Main menu

မအူပင်မြို့နယ်တွင် အမှတ် ၅ရပ်ကွက် ပြည်သူများအား စားအုန်းဆီ၊ ဆန်နှင့် ကြက်ဥများ သက်သာသောဈေးဖြင့်ရောင်းချ

Powered by Drupal

          ၂၅-၉-၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကြက်ခြံမွေးမြူရေးလုပ်ငန်းရှင်များစုပေါင်း၍ ဌာနဆိုင်ရာများကြီးကြပ်ကာ အမှတ် ၅ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်ကွက်နေပြည်သူများကို  စားအုန်းဆီ၊ ဆန်နှင့် ကြက်ဥများ သက်သာသောဈေးဖြင့်ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ရောင်းချရာတွင် ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်မှုဖြင့် စားအုန်းဆီ ပိဿာ ၁၁၀၊ ဆန် ၁၀အိတ်၊ ကြက်ဥ အလုံးရေ ၃၀၀၀ လုံးကို ‌ရောင်းချပေးရာ ဆီသတ်မှတ်ရည်ညွှန်းဈေး၊ ဆန် ၁ပြည် ၃၀၀၀ကျပ်၊ ကြက်၌ ၁လုံး ၃၅၀ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)