Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နွေနှမ်းစိုက်တောင်သူများ ဈေးကောင်းရရှိ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး စပါးကို အဓိကထားစိုက်ပျိုးကြသည်။ နွေစပါး၊ နွေနှမ်းများကို ဖေဖော်ဝါရီ၊ မတ်လများတွင်စိုက်ပျိုးကြပြီးနွေနှမ်းအများဆုံးစိုက်ပျိုးကြကြောင်း၊ ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာမှာ နွေနှမ်းစိုက်ဧက(၅၀၀)ခန့်ရှိကြောင်း၊နွေနှမ်းတွင် နှမ်းနက် အများဆုံး စိုက်ပျိုးကြကြောင်း၊ နွေနှမ်းကို ရေဖျန်းစိုက်ပျိုးကြပြီး မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် (၁)ဧက ကျပ်(၂၀)သိန်းခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ချိန်မှ ရက်(၉၀)တွင် ရိတ်သိမ်းနိုင်ကြောင်း၊ ဂရုစိုက်ပြုစုမှုအပေါ် မူတည်၍ အထွက်နှုန်းမှာ (၁)ဧက လျှင် (၆)တင်းမှ (၂၀)တင်းအထိ ထွက်ရှိ ကြောင်း၊ဈေးကွက်အနေဖြင့် နှမ်းပွဲစားများက တောင်သူ လက်ဝယ်အရောက် လာရောက် ဝယ်ယူ ကြ၍ နှမ်းနက်(၁)တင်းလျှင် ကျပ် (၂၃၅၀၀၀/- မှ ၂၉၀၀၀၀/-) အထိ  နှမ်းအရည်အသွေး၊ ထွက်ရှိ သည့်အချိန်ကာလအလိုက်ဈေးနှုန်းကွာခြားလျှက်ရှိကြောင်း၊အထွက်နှုန်းကောင်းသော  တောင်သူ များ အနေဖြင့် အကျိုးအမြတ်များပိုမိုရရှိကြောင်း နှမ်းစိုက်တောင်သူ တစ်ဦးထံမှသိရှိရသည်။

DOCA(မန္တလေး)

ဩဂုတ်လ ဒုတိယပတ်အတွင်း ကောက်ရိုးမှိုနှင့် ငွေနှင်းမှို ဈေးနှုန်းများ

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဩဂုတ်လ ဒုတိယ ပတ်တွင် ရောင်းချနေသော မှိုဈေးနှုန်းများ အနေဖြင့် ငွေနှင်းမှို( ၁၀ )ကျပ်သားလျှင် ( ၁၀၀၀) ကျပ်နှင့် ( ၂၅ ) ကျပ်သားလျှင် ( ၂၅၀၀ )ကျပ်ဖြင့်ရောင်းချနေကြောင်း၊ ကောက်ရိုးမှို(၁၀)ကျပ် သားလျှင် (၈၀၀)ကျပ်၊ ( ၂၅) ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့် လည်းကောင်း ရောင်းချ လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသာ ကွမ်းသီးနှင့် ကွမ်းရွက်ဈေးများ

                    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ဗန္ဓုလဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချ နေသော ကွမ်းသီးနှင့်ကွမ်းရွက်ဈေးနှုန်းများအနေဖြင့် ကွမ်းသီး (ရှယ်) ( ၁ ) ပိဿာလျှင်( ၃၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စ ( ၁ )ပိဿာလျှင် ( ၂၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အသင့် ( ၁ ) ပိဿာလျှင် (၂၃၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကွမ်းရွက် ( ရှယ်)  ( ၁ )ပိဿာလျှင် ( ၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စား ( ၁ )ပိဿာလျှင် ( ၃၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အသင့် ( ၁) ပိဿာလျှင် ( ၂၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ပယ်ရွက် ( ၁ ) ပိဿာလျှင် ( ၁၀၀၀) ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိပြီး ကွမ်းရွက် ဈေးများ ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

 

 

ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော ပန်းဈေးနှုန်းများ

                        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပန်းပင်စိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိ ကြပါသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်၌ မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော ပန်းဈေးနှုန်းများ အနေဖြင့် သပြေပန်း ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ အာဆီယံသပြေ ( ၁ )စည်းလျှင် ( ၈၀၀)ကျပ်၊ သပြေ ငုတ်ကြီး()ငုတ်လျှင် (၁၅၀၀)ကျပ်နှင့် သပြေ ငုတ်သေး ()ငုတ်လျှင် (၁၀၀၀)ကျပ်၊ ရွက်လှ ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ ခ‌ရေပန်း ( ၁ )ကုံးလျှင် ( ၂၀၀)ကျပ်၊ ကံကော်ပန်း ( ၅ )ကုံးလျှင် ( ၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း အဖြူ၊ အညို ( ၁ )စည်းလျှင် (၂၀၀၀)ကျပ်၊ ပန်းတိမ်ငို ( ၁ )စည်းလျှင် ( ၁၅၀၀)ကျပ်၊ စပယ်ပန်း ( ၅ ) ကုံးလျှင် ( ၁၀၀၀)ကျပ်၊  ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသာ အာလူး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်း၌  ဈေးကွက်အတွင်း ရောင်းချ နေသော အာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။ ယခု ဩဂုတ်လဒုတိယပတ်အတွင်း ရောင်းချနေသော အာလူးဈေးနှုန်းမှာ အာလူး () ပိဿာလျှင် (၅၅၀၀)ကျပ်မှ (၆၅၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဖရဲသီး ဈေးနှုန်းဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင်  ဩဂုတ်လ အတွင်း  ရာသီစာဖရဲသီးများ ဝင်ရောက်လာပြီး၊ အရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။

     ယခုဩဂုတ်လဒုတိယပတ်အတွင်း ဝင်ရောက်လာသည့် ဖရဲသီး‌စျေးနှုန်းများမှာ အလုံးကြီး တစ်လုံးလျှင် ၄၀၀၀ ကျပ်၊ အလုံးလတ် ၂၀၀၀ ကျပ်နှင့် အလုံးသေး ၁၅၀၀ကျပ် စျေးဖြစ်ပြီး အသီးအရွယ်အစား အလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း ဖရဲသီးရောင်းချသူထံမှ သိရှိ ရ ပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့တွင် ရောင်းချနေသော ပန်းဂေါ်ဖီ ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ပန်းဂေါ်ဖီများ ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

    ယခု ဩဂုတ်လဒုတိယပတ် အတွင်း ရောင်းချနေသော ပန်းဂေါ်ဖီစိမ်းစျေးနှုန်းမှ ပန်းဖွင့်အကြီးတစ်ပွင့်လျှင်  ၂၅၀၀ ကျပ်၊ အသေးတစ်ပွင့်လျှင် (၁၀၀၀-၁၂၀၀)ကျပ် ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း) 

မုံရွာမြို့တွင် ရောင်းချနေသော နာနတ်သီး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  နာနတ်သီးများ ရောင်းချလျက် ရှိကြောင်း  သိရှိရပါသည်။နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ်များစွာပါဝင်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့် အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည့်ဖြင့် နှစ်သက်သည့်အတိုင်း စားသုံးကြပါသည်။

     ယခုဩဂုတ်လဒုတိယပတ်အတွင်း ရောင်းချနေသော နာနတ်သီးဈေးနှုန်းမှာ နာနတ်သီး အသေး (၁)လုံး လျှင် (၁၈၀၀) ကျပ်နှင့် နာနတ်သီးအကြီး (၁)လုံးလျှင် (၃၀၀၀) ကျပ် အထိရောင်းချလျက်ကြောင်း နာနတ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ထောပတ်သီး ဈေးနှုန်းဈေးကွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ထောပတ်သီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

     ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြပါသည်။

    ယခုဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသော ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီးအသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၈၀၀) ကျပ်နှင့် ထောပတ်သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် အထိရောင်းချလျက်ကြောင်း ထောပတ်သီး ရောင်းချသူ ထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ကြက်မောက်သီး ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ကြက်မောက်သီးများ ရောင်းချ လျက်ရှိကြောင်း  သိရှိရပါသည်။ ကြက်မောက်ပင်သည် အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းပြီး စိုစွတ်သေရာသီဥတုကို ကြိုက်နှစ်သက်သည်။ အပင်မြင့်အမျိုးအစားမဟုတ်သော်လည်း အကိုင်းအခက်များဖြင့် ဘေးသို့ ဖြာထွက်ကာ အသီးထွက်နှုန်းအားကောင်းပြီး အခိုင်လိုက်အသီးသီး လေ့ ရှိသည်။

      ကြက်မောက်သီးတွင် သံဓာတ်ကြွယ်ဝခြင်း၊ ဘီတာမင် C ကြွယ်ဝစွာပါဝင်ခြင်း၊ အမျှင်နှင့် ရေဓာတ်ပြည့်ဝစွာပါဝင်ခြင်းတို့ကြောင့် အဆီကျစေခြင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေ ခြင်းနှင့် ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်းစသည့် ကျန်းမာရေး အကျိုးအာနိသင်များစွာ ရရှိ ခြင်းကြောင့် လူကြိုက်များသည့် ရာသီစာသီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။

      ယခုဩဂုတ်လအတွင်း ဖြစ်ပေါ်နေသော ကြက်မောက်သီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၅၀) ကျပ် အထိ ရောင်းချလျက်ကြောင်း ကြက်မောက်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း