Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 ကျွန်းလှမြို့တွင် ဈေးအနည်းငယ်ကျဆင်းလာသော  ပုဇွန်ထုတ်

      ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာမှပုဇွန်ထုတ်များကို ဧရာဝတီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့မှ  ဝယ်ယူရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။

      ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများ အနေဖြင့် လက္ကားဈေး ()ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ လက်လီဈေး()ပိဿာလျှင်(၆၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၆၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချပါကြောင့် ယခင်အပတ်ထက် ပုဇွန်ထုတ်ဈေး အနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး/ပုဇွန် ရောင်းချသူထံမှသိရပါသည်။

DOCA (စစ်ကိုင်း)

တောင်ငူမြို့နယ်အတွင်းရှိ ရေချိုငါးဈေးကွက်

     မြန်မာနိုင်ငံသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်ပေါများသောနိုင်ငံဖြစ်သည်နှင့်အညီ ၎င်းမြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ရေချိုငါးမျိုးစုံ ကျင်လည်ကျက်စားလျက်ရှိပါသည်။ ယခုအခါ မိုးရာသီဖြစ်သည့်အတွက် မြန်မာနိုင်ငံရှိ တံငါလုပ်ငန်းလုပ်ကိုင်ကြသည့် တံငါသည်များ၏ ငါးဖမ်းရာသီဖြစ်သည့် အတွက် ရေချိုငါးပေါများသည့်ရာသီဖြစ်ပါသည်။

       တောင်ငူမြို့နယ်တွင် ငါးရံတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ငါးနုစမ်းတစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ငါးသားလောက် တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးမဲလုံးတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ငါးခုံးမတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးကြင်း ဖြူတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ် အသီးသီးဈေးနှုန်းဖြစ်ပေါ်နေပြီး ရေချိုငါးပေါများသည့် ရာသီဖြစ်သည့်အတွက် အရောင်းအဝယ်အေးနေကြောင်း ငါးဒိုင်များနှင့် ခေါင်းရွက်ငါးသည်များ၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်၏ ပင်လယ်စာဈေးကွက်

      မြန်မာနိုင်ငံသည် ရေထွက်ကုန်ပစ္စည်းများစွာထွက်ရှိသည့်အလျောက် ပြည်ပသို့တင်ပို့နိုင်သည့်အပြင် ပြည်တွင်းတွင်လည်း ဖူလုံစွာစားသုံးကြပါသည်။ ရေထွက်ကုန်ပစ္စည်းများအနက် ပင်လယ်စာများကို အမျိုးမျိုးပြုလုပ်၍ လူများနှစ်သက်စွာစားသုံးကြပါသည်။

    တောင်ငူမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်း ပင်လယ်စာများဖြစ်သော ရေချိုပုစွန် တစ်ပိဿာလျှင်အရွယ်အစားပေါ်မူတည်၍ (၄၅၀၀၀ကျပ်မှ ၆၅၀၀၀ ကျပ်)၊ ပုစွန်ကြားတစ်ပိဿာလျှင် (၅၀၀၀၀ကျပ်မှ ၅၅၀၀၀ကျပ်)၊ ပုစွန်ဖြူတစ်ပိဿာလျှင် (၄၅၀၀၀ကျပ်)၊ ဂဏန်းတစ်ပိဿာလျှင် (၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ကျပ်)၊ ရေဘဝဲတစ်ပိဿာလျှင် (၇၀၀၀၀)ကျပ်၊ ပြည်ကြီးငါးတစ်ပိဿာလျှင် အကြီး(၈၀၀၀၀) ကျပ်၊ အသေး(၆၀၀၀၀)ကျပ်၊ ကင်းမွန်တစ်ပိဿာလျှင် (၆၀၀၀၀ ကျပ်မှ ၇၀၀၀၀ကျပ်)၊ ငါးကြင်းခြစ် တစ်ပိဿာလျှင် (၅၀၀၀၀)ကျပ် အသီးသီးဈေးနှုန်းဖြစ်ပေါ်လျက်ရှိပြီး ပင်လယ်စာကို လူများနှစ်သက်ကြသဖြင့် အရောင်းသွက်ကြောင်း ပင်လယ်စာရောင်းချသူ ဦးမြင့်အောင်၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ဈေးများရှိ သရက်သီးနှင့် သစ်တော်သီးဈေးနှုန်း

      တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ ဒေသ/မြို့များအသီးသီးမှ ဒေသထွက်သီးနှံများ တင်ပို့ရောင်းချလျက်ရှိရာ ရှမ်းပြည်ဘက်မှ ဝင်ရောက်လာသော သရက်သီးမှာ အသေး(၁)ပိဿာ ၃၀၀၀ကျပ်၊ အလတ်(၁)ပိဿာ ၄၀၀၀ကျပ်ရှိပြီး သရက်သီးအမှည့်မှာ အလုံး၊ အကြီး/အသေးပေါ် မူတည်၍ ၁၀၀၀ ကျပ်မှ ၁၅၀၀-၂၀၀၀ကျပ်အထိ ဈေးရှိပါသည်။

