Main menu

ကန့်ဘလူမြို့ရှိ လူကြိုက်များသည့်သရေစာ နို့မလိုင်လုံးနှင့် ကုလားပဲချောင်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် သရေစာ မလိုင်လုံး နှင့် ကုလားပဲချောင်းများ ရောင်းချလျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း မလိုင်လုံး လက္ကားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မလိုင်လုံး လက်လီတစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်၊ (၁၀)ကျပ် သားလျှင် (၁၁၀၀)ကျပ်တို့ဖြင့်လည်းကောင်း၊ ကုလားပဲချောင်း လက္ကားတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၉၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သရေစာ မလိုင်လုံးနှင့် ကုလားပဲချောင်းများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ လူကြိုက်များသော သရေစာဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)