Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

        ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက် ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ ၊ မြင်းခြံ၊ ၊ မုံရွာ၊ မင်းဘူးဒေသတို့မှ ကြက်သွန်နီ (၁၅၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန် မှာ (၆၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၄၀၀ ၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၀၀၀ ၊ အကြီးမှာ ကျပ် ၁၁၅၀၊ ရှယ်မှာ ကျပ် ၁၂၅၀၊ မုံရွာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၅၀ ၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၅၀၀၊ မင်းဘူး ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၅၅၀ ဈေးတို့အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ၁၈.၇.၂၀၂၅ ရက်နေ့ဈေးနှုန်း နှင့် ၁၇.၇.၂၀၂၅ ရက်နေ့ဈေးနှုန်း နှိုင်းယှဉ်ရာတွင် အတက် အကျမရှိဘဲ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

          ရွှေဘိုခရိုင်အတွင်းတွင် ဇူလိုင်လ တတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ် နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ ဒုတိယပတ်တွင် ရန်ကုန်သို့ (69248)အိတ်၊ မန္တလေးသို့ (53510) အိတ်၊ နေပြည်တော်သို့ (1705)အိတ်၊ပဲခူးတိုင်းသို့ (6၇၉၅)အိတ်၊ မကွေးတိုင်းသို့ (၃၁၉၉)အိတ်၊ ရှမ်း(တောင်)သို့ (၁၅၂၃၆)အိတ်၊ ကချင်ပြည်နယ်သို့ (၁၆၅၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၀၇၂၅)အိတ်၊ ကရင်ပြည်နယ်သို့ (၁၄၈၀)အိတ် ၊မူဆယ်သို့ (၁၈၀)အိတ်၊ ဧရာဝတီသို့ (၅၄၅)အိတ်၊ စုစုပေါင်း အိတ်ရေ 164273 တန်အားဖြင့် 8214တန် စီးထွက်ခဲ့ပါသည်။

          ယခု ဇူလိုင်လ တတိယပတ်တွင် ရန်ကုန်သို့ (58040)အိတ်၊ မန္တလေးသို့ (၄၁၁၁၄) အိတ်၊ နေပြည်တော်သို့ (1530)အိတ်၊ပဲခူးတိုင်းသို့ (၆၇၇၂)အိတ်၊ မကွေးတိုင်းသို့ (2525)အိတ်၊ ရှမ်း(တောင်)သို့ (12809)အိတ်၊ ကချင်ပြည်နယ်သို့ (၁50၀)အိတ်၊ မွန်ပြည်နယ်သို့ (6990)အိတ်၊ ကရင်ပြည်နယ်သို့ (2190)အိတ် ၊မူဆယ်သို့ (41၀)အိတ်၊ စုစုပေါင်း အိတ်ရေ 133880 တန်အားဖြင့် 6694တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ 30393၊ တန်အားဖြင့် 1520တန် လျော့၍ စီးထွက် ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇူလိုင်လ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀ ၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၅00000၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀၊ 747စပါး တင်း 100လျှင် ကျပ်1400000 ၊747ဆန် 24ပြည်ပါ တစ်အိတ်လျှင် ကျပ် 58000၊ရွှေဝါထွန်းစပါး တင်း100လျှင် ကျပ်1400000၊ရွှေဝါထွန်း ဆန် 24ပြည်ပါတစ်အိတ်လျှင် ကျပ် 63000ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများ ကိုဒေသတွင်းထွက်ရှိသည့် စားတော်ပဲများသာမက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့်မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြသည့်အပြင် အစိမ်းသာမက ရေစိမ်၍လည်း ရောင်းချ ကြပါသည်။

စားတော်ပဲ

ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ တတိယအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၁၀၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၆၀၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှုန်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ (၁)ပြည်လျှင်(၉၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် စားတော်ပဲ()ပြည် လျှင်(၈၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲ လမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

စားတော်ပဲရေစိမ်

ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ ဒုတိယအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံးရေစိမ် ဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၄၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် စားတော်ပဲရေစိမ်()ပြည်လျှင်(၄၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊ နေ့စဉ်စားတော်ပဲ(၈)ပြည်ခန့် ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဇူလိုင်လ တတိယပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် ဇူလိုင်လ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၀၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၅၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၇၈၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၄၀၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    ယခု ၂၀၂၅ခုနှစ် ဇူလိုင်လ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၀၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၆၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၈၃၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၄၇၅)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၅)ကျပ် ဈေးနှုန်း၊ဓါတ်ဆီ(95)တစ်လီတာလျှင် (၁၀)ကျပ် ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင်(၅၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၇၀)ကျပ် ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

        ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နှမ်းရိတ်သိမ်းနေမှုများဖြိုင်ဖြိုင်ရှိနေပြီး မြေပဲ စတင်ထွက်ရှိလာမှုများကိုလည်း တွေ့ရှိလာရပါသည်။ နှမ်း(နီ) ထွက်ရှိမှုနည်းပါးခဲ့ပြီး ဒေသတွင်း အသုံးပြုမှု အနေအထားတွင်ရှိနေပါသည်။ နှမ်း(နက်)ထွက်ရှိလာမှုများအား မန္တလေးဈေးကွက်သို့ တင်ပို့မှုရှိနေပါသည်။ နှမ်း(နီ)ဈေးနှုန်းတည်ငြိမ်ပြီး၊ နှမ်း(နက်)ဈေးနှုန်းမြင့်တက်လာမှုကို တွေ့ရပါ သည်။ နေကြာစိုက်ပျိုးထားရှိမှုများမှ ဩဂုတ်လ၏ ပထမပတ်အတွင်း စတင်ရိတ်သိမ်းလာနိုင်မည့် အနေအထားများကိုတွေ့ရှိနေရပါသည်။

    ဒေသတွင်းဈေးကွက်လိုအပ်ချက်များအရ ပုံမှန်ကြိတ်ခွဲမှုအနေအထားရှိခဲ့ပြီး၊ နဝလီကြိတ် ခွဲမှုတွင် ပိုမိုလာခဲ့သည်ကို တွေ့ရှိရပါသည်။ ကျေးရွာများရှိ ဆီစက်များတွင် နဝလီကြိတ်ခွဲမှုများကို တွေ့ရှိလာရပါသည်။ ဆီစက်များတွင် မြေပဲဆီ ‌ရောင်းဈေး(၁၉၀၀၀)ကျပ်၊ နှမ်းဆီ(၁၉၄၀၀)ကျပ်ဖြင့် ရောင်းချနေမှုများကို တွေ့ရပါသည်။ မြေပဲ(ဆီဆံ) ဈေးနှုန်းနိမ့်ကျလာမှု ရှိလာပါသည်။

    ဆီကြိတ်ဖတ်တင်ပို့မှု မန္တလေးဈေးကွက်သို့ တင်ပို့မှုရှိနေပြီး၊ ဆီကြိတ်ဖတ်များတွင် မှိုတက် သည့် အနေအထားများ ရှိခဲ့သဖြင့် ဈေးနှုန်းလျော့ကျမှုများ ရှိလာခဲ့ပါသည်။ မြေပဲဖတ်ဈေးနှုန်းတွင် (၂၀၀)ကျပ် နိမ့်ကျလာပြီး (၄၂၀၀)ကျပ် နှမ်းဖတ်ဈေးနှုန်းတွင်(၂၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်သို့ နိမ့်ကျမှုရှိလာခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ရွှေဘိုဈေးကွက်တွင် ရောင်းချသည့်ကုလားပဲဆံနှင့် ကုလားပဲလုံးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံ များထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို ဒေသတွင်းမှထွက်ရှိသည့် ကုလားပဲလုံးများအပြင် မန္တလေးမြို့မှ လည်း ဝယ်ယူရောင်းချကြပါသည်။

ကုလားပဲဆံ

 ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ တတိယအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ ()ပြည်လျှင်(၈၃၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၂၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ(၁)ပြည် လျှင်(၈၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူ ကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ကုလားပဲလုံး

ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ တတိယအပတ်တွင်ရောင်းချသည့် ကုလားပဲလုံးဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင် နှင့်အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး(၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သရက်သီးကုလားတည်ချဉ် နှင့် နှမ်းပတ်ချဉ် ဈေးနှုန်း

 ကျွန်းလှမြို့ ရာသီအရွေး ရောင်းချရန် လက်လုပ်ချဉ်မျိုးစုံကို ကိုယ်တိုင်လုပ်ပြီး ရောင်းချလျက်ရှိရာ ဇူလိုင်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော သရက်သီးကုလား တည်ချဉ် ဈေးနှုန်းမှာ သရက်သီးကုလားတည်ချဉ် လက္ကား တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ သရက်သီး ကုလားတည်ချဉ် လက်လီ တစ်ပိဿာကို(၁၅၀၀၀)ကျပ်၊ သရက်သီးကုလားတည်ချဉ်(၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊သရက်သီးကုလားတည်ချဉ်(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ သရက်သီး ကုလားတည်ချဉ် (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် နှမ်းပတ်ချဉ် လဖက်ရည်သောက်ပန်းကန် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ သဖန်းဆိပ်ဆည်မှ ရေချို ပုဇွန်ဆိတ် ဈေးနှုန်း

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ သဖန်းဆိတ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

