Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်တုန်းမြို့နယ် အခြေခံစားသောက်ကုန်ဈေးနှုန်း အခြေအနေ

    (၂၅-၇-၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၃၀) အချိန်က ညောင်တုန်းမြို့ပေါ်ရပ်ကွက်များရှိ အခြေခံစားသောက်ကုန် ရောင်းချသော ကုန်မျိုးစုံဆိုင် (၁၅) ဆိုင်ရှိ ကုန်စည်များ ဈေးနှုန်း နည်ငြိမ်လျက်ရှိကြောင်း သိရပြီး မြို့နယ် ကုန်ဈေးနှုန်း စာရင်းများကို အပါတ်စဉ် ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြလျက်ရှိသည်။ ညောင်တုန်း မြို့နယ်တွင်း ရောင်းချလျက်ရှိသော အခြေခံစား သောက်ကုန် များဖြစ်သည့် ဆန်(မနောသုခ) ၁ပြည် ၃၃၀၀ကျပ်၊ စားအုန်းဆီ ၁ပိဿာ ၆၅၀၀ကျပ်၊ ဆား၊ ၁ပိဿာ ၁၇၀၀ကျပ်၊ ငါးငပိ ၁ပိဿာ ၁၅၀၀၀ကျပ်၊ ကုလားပဲ ၁ပိဿာ ၆၃၀၀ကျပ်၊ အားလူး အလတ်စား ၁ပိဿာ ၅၅၀၀ကျပ်၊ ငရုတ်ခြောက် ၁ပိဿာ ၉၀၀၀ကျပ်၊ ကြက်သွန်နီ အလတ်စား ၁ပိဿာ ၁၈၀၀ကျပ်၊ ကြက်သွန်ဖြူရှမ်းစ ၁ပိဿာ ၁၀၀၀၀ကျပ်၊ ဖြင့်ရောင်းချနေကြောင်း သိရသည်။

    သားငါးဈေးအနေဖြင့် ဆိတ်သား အသား၁ပိဿာ ၂၉၅၀၀ကျပ်၊ အရိုးအသား ၂၆၀၀၀ကျပ်၊ ဝက်သား ၁ပိဿာ အရိုးအသား ၂၂၀၀၀ကျပ်၊ အသား ၂၃၄၀၀ကျပ်၊ အမဲသား ၁၈၀၀၀၊ ၁၉၈၀၀ကျပ်၊ ငါးမြစ်ချင်း ခုတ်သား ၁ပိဿာ ၁၀၀၀၀ကျပ်၊ ကြက်ဗမာ ၁ပိဿာ ၃၀၀၀၀ကျပ်၊ စီပီကြက် ၁ပိဿာ ၁၈၀၀၀ကျပ်၊ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

      ယခင်လဈေးနှုန်း နှိုင်းယှဉ်ပါက ဆား ၁၀၀ကျပ် မြင့်တက်၊ ၊ အာလူး ၁၅၀၀ကျပ် မြင့်တက်၊ ကျန်ကုန်စည်များ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့ရှိ ပန်းဈေးနှုန်းဈေးကွက်အခြေအနေ

            ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ ဒါးကဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော  ဂန္ဓာမာပန်း၊ မေမြို့ပန်း၊ သပြေပန်း၊ အောင်သပြေပန်း၊ ခရေပန်း၊ စံပါယ်ပန်း၊ အာဆီယံသပြေ တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် ကန်ကြီးထောင့်မြို့၊ ဒါးကဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂန္ဓာမာ အပွင့်ကြီး (၁) စည်းလျှင် (၃၀၀၀) ကျပ်၊ ဂန္ဓာပန်း အပွင့်သေး (၁) စည်းလျှင် (၁၀၀၀) ကျပ်၊ ဈေးနှုန်းဖြင့်လည်းကောင်း၊ နှင်းဆီပန်း အပွင့်ကြီး (၁) ပွင့်လျှင် (၇၀၀) ကျပ်၊ နှင်းဆီပန်းအပွင့်သေး (၁) ပွင့်လျှင် (၅၀၀) ကျပ်၊  မေမြို့ပန်း (၅) ပွင့်ပါ (၁) စည်းလျှင် (၂၀၀၀) ကျပ်၊ အောင်သပြေ (၁) စီးလျှင် (၁၅၀၀) ကျပ်၊ ခရေပန်း (၂) ကုံးလျှင် (၅၀၀) ကျပ် စသည်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ ပိုးသတ်ဆေး  ဈေးနှုန်းဈေးကွက်အခြေအနေ

        ဇူလိုင်လ တတိယအပတ်တွင် ပုသိမ်မြို့အတွင်း ပိုးသတ်ဆေးဈေးနှုန်းများမှာ ဖြူရာဒန် အထုပ် (3G) ၈၅၀၀ ကျပ်၊ အလန်း (10 gm) ၃၀၀၀ ကျပ်၊ ဒိုဇာ (10 gm) ၃၀၀၀ ကျပ်၊ ငှက်ကြီးတောင် (100 CC) ၂၅၀၀၀ ကျပ်၊ ရွှေဆန်းဖော့စ် ပုလင်း (100 CC) ၇၅၀၀ ကျပ်၊ ဆနေးဆိုဒ် (၁) ထုပ် ၁၁၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ဇူလိုင်လ ဒုတိယပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပိုးသတ်ဆေးဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ ဓာတ်မြေဩဇာ ဈေးနှုန်းဈေးကွက်အခြေအနေ

