Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ဂဏန်းမဲဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများတည်ရှိပြီး ပင်လယ်လုပ်ငန်းများ ဖြင့်အများဆုံး သက်မွေးဝမ်းကျောင်းပြုလုပ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါသည်။ ပင်လယ် ပြင်သို့ ငါးဖမ်းလှေအကြီး/အငယ်များဖြင့် ငါး/ပုဇွန်/ဂဏာန်းများဖမ်းယူပြီး ဒေသတွင်း ရောင်းဝယ် စားသုံးကြသလို ပြည်ပသို့လည်း  တင်ပို့ရောင်းချလျက်ရှိပါသည်။ အဆိုပါ ငါးဖမ်းလှေများနှင့် ဒေသတွင်း တစ်နိုင်တစ်ပိုင် ဂဏာန်းလှေများမှ ဖမ်းဆီးရရှိသော ဂဏာန်းများအနက် ဂဏာန်းမဲ  စျေးနှုန်းများမှာ အကြီးတစ်ပိဿာလျှင် (၀၀၀)ကျပ်နှင့် ဂဏာန်းမဲအလတ်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ သဲဂဏာန်းတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မြိတ်မြို့ ပေါ်ရှိ၊ မြို့မစျေးကြီးများနှင့် အခြားသော ဈေးရှိ ငါး/ပုဇွန် အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ မိုးရာသီငါးဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊   ဆိပ်ငယ်စည်ပင်သာယာဈေးနှင့် အခြားသောဈေး များတွင်   မိုးရာသီအတွင်း ငါး၊ပုဇွန်နှင့် ရေထွက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်  အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့်စျေးနှုန်းများမှာ ဘီးဇင်း(ငါးကေားရှပ်) တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ဇယောအကြီးတစ်ပိဿာလျှင် (၂၄၀၀၀) ကျပ်မှ အငယ်တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊   ငါးမုန့်ဖြူတစ်ပိဿာ လျှင်(၃၀၀၀ဝ)ကျပ်၊ ကုလားကုတ်တစ်ပိဿာလျှင် (၁၈၀၀ဝ)ကျပ် ကပြုန်းတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ကပြေမ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပလာတူးတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဖောင်ကင်းမွန် တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ခူတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဟင်းချိုမ အသားသီးသန့် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ဂဏာန်းမဲအကြီးတစ်ပိသာလျှင် (၁၀၀၀၀)ကျပ်မှ ဂဏာန်းမဲ အလတ်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ သဲဂဏာန်းတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ရှိပြီး အခြား သောငါးဈေးနှုန်းများလည်း အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ စိမ်းစားဥဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ကုန်စိမ်းဈေးကြီးနှင့် အခြားသောဈေး များတွင် စိမ်းစားဥများကို အများအပြားရောင်းချနေကြောင်း တွေ့ရှိရပါသည်။ စိမ်းစားဥသည် ချို အေးသောအရသာရှိပြီး အရည်ရွမ်းပြီး စားလို့ကောင်းသော အသီးတစ်မျိုးလည်း ဖြစ်သည်။ စိမ်း စားဥသည် လူကြီး/လူငယ်မ‌‌ရွေး  ကြိုက်နှစ်သက်သော အသီးတစ်မျိုးဖြစ်သည်။ စိမ်းစားဥသည် ရေဓာတ်ကြွယ်ဝပြီး လူတို့၏ ကျန်းမာရေးကို အကျိုးပြုစေသည်။ သဘာဝအရ စိမ်းစားဥသည် မြေကြီးထဲတွင် ဥဥလေ့ရှိသော အသီးဖြစ်သဖြင့် ကပ်ပါးပိုးမွှားများ အန္တရာယ်မှ ကင်းဝေးအောင် အခွံနွာရုံသာမက ရေစင်စင်ဆေးပြီးမှ စားသုံးသင့်သည်။ ယခုလိုဆောင်းဥတုတွင် ခန္ဓာကိုယ်တွင်း ကျန်းမာရေးကင်းဝေးအောင် ရေဓာတ်ကြွယ်ဝကာ အေးမြသော စိမ်းစားဥကို စားပေးသင့်ပါသည်။

     ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေ သော စိမ်းစားဥဈေးနှုန်းမှာ တစ်တွဲလျှင် (၂၀၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ရှိ ကြောင်း သိရှိရပါသည်။

DOCA(တနင်္ဿာရီ)

 

 

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အခြေခံစားကုန်ဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိဈေးအတွင်း အောက်တိုဘာလဒုတိယပတ်၌ ရောင်း ချလျက်ရှိသော အခြေခံစား သောက်ကုန်များဖြစ်သော ဖျာပုံပေါ်ဆန်း တစ်ပြည်လျှင် ၅၇၀၀ ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင်၂၈၀၀ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင်၂၀၀ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ချင်း တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ငရုတ်ခြောက်(အရှည်)တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ ငရုတ်ခြောက် (အပု)တစ်ပိဿာ လျှင် ၂၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် အစေ့မပါ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊သကြားတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၅၀၀ကျပ်နှင့် ဘဲဥတစ်လုံး လျှင် ၆၅၀ကျပ်တို့ အသီးသီး ရှိကြပါသည်။

