Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ယခင်အပတ်ထက် ဈေးနှုန်း မြင့်တက်လာသော သစ္စာပန်း

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

    သစ္စာပန်းသည် မျိုးကွဲပေါင်းများစွာ အရောင်းအသွေးပေါင်းများစွာရှိပြီး လူအများ ကြိုက်နှစ်သက် သောပန်းဖြစ်ပြီး ဩဂုတ်လဆန်းပိုင်းတွင် စတင်ဖူးပွင့်လေ့ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော သစ္စာပန်း ဈေးနှုန်းအနေဖြင့် သစ္စာပန်း (ဟော်လန်)အပွင့်ကြီး(၅)ခက်ပါ တစ်စီးလျှင်(၂၅၀၀)ကျပ်၊ သစ္စာပန်း အပွင့်သေး စာကလေးပန်း (၅)ခက် ပါ တစ်စီးလျှင်(၂၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး ယခု စက်တင်ဘာလ(စတုတ္ထပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော သစ္စာပန်း ဈေးနှုန်းအနေဖြင့် သစ္စာပန်း(ဟော်လန်) အပွင့်ကြီး (၅)ခက်ပါ တစ်စီးလျှင်(၃၀၀၀)ကျပ်၊ သစ္စာပန်း အပွင့်သေး စာကလေးပန်း (၅)ခက်ပါ တစ်စီးလျှင် (၂၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် သစ္စာပန်း တစ်စီးလျှင် (၅၀၀) ကျပ် ဈေးနှုန်း မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။     

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဝါးရင်းမှိုပေါင်းထုတ် နှင့် ကန်ဇွန်းရွက်ပေါင်းထုတ်

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ဝါရင်းမှိုများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကြသလို ဝါရင်းမှိုများကို ကျွန်းဖက်၊ ငှက်ပျောဖက်တို့ဖြင့်ထုတ်၍ ပေါင်းပြီးလည်းရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

      ယခု စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ဝါရင်းမှိုပေါင်း ထုတ်  ဈေးနှုန်းအနေဖြင့်  ဝါရင်းမှိုပေါင်းထုတ် တစ်ထုတ်လျှင်(၈၀၀)ကျပ်၊ (၂)ထုတ်လျှင်(၁၅၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၇၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့်လည်းကောင်း အလားတူပင် ကန်ဇွန်းရွက် ဟင်းပေါင်းထုတ် ဈေးနှုန်းအနေဖြင့် ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် တစ်ထုတ်လျှင်(၅၀၀)ကျပ်၊ ငွေကျပ် (၂၀၀၀)ဖိုး(၅)ထုတ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရာသီစာဖြစ်သဖြင့် မှိုပေါင်းထုတ်သည်လည်း ရောင်းအားကောင်းလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ပန်းတနော်မြို့နယ် သင်ဖြူးဖျာ လုပ်ငန်းအကြောင်းလေ့လာ

  သင်ဖြူးဖျာရက်လုပ်သည့် လုပ်ငန်းနှင့်ပတ်သက်၍ မင်းတစု ကျေးရွာမှ ဒေါ်တုတ်တုတ် ကလည်း “သင်ဖြူးဖျာ” လုပ်ငန်းသို့ ၁၉-၉-၂၀၂၅ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ဝင်ရောက်လေ့လာခဲ့ကြောင်းသိရသည်။

     သင်ဖျာယက်လုပ်ခြင်းလုပ်ငန်းကို  ဖျာရက်တဲ့အခါမှာ သင်ပင်ကို တစ်ရက်ရေစိမ် ပြီးလွှာရကြောင်း  လွှာပြီးသား သင်တွေကို ရေခြောက်အောင်လှမ်းပြီးမှ ဖျားရက်ရတာဖြစ်ကြောင်း၊  ဖျားရက်တဲ့ အချိန်မှာတော့ ရေစွတ်ပြီးမှ ပြန်ရက်ရပြီး အဲဒါမှ သင်ဖြူးဖျာက ကျဲမနေပဲ ခပ်စိတ်စိတ်လေး ဖြစ်နေမှာဖြစ်ကြောင်း၊  ရေမစွတ်ရင်သင်တွေက ကျဲနေမှာ ဖြစ်ကြောင်း၊ တစ်ရက်ကို ဖျာနှစ်ချပ်လောက် ရက်နိုင်ကြောင်း သိရသည်။  တချို့လည်း ကျွမ်းကျင်မှုပေါ်မူတည်ပြီး သုံး၊ လေးချပ် ထွက်ရှိသည်။  လက်ခအနေနဲ့ ၅၀၀၀-၆၀၀၀  ကျပ် ပေးရသည်။ ကိုယ့်အိမ်မှာနေရင်း လုပ်ရတဲ့အတွက် အိမ်မှုကိစ္စလုပ်ရင်း သက်သက်သာသာလုပ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အိမ်ခြေ ၃၅၀ လောက်ရှိတဲ့ ကျွန်မတို့ရွာမှာ တစ်ရွာလုံးနီးပါးပဲ။ မိရိုးဖလာလုပ်ငန်းအနေနဲ့ လုပ်ကြပါတယ်” ဟု သင်ဖျာယက်လုပ်သူ ဒေါ်တုတ်တုတ်က ၇ှင်းပြသည်။

