၇၃၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၈၆၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၈၈၀၀၀ကျပ်ဖြင့် ဈေးစတင်ဖွင့်ခဲ့ပါသည်။ ဖေဖော်ဝါရီလတွင် နှမ်းနီတစ်တင်းလျှင် ၈၃၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၉၃၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်အထိ ဈေးများမြင့်တက်လာခဲ့ပါသည်။ နွေနှမ်းများစိုက်ပျိုးချိန်ဖြစ်သဖြင့် ဈေးကွက်အတွင်း နှမ်းလက်ကျန်ရှားလာပြီး ရန်ကုန်၊ မန္တလေးဝယ်လက်များက အဝယ်ရှိသောကြောင့် ဈေးမြင့်တက်လာခဲ့ပါသည်။ မတ်လနှင့် ဧပြီလတွင် နွေနှမ်းများ ဈေးကွက်ရောက်ချိန်ဖြစ်သော်လည်း ဈေးငြိမ်နေခဲ့ပါသည်။ မေလ၊ ဇွန်လနှင့် ဇူလိုင်လတွင် မိုးနှမ်းများစိုက်ပျိုးနေချိန်ဖြစ်၍ နှမ်းနီတစ်တင်းလျှင် ၈၈၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၉၆၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၀၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် နှမ်းနီတစ်တင်းလျှင် ၁၀၆၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၁၆၀၀၀ကျပ်ဖြင့် မိုးနှမ်းပေါ်စအချိန်တွင် နယ်ဝယ်လက်နှင့် မန္တလေးဝယ်လက်များအဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ အောက်တိုဘာလ တတိယပတ်တွင် နှမ်းနီတစ်တင်းလျှင် ၁၀၁၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၉၅၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၀၆၀၀၀ကျပ်ဖြင့်ရောင်းချပြီး ယခုနိုဝင်ဘာလ ပထမပတ်တွင် နှမ်းနီတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၉၃၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၀၆၀၀၀ကျပ်ဖြင့် မန္တလေးနှင့် အောင်လံဝယ်လက်များက ဝယ်ယူမှုရှိသဖြင့် တစ်နေ့လျှင် (၃)တင်းဝင် အိတ်(၃၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါသည်။

    ၂၀၂၃ခုနှစ်တွင် နှမ်းစိုက်ဧကနည်းသွားသော်လည်း အထွက်နှုန်းကောင်း၍ ဈေးကောင်းရသောကြောင့် နှမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိသောအချိန်ဖြစ်ပါသည်။ အထွက်နှုန်းကောင်းမွန်သည့်နှမ်းမျိုးကောင်းများကို ရွေးချယ်၍စိုက်ပျိုးမည်ဆိုပါက ပြည်တွင်းတွင် စားသုံးဆီဖူလုံမည့်အပြင် နှမ်းဆီကို အဆင့်မြှင့်တင်ပြီး နိုင်ငံခြားသို့တင်ပို့မည်ဆိုပါက နိုင်ငံခြားဝင်ငွေလည်းရရှိလာနိုင်မည်ဖြစ်ပါသည်။ ဆီစက်များအနေဖြင့်လည်း စားသုံးဆီကိုအဆင့်မြှင့်တင်၍ ထုတ်လုပ်လာနိုင်ပါက အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာနိုင်မည်လည်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

အထက်မင်းလှမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးဈေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen(၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၇၅၀)၊ Civit အလုံး(၁၀)ပါ တစ်ကတ်လျှင် ကျပ် (၃၀၀)၊ Paracetamol (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၃၀၀)၊ Biogesic(၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၁၂၀၀)၊ Amoxicillin (500)ဂရမ် (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၀၀၀)၊ Enervon-C (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၄၀၀၀)၊ Bermeton အလုံး(၁၀)ပါ တစ်ကတ်လျှင် ကျပ်(၁၅၀)၊ Cetrine (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၂၅၀)၊ ဓါတ်ဆား MPF တစ်ထုတ်လျှင် ကျပ်(၃၅၀)၊ သီးစုံ ဓါတ်ဆား Royal-D တစ်ထုတ်လျှင် ကျပ်(၃၀၀)၊ Oramin-G (၅)လုံးပါ တစ်ကတ်လျှင် ကျပ်(၃၆၀၀)၊ Becozinc (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၄၄၀၀)၊ Vitahome (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၉၀၀)၊ SaRa(၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၂၀၀)၊ Solmux (၄)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၂၀၀)၊ Woods’ တစ်ဘူးလျှင် ကျပ်(၉၀၀၀)၊ Mexagrip (၆)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၃၀၀)၊ Zinc (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၆၀၀) ဈေးနှုန်းအသီးသီးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။

   ယခုအချိန်အခါသည် မိုးအကုန်ဆောင်းအကူး ရာသီအကူးအပြောင်းကာလဖြစ်သောကြောင့် တုပ်ကွေးအဖြစ်များပြီးဖျားနာကြသဖြင့် အိမ်သုံးဆေးဝါးများ အဓိကဝယ်ယူလျက်ရှိကြောင်း ဆေးနှင့် ဆေးပစ္စည်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့ ၌ ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံ အထက်မင်းလှမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်ရှိရာ နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 (၁)လီတာလျှင် ကျပ်(၂၁၃၅)၊ 95 (၁)လီတာလျှင် ကျပ်(၂၂၃၅)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၂၂၇၅)၊ ပရီမီယမ် ဒီဇယ် တစ်လီတာလျှင် ကျပ်(၂၃၉၀)ဈေးနှုန်းများဖြင့်‌ ရောင်းချခဲ့ပြီး (ဒုတိယပတ်)တွင် 92 (၁)လီတာ လျှင် ကျပ်(၂၂၁၀)၊ 95 (၁)လီတာလျှင် ကျပ်(၂၃၃၀)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၂၂၂၀)၊ ပရီမီ ယမ်ဒီဇယ် တစ်လီတာလျှင် ကျပ်(၂၃၂၅)ဖြစ်၍ နိုဝင်ဘာလ(ပထမပတ်)နှင့် နှိုင်းယှဉ်လျှင် (ဒုတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၇၅)၊ 95 တစ်လီတာလျှင် ကျပ်(၉၅)ဈေးနှုန်းမြင့်ခဲ့ပြီး ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ကျပ်(၅၅)၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ကျပ်(၆၅)ဖြင့် ဈေးနှုန်း လျော့ကျလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