     အခြေခံစားသောက်ကုန်များမှာ မြိတ်မြို့ပေါ်အတွင်း ရောင်းချလျက်ရှိသော အသား မွေးမြူရေးကြက်(စီပီ) ကြက်သားတစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်၊ကြက်သား(ဒေသကြက်)တစ် ပိဿာလျှင် (၃၁၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၃၉၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၀၀၀ကျပ် အသီးသီး ရောင်းဝယ်နေကြပြီး ဈေးနှုန်းများ တည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

ဒေသထွက် ရှပ်သီခြောက်များ၏ စျေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် ဒေသထုတ်ရေထွက်ကုန်ပစ္စည်းများ ဖြစ်သော ငါးပိ၊ ငါးခြောက်များအနက် ရှပ်သီခြောက်များကို လည်းဒေသထွက်ကုန်အဖြစ်ရောင်းချလျက်ရှိပါသည်။ ရှပ်သီခြောက်တွင် ပုလောဒေသမှ ထွက်ရှိသော ရှပ်သီ ခြောက်သည်အကောင်းဆုံးဖြစ်ပြီး ယခင်က ကားလမ်းမှ ခရီးသွားသူများမှ ဝယ်ယူသူများပြားကြောင်းသိရှိရပါသည်။ အဆိုပါရှပ်သီခြောက်များကို  မြိတ်မြို့တွင် အကင်ရောင်းချသူများမှ ဝယ်ယူလျက်ရှိပြီး လမ်းဘေးစျေးဆိုင်များနှင့် ညစျေးတန်း များတွင်အများဆုံးရောင်းချကြကြောင်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလစျေးနှုန်းအရ အချောင်း(၂၀)ပါရှပ်သီခြောက်တစ်စည်းလျှင် ကျပ် ၃၅၀၀ ခန့်‌စျေးရရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ ပုဇွန်ချဉ်စျေးနှုန်းစျေးကွက်

      တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် ငါး၊ ပုဇွန် များကို ဖမ်းဆီရမိလျက်ရှိပြီး ဒေသထွက်ကုန်အဖြစ် ပုဇွန်ချဉ်သည်လည်း ထင်ပေါ်ကျော်ကြားလျက်ရှိ သည်။ မြိတ်ခရိုင်တွင် ပုလော‌ဒေသမှ ထွက်ရှိသော ပုဇွန်ချဉ်သည် လူကြိုက်အများဆုံးဖြစ်သည်။ ခရီးသွားသူများနှင့် အလည်အပတ်သွားရောက်သူများက ဝယ်ယူလျက်ရှိကြပြီး အခြားဒေသများသို့ လည်းတင်ပို့ရောင်းချလျက်ရှိပါသည်။ ပုဇွန်ချဉ်ပြုလုပ်ရာတွင် ခေါင်းနှင့် ကျောဘက်မှ အမဲရောင် ပုဇွန်ဂျီးများ ဖယ်ရှားပေးရပြီး လိုအပ်သောဆားနှင့် ခပ်မာမာချက်ထားသောဆန်များဖြင့်လေလုံသော ဗူးတွင် ထည့်ကာ အပူချိန်မြင့်မြင့်ဖြင့်ထားရှိရပြီး နောက်၃ရက်ခန့်တွင် ပုဇွန်ချဉ်ရရှိကြောင်း သိရှိရပါ သည်။

    မြိတ်မြို့တွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလစျေးနှုန်းအရ ပုဇွန်ချဉ်အငယ်တစ်ဗူးလျှင် ၈၀၀၀ ကျပ်နှင့် ဗူးကြီး တစ်ဗူးလျှင် ၂၇၀၀၀ကျပ်ရှိပြီး ရန်ကုန်နှင့် အခြေားဒေသသို့တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်ခရိုင်အတွင်းထွက်ရှိသော ကမ်းဇော်ဆီ စျေးနှုန်းစျေးကွက်

