ကန့်ဘလူမြို့မဈေးရှိ သရက်သီးခြောက်နှင့် ခရမ်းသီးခြောက်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”တွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် ရာသီစာ သရက်သီးခြောက်နှင့် ခရမ်းသီးခြောက်များကို မိမိတို့ဒေသထွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခရမ်းသီးခြောက် (၁)ပြည်လျှင်(၁၀၀၀)ကျပ်၊ (၂)ပြည်လျှင် (၁၈၀၀)ကျပ်၊ စက်တင်ဘာလ ပထမပတ်အတွင်း သရက်သီးခြောက် (၁၀)ကျပ်သားလျှင် (၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)