      သစ်တော်သီးမှာလည်း ရှမ်းပြည်ဘက်မှ ဝင်ရောက်ပြီး အလုံးအရွယ်အစားပေါ်မူတည်၍ (၁)ပိဿာလျှင် ၃၀၀၀ ကျပ်၊ ၄၀၀၀ ကျပ်၊၅၀၀၀ကျပ် မှ ၆၅၀၀ ကျပ်အထိ ဈေးနှုန်းအသီးသီးရှိပြီး အရောင်းအဝယ်မှာသွက်လျက်ရှိကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းများ

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအလေးထားသည့်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေး သွင်းအားစုများအား ပြည်ပမှတင်သွင်း၍အသုံးပြုရပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် စိုက်ပျိုးရေးသွင်းအားစုများသည် မရှိမဖြစ်လိုအပ်သောပစ္စည်းများဖြစ်ပါသည်။

      တောင်ငူမြို့နယ်တွင် စိုက်ပျိုးရေးသွင်းအားစုများအနက် Urea အုပ်စုဝင် ပုလဲအမျိုးအစား ဆင်ပျံအမှတ်တံဆိပ်တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ မိုးပုလဲအမှတ်တံဆိပ်တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ်၊ အာမိုအမှတ်တံဆိပ်တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ မာလာမြိုင် မိုးသီးအမှတ် တံဆိပ်တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်နှင့် ဝိစာရအမှတ်တံဆိပ်(15:15:15)တစ်အိတ်လျှင် (၁၄၈၀၀၀)ကျပ်ဈေးနှုန်း ဖြစ်ပေါ်လျှက်ရှိပြီး စပါးစိုက်ပျိုးသည့် ရာသီဖြစ်သည့်အတွက် စိုက်ပျိုးရေး သွင်းအားစုများ အရောင်းသွက်ကြောင်း ရွှေမြင့်မိုရ်စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်ပိုင်ရှင် ဒေါ်အေးမြင့်၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ညဈေးတန်းရှိ ပြောင်းဖူးမီးဖုတ်

    ပြောင်းဖူးသည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီဥတုဒဏ်ခံနိုင်သော အပင်တစ်မျိုး ဖြစ်သည့်အပြင် ပြောင်းဖူးကိုလည်းနည်းလမ်းမျိုးစုံဖြင့် ကြော်၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း စားသုံးကြ သကဲ့သို့ မီးဖြင့်ဖုတ်၍လည်းစားသုံးကြပါသည်။

       တောင်ငူမြို့ရှိ ညဈေးတန်းတွင် ပြောင်းဖူးမီးဖုတ်များရောင်းချလျက်ရှိရာ ပြောင်းဖူးကို မီးသွေးမီးဖို ပေါ်တွင်တင်၍ဖုတ်ရပါသည်။ တစ်ရက်လျှင်မီးသွေး (၁)ထောင်ကျပ်တန် (၆) ထုပ်ခန့် အသုံးပြုရပါသည်။ ပြောင်းဖူးမီးဖုတ်တစ်ဖူးလျှင် (၁၅၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိပြီး  ရာသီဥတု ပေါ်မူတည်၍ တစ်ရက်လျှင်ပြောင်းဖူး(အဖြူနှင့်အဝါ)အဖူး(၄၀)ခန့် ရောင်းချရကြောင်း၊ မိုးများသော ရက်များတွင် အဖူး(၃၀)ခန့်သာရောင်းချရကြောင်း ပြောင်းဖူးမီးဖုတ်ရောင်းချသူ ကိုသူရိန်ထွန်း၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

ကျွန်းလှမြို့တွင် ရောင်းချနေသော တီလားဗီးယားငါး နှင့် ငါးလေးဒေါင့် ဈေးနှုန်း

       ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပြီး၊ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းလည်း မြင့်တက်လျက်ရှိပါသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်၌ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့် (အကြီး)()ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ အသေး()ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ငါးလေးဒေါင့် ဈေးနှုန်း အနေဖြင့် အကြီး တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းချသူထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့၏ ရာသီကုန်တော့မည့် တဇောင်းဖူး(ခေါ်)ပဒုမ္မာဖူး ဈေးနှုန်း

           ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများရှိ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာကုန်းကွက်များတွင် တဇောင်းပင်များ သဘာဝအလျှောက် အလေ့ကျပေါက်ရောက်လေ့သည့်နေအိမ်ခြံစည်းရိုးများ၌ စိုက်ပျိုးသည့်အလေ့လဲရှိကြပြီး ရာသီအလိုက် ဖူးပွင့်လာသော တဇောင်းဖူးများကို ချို၍ ရောင်းချလျက်ရှိ ကြောင်းသိရသည်။

