Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၁.၇.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၂၁.၇.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၇၁၀၀၀) ကား (၉၅) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၄၅၀၀၀) ကား (၂၃) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၄၆၆၅၀)  ကား (၃၁) စီး ဝင်ရောက်ကြောင်း သိရှိ ရပါသည်။

DOCA (ရန်ကုန်)

မြိတ်ခရိုင်၏ ငါးမုန့်စျေးနှုန်းစျေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ပင်လယ်ဝန်းရံလျက်ရှိသောဒေသဖြစ်သည့်အတွက် ပင်လယ်ထွက်ကုန်များဖြင့် ကျော်ကြားလျက်ရှိပါသည်။ ပင်လယ်ပြင်မှ ဖမ်းဆီရမိသောငါးများကို ငါးမုန့်အဖြစ်လည်း စီးပွားအဖြစ်ထုတ်လုပ် တင်ပို့ရောင်းချလျက်ရှိပါသည်။ တစ်နိုင်တစ်ပိုင်ပြုလုပ်ကြသလို ပြည်တွင်းဖြန့်ဖြူးရောင်းချရန်အတွက်လည်း ပြုလုပ်လျက်ရှိပါသည်။ ငါးမုန့်များပြုလုပ်ရာတွင် ငါး  ကွမ်းရှပ်နှင့် ပလာတူးငါးတို့ကိုအဓိကထားအသုံးပြုလျက်ရှိသည်။ ငါးကွမ်းရှပ် ငါးမုန့်သည် အခြား ငါးမုန့်များထက် အရသာမိုပို‌ကောင်းမွန်သောကြောင့် လူကြိုက်များလျက်ရှိသည်။

      ငါးကွန်းရှပ် ငါးမုန့် တစ်ပိဿာလျှင်(၆၅၀၀၀)ခန့်ကျပ်ရှိပြီး၊ ငါးကျပ်သားလျှင် (၃၅၀၀)ခန့် ကျပ်နှင့် တစ်ဆယ်ကျပ်သားလျှင် (၆၅၀၀)ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပလာတူး ငါးမုန့် တစ်ပိဿာကို  (၂၀၀၀၀)ကျပ် ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

၂၁.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

          ၂၁.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ အောင်ပန်းထူး-၂ ကျပ် ၄၃၀၀ ၊  အောင်ပန်းထူး-၃ ကျပ် ၅၇၀၀အောင်ပန်းထူး-၄ ကျပ် ၆၃၀၀အောင်ပန်းထူး-၅ ကျပ် ၆၅၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၆၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၅၀၀ ၊  ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၃၅၀၊ ဆိပ်ဖြူ(သစ်) လတ် ချော ကျပ် ၈၅၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၅၅၀/၁၆၀၀ ၊ မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၄၅၀/၁၅၀၀၊ မုံရွာ လတ်သန့် ကျပ် ၁၂၅၀/၁၃၅၀၊  မုံရွာ လတ်ချော ကျပ် ၇၅၀/၈၅၀ ၊ မြင်းခြံ (သစ်) ရှယ် ကျပ် ၁၂၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၁၀၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၉၀၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၆၀၀၊ မင်းဘူး(သစ်) ရှယ် ကျပ် ၁၈၅၀၊ မြင်းဘူးလတ်ကြီး ကျပ် ၁၈၅၀၊ မင်းဘူးလတ်သန့် ကျပ် ၁၆၅၀၊ မင်းဘူးလတ်ချော ကျပ် ၁၂၀၀ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ အာလူးတစ်ပိဿာဈေးနှုန်းများမှာ အောင်ပန်းအေဝမ်း ကျပ် ၄၃၀၀၊ အောင်ပန်း အိုအေ ကျပ် ၄၄၀၀၊ အောင်ပန်းအက်စ်ဝမ်း ကျပ် ၄၅၀၀၊ တရုတ်အာလူး ကျပ် ၅၀၀၀/၅၂၀၀ ရှိကြောင်းသိရှိရပါသည်။ အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀ ဈေးနှုန်းကျဆင်းပြီး ကြက်သွန်နီ မြင်းခြံမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀ ဈေးနှုန်းကျဆင်းကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ကော့သောင်းမြို့ပေါ်ရှိ ကြက်သွန်ဖြူ စျေးနှုန်း/စျေးကွက်

      ကော့သောင်းမြို့တွင် မီးဖိုချောင်သုံးသီးနှံဖြစ်သည့် ကြက်သွန်ဖြူကို နေရာအနှံ့အပြားတွင် ရောင်းချကြပါသည်။ ကော့သောင်းမြို့ဈေးကွက်အတွင်း အပတ်စဉ်ဝင်ရောက်လျက်ရှိပြီး ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများ၊ မြို့နယ်များမှတစ်ဆင့် ပြန်လည်ရောင်းချသူများ ပုံမှန်ရောင်းဝယ်နေကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ် ယခင်ဇွန်လတွင် ကော့သောင်းမြို့နယ်ရှိ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင်(၁၃၀၀၀ိ/-)ကျပ်ရှိပြီး၊ ကြက်သွန်ဖြူ(ကြူကုတ်)(၁၃၀၀၀ိ/-)ကျပ်ရှိပြီး ယခု ဇူလိုင်လ တွင် ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၁၂၀၀၀ိ/-)ကျပ်ရှိပြီး ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၂၀၀၀ိ/-)ကျပ်ရှိပြီး ယခင်လနှင့် စျေးနှုန်းနှိုင်းယှဉ်ပါက စျေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