      အဆိုပါကျေးရွာမှ သင်ဖြူးဖျာများကို လက်ကားဈေးနှုန်းများအဖြစ် ၄ ပေ x ၆ ပေအရွယ်ရှိ တစ်ယောက်အိပ် တစ်ချပ်လျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ၆ ပေ x  ၅ ပေခွဲအရွယ်ရှိ နှစ်ယောက်အိပ် တစ်ချပ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ၆ ပေ x  ၆ ပေခွဲအရွယ်ရှိ မိသားစုဖျာ တစ်ချပ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချသည့်အပြင် ၎င်းကျေးရွာသို့ တိုက်ရိုက်လာရောက် ဝယ်ယူမှုများလည်းရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော လက်ပန်ပွင့်ခြောက် နှင့် သရက်သီးခြောက် ဈေးနှုန်း

     ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များအပြင်  အခြား ဒေသမှဝင် ရောက်လာသည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ ကိုရောင်းချလျက်ရှိသည့်အနက် အပွင့် ခြောက်/အသီးခြောက်မျိုးစုံဖြစ်သည့် ကြောင်လျှာပွင့်ခြောက်၊ လက်ပန်ပွင့်ခြောက်၊ သရက်သီး ခြောက်၊ ခရမ်းသီးခြောက်၊ ဘူးသီးခြောက်နှင့် ဇီးဖြူသီးခြောက် တို့ကို ရောင်းချလျက်ရှိရာမှ လက်ပန်ပွင့်ခြောက် ကိုလည်း ရောင်းချလျက်ရှိပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ ပိတောက်မြိုင်ဈေး၌ ရောင်းချ လျက်ရှိသော လက်ပန်ပွင့်ခြောက် ဈေးနှုန်းမှာ လက်ပန်ပွင့်ခြောက် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ‌ (၁၀)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး သရက်သီးခြောက် ဈေးနှုန်းအနေဖြင့် သရက်သီးခြောက် တစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ သရက်သီးခြောက်(၅၀)ကျပ်သားလျှင်(၃၃၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၇၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ရုံးပတီသီး နှင့် ကင်းမုံသီး ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်း အတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချ လျက်ရှိကြောင်းသိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၏ ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး လက်လီ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အလားတူပင် ကင်းမုံသီး တစ်ပြည်လျှင်(၂၂၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၁၁၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ‌ရွှေဖရုံသီး နှင့် ဘူးသီး

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိပြီး ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း ဘူးသီး ဈေးနှုန်း အနေဖြင့် ဘူးသီး(အကြီး)စ်လုံးလျှင်(၂၀၀၀ မှ ၃၀၀၀)ကျပ်ထိ ၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၁၅၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းအနည်းငယ်ကျဆင်းလာသော မြေပဲလုံးဆံ၊ မြေပဲပတ် နှင့် မြေပဲဆီ

   ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဆီသန့်စက်များတွင် မြေပဲလုံးဆံများကို ဒေသ တွင်း ထွက်ရှိသည်များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မြေပဲလုံးဆံ ဈေးနှုန်း အနေဖြင့် မြေပဲလုံးဆံ တစ်ပြည့်လျှင်(၁၁၀၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၅၇၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၁၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း မြေပဲဆီ ဈေးနှုန်းအနေဖြင့် မြေပဲဆီ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ မြေပဲဆီ(၁၀)ပိဿာ တစ်ပုံးလျှင်(၁၈၀၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း မြေပဲပတ် ဈေးနှုန်းအနေဖြင့် မြေပဲပတ် တစ်ပိဿာလျှင်(၃၈၀၀)ကျပ် ဈေးနှုန်းရှိပြီး မြေပဲပေါ်ချိန်ဖြစ်သည့်အတွက် မြေပဲလုံဆံ၊ မြေပဲဆီ နှင့် မြေပဲပတ် ဈေးနှုန်း ယခင် အပတ်ထက် အနည်းငယ်ကျဆင်းလျက်ရှိကြောင်း မြေပဲပတ်ကို မိမိတို့ ဒေသတွင်း ဝက်စာ၊ ကြက်စာ အပြင်ပိုလျှံသည့်ပဲပတ်များကို  မန္တလေးမြို့သို့ ပို့ဆောင် ရောင်းချလျက် ရှိကြောင်း ဆီစက်လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

‌ပဲလင်းမြွေသီးနှင့် သခွားသီး ဈေးနှုန်း

    ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီးတို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွေသီးများကို စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါသည်။

     ယခု စက်တင်ဘာလ စတုတ္ထအပတ်တွင် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီး ဈေးနှုန်း အနေဖြင့် ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး အကြီးစ်တောင့်လျှင်(၀၀)ကျပ်၊ (၂)တောင့်လျှင်(၁၅၀၀)ကျပ်၊ အလတ် စ်တောင့်လျှင်(၀၀)ကျပ် နှင့် အသေး စ်တောင့်လျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)တောင့် တို့ဖြင့် ရောင်းချလျက်ရှိပြီး  အလားတူပင် သခွားသီး ဈေးနှုန်း အနေဖြင့် ဒေသထွက် သခွားသီး အကြီး (၁)လုံးလျှင်(၈၀၀)ကျပ် နှင့် အသေးတစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော စွန်တာနီပဲ(ခေါ်)ပဲနီရေပွ နှင့် စားတော်ပဲပြုတ် ဈေးနှုန်း

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည့်တို့အနက်မှ စွန်တာနီပဲ(ခေါ်)ပဲနီ နှင့် စားတော်ပဲတို့ကိုလည်း ကန့်ဘလူမြို့ပွဲရုံများနှင့်ကျွန်းလှမြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

     ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ပိတောက်မြိုင်ဈေး၏ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ ဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ စွန်တာနီ ပဲ(ခေါ်)ပဲနီရေပွ နို့ဆီဘူး(၄)ဘူးလျှင်(၂၄၀၀)ကျပ်နှင့် နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ် နှင့် စားတော်ပဲပြုတ် လဖက်ရည်သောက်ပန်ကန် တစ်လုံးလျှင်(၅၀၀)ကျပ် (၂၀၀၀)ကျပ်ဖိုးလျှင်(၅)ပန်းကန် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲရေပွနှင့်စားတော်ပဲပြုတ် ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော  ပဲပုတ် ပဲငပိအစို နှင့် ပဲပုတ်ပဲငပိခြောက် ဈေးနှုန်း

    ကျွန်းလှမြို့ရှိ ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ပဲပုတ် ပဲငပိများကို မိမိတို့ဒေသထွက် ကိုယ်တိုင်လုပ်ရောင်းခြင်းနှင့် ကာဘိုးကျေးရွာတို့ မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပဲပုတ် ပဲငပိ ဈေးနှုန်းအနေဖြင့် ပဲပုတ် ပဲငပိ လက်လီ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ပဲပုတ် ပဲငပိ(၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် ပဲပုတ် ပဲငပိ(၂၅)ကျပ်သားလျှင်(၁၅၀၀) ကျပ် နှင့် ပဲပုတ်ပဲငပိခြောက် ဈေးနှုန်းအနေဖြင့်  ပဲပုတ် ပဲငပိခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ပဲပုတ် ပဲငပိ ခြောက်(၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ပဲပုတ် ပဲငပိခြောက် (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပဲပုတ်ပဲငပိအစိုကိုတော့ ယခုရာသီတွင် ခရမ်းသီးပြုတ် ၊ ရုံးပတီသီး၊ သခွားသီး တို့စရာအစုံပေါသည့်အတွက် ရောင်းအား ပိုကောင်းကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း