                   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချလျက်ရှိသည့် တဇောင်းဖူး ဈေးနှုန်းများမှာ (၁၀/၁၅)ဖူး တစ်ပုံလျှင်(၈၀၀)ကျပ်၊ (၂)ပုံလျှင်(၁၅၀၀)ကျပ်နှင့် တဇောင်းပွင့်(၁၀/၁၅)ပွင့် တစ်ပုံလျှင်(၅၀၀)ကျပ်နှုန်းတို့ဖြင့်  ရောင်းချလျက်ရှိကြောင်း တဇောင်းဖူး၏ အရသာမှာ အချိုဓါတ်ရှိပြီး နုညံ့ကာချောကျိကျိ အရသာရှိကြောင်း တဇောင်းဖူးများကို ပုဇွန်ခြောက်ဖြင့် ကြော်စားခြင်း၊ အခြားအသီးအနှံများဖြင့် ရောနှောချက် စားခြင်းအပြင် ရေနွေးဖျောပြီး မြေပဲဆံထောင်း ၊ ငပိဆီကျက်တို့ဖြင့်လည်းသုပ်စားကြပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်သောကြောင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံ  ရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

                                                                           

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဂွေးသီး  နှင့် စောင်းလျှားသီး ဈေးနှုန်း

         ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီး ပင်၊ ပိန္နဲသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ အုန်းသီးပင်နှင့် မာလကာသီးပင်များကို လည်းစိုက်ပျိုးကြသည့်အနက် ဂွေးသီးပင်နှင့် စောင်းလျှားသီးပင်များကိုလည်း စိုက်ပျိုးလျကရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂွေးသီး  ဈေးနှုန်း အနေဖြင့် အကြီး တစ်လုံးလျှင်(၅၀)ကျပ်၊ (၅၀၀)ဖိုး (၁၁)လုံး၊ အသေး တစ်လုံးလျှင် (၃၅)ကျပ်၊ (၁၀၀)ဖိုးလျှင် (၃)လုံးဈေးနှုန်းတို့ဖြင့်လည်းကောင်း စောင်းလျှားသီး အကြီး တစ်လုံးလျှင် (၅၀)ကျပ်၊ (၂၀၀)ဖိုး(၅)လုံး၊ အသေး (၁၀၀)ဖိုး (၄)လုံး တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဂွေးသီးနှင့် စောင်းလျှားသီးများကို ကျောင်းမုန့်ဈေးဆိုင်တန်းမှ ဈေးသည်များ၊ အချဉ်ပေါင်းသည်များနှင့် ရပ်ကွက်ဈေးတန်းများတွင် ရောင်းချလျက်ရှိကြောင်း စောင်းလျှားသီးသည် ကျန်းမာရေး အထောက် အကူဖြစ်စေပြီး ကျောက်ကပ်ရောဂါသည်များ၊ သွေးတိုးရောဂါသည်များ၊ ဝိုင်ဖောက်သောက်လျှင်လည် ကောင်းမွန်စေသည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်းသိရသည်။

DOCA (စစ်ကိုင်း)

နဂါးမောက်သီးဈေးကွက်

     ပြင်ဦးလွင်ဒေသနှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးအနီးတဝိုက်မှ နဂါးမောက်သီးများ မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ထိုမှတစ်ဆင့် မန္တလေးမြို့အတွင်းရှိ ဈေးကလေးများသို့ ဝယ်ယူရောင်းချကြသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက် မျိုးများမှာ အပြင်အခွံအနီရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့် အတွင်းသား အနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ ဖြစ်ကြောင်း သိရသည်။ ယခုအချိန်သည် နဂါးမောက်သီး ခူးဆွတ်ရာသီဖြစ်သောကြောင့် ဈေးကွက် အတွင်း လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ နဂါးမောက်သီးသည် မေလမှ အောက်တိုလာလအထိ (၇-၈) ကြိမ်ခန့်ခူးဆွတ်ရပြီး တစ်နှစ်လျှင် (၅-၆)လခန့် ဝင်ငွေရရှိနေသော စီးပွားရေးတွက်ခြေ ကိုက်သည့် ဥယျာဉ်ခြံထွက် သီးနှံတစ်ခုဖြစ်ကြောင်း၊  ဩဂုတ်လ တတိယပတ်အတွင်း မန္တလေးမြို့ သစ်သီးဈေး ကွက်အတွင်းရောင်းချနေသော နဂါးမောက်သီးဈေးနှုန်းများမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် (၅၀၀/၇၀၀/၁၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း