     ကမ်းဇော်ပင်ကို စွတ်စိုဒေသများတွင် အလေ့ကျပေါက်ရောက်လေ့ရှိပြီး စီပွားဖြစ် စိုက်ပျိုးကြ သူများလည်း ရှိသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးတွင် အဓိက ပေါက်‌ရောက် လေ့ရှိပြီး မြိတ်ခရိုင်၌ တနင်္သာရီမြို့နယ်၊ ကျွန်းစု၊ ဘုတ်ပင်နှင့် မြို့အနီးရှိ ကျေးရွာများတွင် အများဆုံးတွေ့ရှိနိုင်သည်။ ကျန်းမာရေးအရ သင့်လျော်ပြီး အရိုးအဆစ်နာကျင်ကိုက်ခဲခြင်း၊ ခေါင်း ကိုက်ခြင်း၊ အသားအရည်လှပခြင်း၊ နားကိုက်ခြင်း၊ ဝမ်းချုပ်ရောဂါ၊ သွားသွေးယိုစိမ့်ခြင်း နှင့် ခြေကွဲ၊ လက်ကွဲ၊ အသားအရည်ကွဲအက်ခြင်းများအတွက် အသုံးပြုနိုင်သည်။ ကျေးရွာများမှတစ်ဆင့် ကမ်း ဇော်ဆီအစေ့ကို သယ်ယူ၍ မြိတ်မြို့ရှိ ကမ်းဇော်ဆီရောင်းချသူများသို့ ပြန်လည်ရောင်းချပြီး ပုလင်း အမျိုးမျိုး အရွယ်အစားအမျိုးမျိုး ထုတ်ပိုးပြီး စျေးကွက်အတွင်း ထုတ်ကုန်လှလှများဖြင့် တင်ပို့ရောင်း ချလျက်ရှိကြပါသည်။

          မြိတ်မြို့တွင်ကမ်းဇော်ဆီအစေ့တစ်ပြည်ကို(၁၀၄၀၀၀)ကျပ်ခန့်စျေးရရှိပြီး နှစ်ပြည်ကြိတ်လျှင် ၁လီတာဖန်ပုလင်းတစ်ဗူးရရှိကြောင်း ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့အရ ကမ်းဇော်ဆီ တစ်ဗူး လျှင် ၂၆၀၀၀၀ ကျပ် ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကော့သောင်းမြို့ ပေါ်ရှိ ကြက်သွန်နီ စျေးနှုန်း/စျေးကွက်

     ကော့သောင်းမြို့တွင် မီးဖိုချောင်သုံးသီးနှံဖြစ်သည့် ကြက်သွန်နီကို နေရာအနှံ့အပြားတွင် ရောင်းချကြပါသည်။ ကော့သောင်းမြို့ဈေးကွက်အတွင်း အပတ်စဉ်ဝင်ရောက်လျက်ရှိပြီး ဒေသတွင်း လက်လီ/ လက် ကားဝယ်ယူသူများ၊ မြို့နယ်များမှတစ်ဆင့် ပြန်လည်ရောင်းချသူများ ပုံမှန်ရောင်းဝယ်နေကြောင်းသိရှိ ရပါသည်။ ၂၀၂၅ခုနှစ် ယခင်စက်တင်ဘာလတွင် ကော့သောင်းမြို့နယ်ရှိ ကြက်သွန်နီ တစ်ပိဿာ လျှင်(၂၇၀၀ိ/-)ကျပ်ရှိပြီး၊ ယခု အောက်တိုဘာလတွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၂၇၀၀ိ/-)ကျပ်ရှိပြီး ယခင်လနှင့် စျေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီစျေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

ခရမ်းချဉ်သီး စျေးနှုန်း/စျေးကွက်

   တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းခရိုင်တွင် နှစ်ရှည်အပင်ကို အများဆုံး စိုက်ပျိုး လျက်ရှိပြီး ရာသီပေါ်သီးနှံများကို ကျေးရွာများအချို့တွင် စိုက်ပျိူးလျက်ရှိရာ ခရမ်းချဉ်သီးများကို ရာသီမရွေး တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ခရမ်းချဉ်သီးသည် လူကြိုက်များသောသီးနှံတစ်မျိုးလည်းဖြစ်ပါသည်။

     ခရမ်းချဉ်သီးကိုစိုက်ခင်းများမှ ကော့သောင်းမြို့ပေါ်ရှိ စည်ပင်သာယာစျေးကြီးများ အတွင်း သို့သွားရောက်၍ရောင်းချကြပြီး ယခုပတ်အတွင်း လေ့လာချက်များအရ ခရမ်းချဉ်သီး တစ်ပိဿာ လျှင်(၅၅၀၀-၆၀၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA (တနင်္သာရီ)

 

မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ဈေးနှုန်းအနည်းငယ်မြင့်တက်

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ကို ပဲခူးမြို့နှင့် ရန်ကုန်မြို့တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ငါးပိကောင်()ပိဿာလျှင် ကျပ်(၃၂၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ(ဒုတိယပတ်)တွင် ကျပ်(၃၀၀၀၀) ဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ကြောင်း သိရသည်။ မင်းဘူးမြို့မဈေး၌ ငါးပိ၊ ငါးခြောက်များကို ရန်ကုန်မြို့နှင့် ပဲခူးမြို့တို့မှ တိုက်ရိုက်မှာယူရောင်းချသည့် အတွက် ယခုအချိန်တွင် သယ်ယူစရိတ်မြင့်တက်လာသည့်အတွက် ဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ် ကြောင်း သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း