ပုဇွန်ဆိတ်ဟာဆိုရင် ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ရေချိုပုဇွန် ဆိတ်ဖြစ်ပြီး ပုဇွန်ဆိတ်ကို ဆကာဖြင့် အကောင်အကြီး /အသေး ခွဲခြားပြီး အကောင်အကြီး အသေး ပေါ်မူတည်၍ ဈေးများလဲကွာခြားသွားပါသည်။

၂၀၂၅ ခုနှစ် ၊  ဇူလိုင်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ပုဇွန်ဆိတ် ဈေးနှုန်းအနေဖြင့်  ပုဇွန်ဆိတ် ဆကာတင် အကောင်ကြီး တစ်ပိဿာလျှင် လက္ကားဈေး (၂၀၀၀၀)ကျပ်၊ ပုဇွန်ဆိတ် ဆကာတင် အကောင်ကြီး လက်လီဈေး တစ်ပိဿာ(၂၃၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် အလတ်စ လက္ကား တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ပုဇွန်ဆိတ် အလတ်စ လက်လီဈေး(၁၈၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် ဆကာကျ အကောင်သေး  လက္ကား တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ ပုဇွန်ဆိတ် ဆကာကျ အကောင်သေး လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် ကျွန်းလှမြို့ သဖန်းဆိပ်ဆည်မှ ထွက်ရှိသည့် ရေချိုပုဇွန်ဆိတ်သည် အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး  အရောင်းသွက်ကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

သစ်ရာမြိုင်၏ အသားမျိုးစုံ ဈေးနှုန်း/ဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသားအမျိုးမျိုး ဖြစ်သော  ဝက်သား၊ ကြက်သား နှင့် အမဲသား တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(စတုထ္ထပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော အသားအမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဝက်သား(အသားရှယ်)တစ်ပိဿာ(၃၅၀၀၀)ကျပ်၊ ဝက်သား ပေါင်ထူးရှယ် တစ်ပိဿာ(၃၃၀၀၀)ကျပ်၊ ဝက်သား နံကိုင်းသား(၃၀၀၀၀)ကျပ်၊ ဝက်(မေးဖျားနှင့် နားရွက်)တစ်ပိဿာ(၂၈၀၀၀)ကျပ်၊ ဝက်သားဝမ်းတွင်းကလီစာ တစ်ပိဿာ(၂၅၀၀၀)ကျပ်၊ ဝက်သား အရိုးကြမ်း တစ်ပိဿာ(၁၂၀၀၀)ကျပ်နှင့် ဝက်သွေခဲ တစ်ပိဿာ (၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း၊ ကြက်သားဈေးနှုန်းအနေဖြင့် မွေးမြူရေးကြက်သားဈေးနှုန်း လက်လီဈေး(၂၅၀၀၀)ကျပ်၊ လက္ကားဈေး(၂၃၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး (၃၅၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင် လက်လီဈေး(၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် လည်းကောင်း အမဲသား ဈေးနှုန်း အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲသား) လက္ကားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ အမဲသားရှယ်(တစ်တုံးထဲသား) လက်လီ တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊အမဲသားရိုးရိုး(အသားပြွန်း)လက္ကားဈေး တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်  ၊အမဲသားရိုးရိုး(အသားပြွန်း)လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် အမဲပုဆိုးကြမ်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် အမဲရိုး တစ်ပိဿာ(၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း  သိရပါသည်။

DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော  ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(စတုထ္ထပတ်)တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဂေါ်ရခါးသီး တစ်လုံးလျှင်(၅၀၀/၇၀၀)ကျပ်၊ မုံလာထုတ် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၃၅၀၀)ကျပ်၊ ခါကြက်ဥ (တရုတ်)တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ ကန်ဇွန်းရွက် တစ်စီးလျှင်(၁၅၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပြည်လျှင် (၁၂၀၀၀)ကျပ်၊ ရွှေဖရုံသီး တစ်ပိသာလျှင်(၃၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၂၀၀၀/ ၂၅၀၀)ကျပ် ကင်းမုံသီး တစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ ပဲလင်းမြွေသီး တစ်တောင့်လျှင် (၄၀၀/ ၅၀၀/၇၀၀)ကျပ်၊ ရွှေပဲသီး တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ် မုံညှင်းထုတ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင်(၂၄၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည်(၅)တောင့်ပါ တစ်စည်းလျှင်(၄၀၀)ကျပ်၊ မျှစ်စိမ်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငရုပ်သီးစိမ်း တစ်ပိဿာ လျှင်(၂၅၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင် (၁၀၀၀၀) နှင့် ဘိုစားပဲသီး တစ်ပိဿာ လျှင်(၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း