ပြည်ပဲနီပြားသီးနှံမှာ ဈေးကောင်းရလျက် ဆက်လက်ရောင်းဝယ်မှုဖြစ်နေ

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလဆန်းရက်တွင် ပြည်ပဲဈေးကွက်၌ ဒေသတွင်းဝယ်လက်သမားများဖြင့် လက်လီသာရောင်းဝယ်နေသော ပဲသီးနှံမှာ ပဲနီပြားသီးနှံဖြစ်ခဲ့ပြီး တစ်ရက်လျှင် ပိဿာ (၂၀) ဝင် အိတ် (၂၀/၃၀) ကျော်ရောင်းဝယ်မှုဖြစ်ခဲ့သည်ဟုသိရပါသည်။ ပဲဈေးမှာ ဈေးအမြင့်ဖြင့် ဆက်လက်ရောင်းဝယ်နေသည့် အတွက် ပိဿာ၂၀ဝင် တစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ကြပါသည်။ ယခုနှစ်အတွင်း ထောပတ်ပဲ၊ ပဲနီပြားသီးနှံများမှာ ပြည်ပဝယ်လိုအားများသော ပဲများထက်ပင် ဈေးကောင်းရနေခဲ့သော်လည်း အဆိုပါပဲများကဲ့သို့ ပဲအဝင်၊ အထွက်များပြီး ပြည်ခရိုင်အတွင်း စိုက်ပျိုးထွက်ရှိမှုလည်းနည်းခဲ့ကြသည်ဟုသိရပါသည်။ ပဲနီပြားသီးနှံမှာ ယခင်နှစ်တွင် ပိဿာ(၂၀)ဝင် တစ်တင်းလျှင် ၅၃၀၀၀ကျပ်သာရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ယခင်နှစ်ဈေးထက် ထက်ဝက်နီးပါး ဈေးထပ်မံမြင့်တက်ခဲ့သောကြောင့် ပဲဈေးကွက်အတွင်း ဈေးကောင်းဝင်သီးနှံအမျိုးအစားတစ်ခုဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ နိုဝင်ဘာလ(ဒုတိယပတ်)တွင်ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြို့အနီးရှိ ကျေးရွာများမှ ထွက်ရှိသောဟင်းသီးဟင်းရွက်များအပါအဝင် မိကျောင်းရဲမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့မှ ကုန်စည်များကိုမှာယူ၍ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ပေါ်ဆန်း(ရွှေဘို) တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ ဧရာပဒေသာ တစ်အိတ်လျှင် ကျပ်(၇၄၀၀၀)၊ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပဲဆီ (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ မျှင်ငပိ (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငရုတ်သီးခြောက်(ရှည်)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငရုတ်သီး(အကြမ်းမှုန့်)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငရုတ်သီး(အရောင်တင်မှုန့်) (၁)ပိဿာလျှင် ကျပ်(၃၀၀၀၀)၊  ချင်းတက် (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀ - ၉၀၀၀၀)၊ အိမ်သုံးဆား (၁)ပိဿာလျှင် ကျပ်(၁၁၀၀)၊ သကြား (၁)ပိဿာလျှင် ကျပ်(၄၄၀၀)၊ ထန်းလျက် (၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ ငရုတ်သီးစိမ်း(ကျောက်စိမ်းသီး) (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၈၀၀)၊ ခရမ်းသီး (၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ ပဲသီး (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ နံနံပင်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၃၄၀၀)၊ ပိန်းဥ (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ မုန်လာဥနီ (၁)ပိဿာလျှင် ကျပ် (၆၀၀၀)၊ မုန်ညှင်း (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ရုံးပတီသီး (၁၀)တောင့်လျှင် ကျပ်(၃၀၀)၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် ကျပ်(၁၅၀၀-၁၈၀၀)၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၁၈၀၀)၊ ချဉ်‌ပေါင်ရွက် (၁)စည်းလျှင် ကျပ်(၅၀)၊ ကန်စွန်းရွက် (၁)စည်းလျှင် ကျပ်(၅၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၃၀၀)၊ ပြောင်းဖူး(ရိုးရိုး) (၁)ဖူးလျှင် ကျပ်(၃၀၀)၊ ကန်စွန်းဥ (၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ မြေပဲ (၁) ပြည်လျှင် ကျပ်(၁၀၀၀၀)၊ ကုလားပဲ (၁)ပြည်လျှင် ကျပ်(၁၀၀၀၀)၊ မောင်မခေါ်ပဲ (၁)ပြည်လျှင် ကျပ်(၁၃၀၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁) ပိဿာလျှင် ကျပ်(၁၆၀၀၀-၂၀၀၀၀)၊ မြစ်ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကြက်ဥ (၁၀)လုံးလျှင် ကျပ်(၂၃၀၀-၂၅၀၀)၊ ဘဲဥ (၁၀)လုံးလျှင် ကျပ်(၄၀၀၀)၊ ငုံးဥ (၁၀)လုံးလျှင် ကျပ်(၆၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း