           ဇူလိုင်လ တတိယအပတ်တွင် ပုသိမ်မြို့အတွင်း ဓာတ်မြေဩဇာဈေးကွက်မှာ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။ ယခင်အပတ် မြို့နယ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာများမှာ ကွန်ပေါင်း (၁၅း၁၅း၁၅) ကောမတ် (၁) အိတ် (၁၃၈၀၀၀) ကျပ်၊ အာမို (၁၅း၁၅း၁၅) တရုတ် (၁) အိတ် (၁၃၈၀၀၀) ကျပ်၊  ရွှေကောမတ် Myanmar Awba ၁အိတ် (၁၃၆၀၀၀) ကျပ်၊ ယူးရီယားရွှေနဂါး (၁) အိတ် (၁၁၀၀၀၀) ကျပ်၊ တီစူပါ (သံကွင်း) တရုတ် (၁) အိတ် ၁၄၆၀၀၀ ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့ရှိ ဘိလပ်မြေ ဈေးနှုန်းဈေးကွက်အခြေအနေ

         ဇူလိုင်လ တတိယအပတ်တွင် ပုသိမ်မြို့၏ ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိနေကြောင်း သိရှိရပါသည်။ ယခုအပတ်ဈေးနှုန်းမှာ ထိုင်းဆင် အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၈၀၀၀) ကျပ်၊ ကြံနှစ်ကောင် အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်၊ အပါချီ အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၄၅၀၀) ကျပ်တို့ ဖြစ်ကြောင်း သိရှိရပါသည်။

        ဇူလိုင်လ ဒုတိယအပတ် ဈေးနှုန်းနှင့် နှိုင်းယဉ်ပါက ဘိလပ်မြေဈေးနှုန်းများမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းမှုရှိပြီး ဘိလပ်မြေဈေးကွက်မှာ မိုးတွင်းကာလဖြစ်သောကြောင့် ဒေသတွင်းဝယ်ယူမှု နည်းသော်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိ၍ ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇူလိုင်လ နောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်း

 မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်()ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ယခင်  ဇူလိုင်လ စတုတ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၁၁၆)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၇၃)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၈၅)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၅၃၂)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခုဇူလိုင်လနောက်ဆုံးအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၃၀၆၅)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၂၁)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၈၉)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၅၃၅)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက စက်သုံးဆီဈေး 92တစ်လီတာလျှင်(၅၁)ကျပ်၊  95တစ်လီတာလျှင် (၅၂) ကျပ် ကျဆင်းလျက်ရှိပြီး ဒီဇယ်(ရိုးရိုး)HSDတစ်လီတာလျှင်()ကျပ်၊ ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃) ကျပ် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းသီးခြောက် နှင့် ဇီးဖြူသီးခြောက် ဈေးနှုန်း

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာတွင် နှစ်ရှည်သီးနှံပင်များ၊ ဆီထွက်သီးနှံပင်များနှင့် စားဖိုဆောင်သီးနှံပင် များကို စိုက်ပျိုးပြီး ရောင်းချလျက်ရှိရာ ပိုလျှံသည့်အသီးများကို အခြောက်လှန်း၍  ပြန်လည်ရောင်း ချကြောင်းသိရသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ခရမ်းသီးခြောက်ဈေးနှုန်း အနေဖြင့် ခရမ်းသီးခြောက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၁၀၀၀)ကျပ် နှင့် ဇီးဖြူသီး ခြောက် တစ်ပြည်လျှင်(၈၀၀၀)ကျပ်၊ နို့ဆီတစ်ဘူး လျှင်(၁၀၀၀)ကျပ်  ဈေးနှုန်း တို့ဖြင့်အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့မှ ခရမ်းချဉ်သီး၊ အာလူး နှင့် ဂျင်း(ချင်း) ဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ပိတောက်မြိုင်ဈေး၌ ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အားလူးသီးအလုံးကြီး() ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ အာလူးသီး အလုံးသေး()ပိဿာလျှင် (၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ဂျင်း(ချင်း)တက် တစ်ပိဿာ လျှင်(၅၅၀၀)ကျပ်တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းကြွပ်သီး၊ ကင်းမုံသီး နှင့် ပဲသီးတောင့်ရှည် ဈေးနှုန်း

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ခရမ်းကြွပ်သီး၊ ကင်းမုံသီး နှင့် ပဲတောင့်ရှည်သီးများကိုလည်း စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း သစ်ရာမြိုင်ဈေးများတွင် ရောင်းချနေသော ကင်းမုံသီး ဈေးနှုန်းများမှာ ကင်းမုံသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊ ပဲတောင့်ရှည်သီး(၁၀)စီး တစ်ထုံးလျှင်(၃၀၀၀)ကျပ်၊ ခရမ်း ကြွပ်သီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ကုလားပဲဆံ နှင့် ပဲတီဆံဈေးနှုန်း

  ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံ နှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံ ဈေးနှုန်း အနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၈၈၀၀)ကျပ်၊ နို့ဆီဘူး(၄) ဘူးလျှင်(၄၄၀၀)ကျပ်နှင့်  နို့ဆီ(၁)ဘူးလျှင် (၁၁၀၀)ကျပ်နှင့် ပဲတီဆံ တစ်ပြည်လျှင် (၈၈၀၀) ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း