Main menu

ကန့်ဘလူမြို့တွင် ရောင်းချနေသော သရေစာ နေကြာစေ့လှော်ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့လှော်များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း၊ နေကြာစေ့လှော်ကို  အပျင်းပြေသရေစာအဖြစ် စားသုံးကြကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ် အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင်  နေကြာစေ့လှော် လက္ကားတစ်ပြည်လျှင် (၇၅၀၀)ကျပ်၊ လက်လီတစ်ပြည်လျှင် (၇၈၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၄၀၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင် (၁၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)