၂၁.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

       ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင် ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၂၁.၇.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(သစ်) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ မြှားနီ(သစ်) အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံး ဈေး ကျပ် ၈၀၀၀ မှ အနိမ့်ဆုံး ကျပ် ၇၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၈၅၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ မြစ်ဝ (ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၀၀၀ တို့အသီး သီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ငြုပ်သီးဈေးနှုန်းမှာ ယခင်ရက်သတ္တပတ်နှင့် ယခုရက်သတ္တပတ်တွင် ဈေးနှုန်းပြောင်းလဲမှု မရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

၁.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

       ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင် ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၂၁.၇.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(သစ်) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ မြှားနီ(သစ်) အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံး ဈေး ကျပ် ၈၀၀၀ မှ အနိမ့်ဆုံး ကျပ် ၇၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၈၅၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ မြစ်ဝ (ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၀၀၀ တို့အသီး သီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ငြုပ်သီးဈေးနှုန်းမှာ ယခင်ရက်သတ္တပတ်နှင့် ယခုရက်သတ္တပတ်တွင် ဈေးနှုန်းပြောင်းလဲမှု မရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ခရမ်းချဉ်သီး စျေးနှုန်း/စျေးကွက်

     တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းခရိုင်တွင် နှစ်ရှည်အပင်ကို အများဆုံး စိုက်ပျိုး လျက်ရှိပြီး ရာသီပေါ်သီးနှံများကို ကျေးရွာများအချို့တွင် စိုက်ပျိူးလျက်ရှိရာ ခရမ်းချဉ်သီးများကို ရာသီမရွေး တစ်နိုင် တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ခရမ်းချဉ်သီးသည် လူကြိုက်များသောသီးနှံတစ်မျိုး လည်းဖြစ်ပါသည်။

    ခရမ်းချဉ်သီးကို စိုက်ခင်းများမှ ကော့သောင်းမြို့ပေါ်ရှိ စည်ပင်သာယာစျေးကြီးများအတွင်းသို့ သွားရောက်၍ ရောင်းချကြပြီး ဇွန်လနှင့် ဇူလိုင်လ စျေးနှုန်းနှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၅၀၀၀-၅၂၀၀)ကျပ်ရှိပြီး အနည်းငယ်မြှင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

 ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဇူလိုင်လ (၁၅) ရက်နေ့ မှ ဇူလိုင်လ (၂၁) ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော ပုပ္ပါးမှ ဩဇာသီး ဂျပ်ဖာ ကျပ် ၁၈၀၀၀၊ မန္တလေးမှ သင်္ဘောသီး တစ်လုံး ကျပ် ၃၀၀၀/၆၀၀၀၊ သီပေါ မှ နာနတ်သီးတစ်လုံး ကျပ် ၁၅၀၀/၁၈၀၀/၂၀၀၀၊ ပုပ္ပါး မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၂၀၀၀၀၊   မော်လမြိုင်မှ ကြက်မောက်သီး ၁၀ လုံး ကျပ် ၁၅၀၀/၂၀၀၀၊ ရေး မှ ဒူးရင်းသီး တစ်လုံး ကျပ် ၁၅၀၀၀/၂၀၀၀၀/၃၅၀၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး ကျပ် ၄၀၀၀/၆၀၀၀/၇၀၀၀၊ ရပ်စောက် မှ မင်းဂွတ်သီး ၁၀ လုံး ကျပ် ၂၀၀၀၊  ယိုးဒယား လိမ္မော်သီး တစ်လုံး  ကျပ် ၁၀၀၀/၁၅၀၀၊ ဝမ်းတွင်း မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၃၅၀၀/၄၀၀၀/၅၀၀၀၊  တိုက်ကြီးမှ မာလာကာ သီး အိတ်တစ်အိတ် ၆၀၀၀၀ ကျပ်ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၆၀၀၀၀/၁၈၀၀၀၀၊  ရှမ်းပြည်နယ် မှ သရက်သီး (ရင်ကွဲ) တစ်သေတ္တာ ကျပ်  ၄၀၀၀၀/၅၀၀၀၀၊ ရှမ်းပြည်နယ် မှ ပတ္တမြားငမောက် တစ်သေတ္တာ ကျပ် ၂၀၀၀၀၊ ရပ်စောက် မှ သရက်သီး (စိန်တစ်လုံး) တစ်သေတ္တာ  ကျပ် ၆၅၀၀၀ ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း  သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA (ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

         ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၈.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၁၅၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၇၂၂ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၇၂၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၈၇၀၂၃ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၁၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၈၂၀ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၃၄၅၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၄၂၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၂၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၃၆၉၄နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၅၈၃၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၁၅၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၉၆၀၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၁၄၀ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၅၇၀ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          ယခင်နေ့များထက် ၁၈.၇.၂၀၂၅ ရက်နေ့တွင် ဆန်အမျိုးအစားအလိုက်ဝင်ရောက်မှုမှာ အနည်း ငယ်လျော့နည်းပြီး  ယခင်နေ့များအတိုင်း ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း  သိရှိရပါသည်။

DOCA (ရန်ကုန်)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် တရုတ်ပဲကြီးဈေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ တရုတ်ပဲကြီးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် တရုတ်ပဲကြီးများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ တတိယအပတ်တွင် ရောင်းချသည့် တရုတ်ပဲကြီးဈေးနှုန်းမှာ ()ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၄၄၀၀ဝိ/-) ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါ ယခင်အပတ်၌ တရုတ်ပဲကြီး(၁)ပြည်လျှင် (၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ မတ်လ၊ စတုတ္ထအပတ်မှ စတင်၍ ယခုအပတ်ထိ တရုတ်ပဲကြီး ရောင်းချရသည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော် ရောင်းသည့် ပဲကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(  စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း