Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၈၁)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်(၈၁)ရက်မြောက်နေ့အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

           ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်(၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၁၅.၇.၂၀၂၅ ရက်နေ့တွင် ဆန် (၂၄) ပြည်၊ ဆီ (၅၀)ပိဿာ၊ ဆား(၅)ပိဿာ၊ ကုလားပဲ(၁၀)ဘူး၊ ငါးပိ(၂)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၇၀)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၇) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး  ယနေ့အထိ ရောင်းချမှုများမှာ ဆန်(၁၀၅၆၉)ပြည်၊ ဆီ (၈၇၁၈) ပိဿာ ၊ ဆား(၂၆၇) ပိဿာ၊ ကုလားပဲ(၉၀၉)ဘူး၊ ငါးပိ(၁၂၁)ပိဿာ၊ ငါးခြောက် (၇၄)ပိဿာ၊ ပုဇွန်ခြောက်(၂၃)ပိဿာ (၁၀) ကျပ်သား၊ ကြက်သွန်နီ (၈၈၂) ပိဿာ၊ အသားတု( ၉၇) ပိဿာ၊ ကြက်ဥ (၉၈၂၆) လုံး၊ ဘဲဥ (၁၄၈၉)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။

         ယနေ့ရောင်းချရာတွင်ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့်စစ်ကိုင်းမြို့ရှိ ရွှေမင်းတံ ရပ်ကွက်တွင်  သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ငါးဖယ်ဈေးနှုန်းဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံ များ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးအမျိုးမျိုးကိုလည်း‌ ရောင်းချလျက်ရှိရာ ငါးဖယ်မှာလည်း အပါအဝင်ဖြစ်ပါသည်။ ငါးဖယ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက် လျက်ရှိပြီး ငါးဖယ်ကို  အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍လည်း ငါးဖယ်ခြစ်အ ဖြစ်ရောင်းချလျက်ရှိကြောင်း၊ငါးဖယ်ခြစ်မှာ  အရိုးမပါသဖြင့် ချက်ပြုတ်သူအိမ်ရှင်မများအတွက် လွယ်ကူကောင်းမွန်သော ငါးတစ်မျိုးဖြစ်သည်။  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း  ရောင်းချလျက်ရှိသော ငါးဖယ်အကောင်လိုက် ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက် (၁)ပိသာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဖယ်အကောင်လိုက် (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ ငါးဖယ်အကောင်လိုက်(၂၅)ကျပ်သားလျှင် (၅၀၀၀) ကျပ်နှင့် ငါးဖယ်ခြစ်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ငါးဖယ်ခြစ် (၅၀)ကျပ်သားလျှင် (၁၇၅၀၀)ကျပ်၊ ငါးဖယ်ခြစ်(၁၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငရုပ်သီးစိမ်း ဈေးနှုန်း

          ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင် သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီးနှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုပ်သီးစိမ်းများဖြစ်သည့် မိုးထော်ငရုပ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုပ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။

        ၂၀၂ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း၏ ဈေးနှုန်း/ ဈေးကွက်အနေဖြင့် မိုးထော်ငရုပ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၈၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ကုလားအော်  ငရုပ်သီးစိမ်း တစ်ပြည်လျှင် (၁၀၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၃၀၀)ကျပ်နှင့် ကုလားအော် ငရုပ်သီးစိမ်း တစ်ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဖြင့် နှိုင်းယှည်ကြည့်မည်ဆိုပါက မိုးထော်ငရုပ် ကျောက်စိမ်းသီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ခရမ်းကြွပ်သီးနှင့်သခွားသီးဈေးနှုန်းဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

   ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ခရမ်းကြွပ် သီးနှင့်သခွားသီးများကို စိုက်ပျိုးကြကြောင်း၊ ခရမ်းကြွပ်သီးနှင့် သခွားသီးများကို ကန့်ဘလူမြို့မ ဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ခရမ်းကြွပ်သီး(၁)ပိဿာ လျှင်(၃၈၀၀)ကျပ်၊ ခရမ်းကြွပ်သီး(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် သခွားသီး အကြီး(၁)လုံးလျှင် (၈၀၀)ကျပ်၊ သခွားသီးအလတ်(၁)လုံးလျှင် (၅၀၀)ကျပ်၊ သခွားသီးအသေး(၁)လုံးလျှင် (၃၀၀)ကျပ် ဖြင့်ရောင်းချကြောင်း၊ ခရမ်းကြွပ်သီးနှင့် သခွားသီးကို ငပိရည်နဲ့တွဲဖက်၍ အတို့အမြှုပ်အဖြစ်စားသုံး ကြကြောင်း၊ ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိပါကြောင်းနှင့် မန်ကျည်းပင်များကို အခြားသီးပင်များကဲ့သို့ ခြံဖွဲ့၍စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ပြီး မန်ကျည်းပင်သည် အေးမြသော အရိပ်ကိုပေးသည့်အပြင်  အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက်အသုံးဝင်ခြင်း၊ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် မန်ကျည်းသီး စိမ်းများကို ကန့်ဘလူမြို့မဈေးတွင်လာရောက် ရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း မန်ကျည်းသီးစိမ်း တစ်ပြည်လျှင် (၆၀၀၀)ကျပ်၊ မန်ကျည်းသီးစိမ်း(၁)ဘူးလျှင် (၈၀၀)ကျပ်နှင့် မန်ကျည်းသီးစိမ်း (၁)ပုံလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချ ကြောင်း၊ ရာသီစာတစ်ခုဖြစ်သည့် မန်ကျည်းသီးစိမ်းအား  အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်း ကောင်း၊ ထမင်းဆိုင်များတွင်လည်း အသုံးပြုကြသဖြင့်အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မ ဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လူနှင့်တည့်သော ဟင်းကြွက်နားတောင်းရွက်နှင့် ငရံ့ပလူရွက် ဈေးနှုန်း

        ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များအပြင် အခြားဒေသမှ ဝင်ရောက် သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ မိမိတို့ဒေသထွက် တောအစားအစာဖြစ်သည့်  ဟင်းကြွက်နားတောင်းရွက်ပြုတ်နှင့် ငရံ့ပလူရွက်ပြုတ်တို့ကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

           ဟင်းကြွက်နားတောင်းရွက်နှင့် ငရံ့ပလူရွက်တို့သည် ရာသီပေါ်သီးနှံဖြစ်ပြီး မြန်မာထမင်းဝိုင်းများတွင် ထမင်းမြိန်စေသည့် အရွက်တစ်မျိုးလဲဖြစ်ပါသည်။ ဟင်းကြွက်နားတောင်းရွက်နှင့် ငရံ့ပလူရွက်တို့ကို ငပိဆီချက်၊ မြေပဲဆံထောင်းတို့ဖြင့် သုပ်၍သော်လည်းကောင်း ငပိရည်ဖြင့်တို့စား၍သော်လည်းကောင်း စားသုံးရာတွင် လူကြိုက်များသည့် အရွက်တစ်မျိုးဖြစ်ပါသည်။

             ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသည့်  ဟင်းကြွက်နားတောင်းရွက် ဈေးနှုန်းမှာ ဟင်းကြွက်နားတောင်းရွက်ပြုတ်() ပိဿာလျှင် (၄၅၀၀)ကျပ် ၊(၁၀)ကျပ်သား (၁)လုံးလျှင်(၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့်လည်းကောင်း ငရံ့ပလူရွက် ဈေးနှုန်းမှာ ငရံ့ပလူရွက် တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ (၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဂန္ဓမာပန်းနှင့် သပြေပန်း ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည် ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေအခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ဂန္ဓမာပန်း ဈေးနှုန်းဖြင့် ဂန္ဓမာပန်း အပွင့်ကြီး (၅)ခက်ပါ တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဖြူ)(၅)ခက်ပါ တစ်စီးလျှင် (၁၃၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဝါ၊ ခရမ်း၊ ညို့)(၅ပန်း)ခက်ပါ တစ်စီးလျှင်(၁၂၀၀)ကျပ် ဂန္ဓမာပန်း အပွင့်အသေး (အဖြူ) (၅)ခက်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း သပြေပန်းအခက် တစ်စည်းလျှင် (၁၅၀၀)ကျပ်၊ သပြေပန်း အငုတ်ကြီး()ငုတ်လျှင်(၄၀၀၀/ ၅၀၀၀) ကျပ်နှင့် သပြေပန်း အငုတ်သေး () ငုတ်လျှင်(၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော အုန်းသီးဈေးနှုန်း

  ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြ ရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ အုန်းသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုး များနှင့် တောင်ယာများ ထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး အုန်းသီးများကို ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများနှင့် မိမိတို့ကျေးရွာများ တွင်  ရောင်းချလျက်ရှိ ကြောင်းသိရသည်။  

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ အုန်းသီး ဈေးနှုန်းများမှာ နတ်ကန်တော့ရန် အုန်းသီးစိမ်း တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ အုန်းသီးအရင့် အလုံး အကြီး အသေးပေါ် မူတည်၍ တစ်လုံးလျှင်(၃၅၀၀ မှ ၅၀၀၀)အထိ ဈေးနှုန်းအသီးသီတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ အုန်းသီး  ရောင်းချနေသောဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော အမဲသားဈေးနှုန်းအနည်းငယ်မြင့်တက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိကြောင်း သိရသည်။ 

  အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကားရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊  ဇူလိုင်လ တတိယပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲသား) လက္ကားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသားရှယ် (တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း)လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အမဲသား အတိုအစ တစ်ပိဿာ(၆၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အမဲအူ တစ် ပိဿာလျှင်(၅၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းအမဲသားသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၅၀၀)ကျပ်၊  ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

 စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၇၅၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၇၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။ကြက်သွန်နီ တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၄၀၀၀ကျပ် မှ ၁၆၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ကုလားပဲ တစ်ပိဿာ ၈၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

   ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၅၀ကျပ်၊ (သေး) တစ်လုံး ၄၈၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၆၀၀)ကျပ်၊ (သေး)တစ်လုံး (၅၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၃၆၀၀၀ကျပ်မှ ၄၄၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်ထိ၊ဆိတ်သား တစ်ပိဿာလျှင် ၃၆၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်ထိ၊ ငါးမုတ် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၅၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ၌ စိုက်ပျိုးရောင်းချသည့် ကောက်ရိုးမှိုဈေးနှုန်း

          ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် တစ်ပိုင်တစ်နိုင် အနေဖြင့်  နှစ်စဉ် ကောက်ရိုးမှိုပျိုးရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ ကောက်ရိုးမှိုသည် ပျိုးမှို ဖြစ်သည့်အတွက် ရာသီမရွေး စိုက်ပျိုးရောင်းချ နိုင်သည့်အတွက် ရည်ရှည်တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်ရင်းဝင်ငွေရရှိနေကြပါသည်။ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ကောက်ရိုးပျိုးထုတ်များ၊ ဂျပ်စက္ကူများနှင့်နွားချေး၊ ကောက်ရိုးတို့ကို အသုံးပြုပြီး စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

            ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှို ဈေးနှုန်းအနေဖြင့် ကောက်ရိုးမှို လက္ကား တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ကောက်ရိုးမှို လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ကောက်ရိုးမှို(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့်ကောက်ရိုးမှို (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ကောက်ရိုးမှို (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချပြီး ‌မိမိတို့ကျေးရွာအတွင်းနှင့် ရွေလုပ်ငန်းရှိရာနေရာသို့ သွားရောက်ရောင်းချသော ဈေးသည်များထံသို့ ဖောက်သည်ပေးသွင်း ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း