Main menu

တောင်ငူမြို့နယ်အတွင်းရှိ ဆန် နှင့် အခြေခံစားကုန်များဈေးနှုန်းစျေးကွက်

Powered by Drupal

  တောင်ငူမြို့ ဈေးလမ်းနှင့် မြို့မဈေးအတွင်းရှိ ဆန်ပွဲရုံများတွင် ယခင်လက ပိဿာ(၃၀)နှံကောက် ၁ အိတ်လျှင် ၄၅၀၀၀ ကျပ် ရှိပြီး ယခုအောက်တိုဘာလ ဒုတိယအပတ်တွင်လည်း ပိဿာ(၃၀)နှံကောက် ၁ အိတ်မှာ ၄၅၀၀၀ ကျပ်နှင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပါသည်။ ယခင်လက ဗျော့ထွန်း အဟောင်း ၁ အိတ် ၇၂၀၀၀ ကျပ် ၊ ယခုအောက်တိုဘာလ ဒုတိယအပါတ်တွင် ဗျော့ထွန်းအဟောင်း ၆၅၀၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလာပြီး ဗျော့ထွန်းအသစ်မှာ ယခင်လက ၆၈၀၀၀ကျပ် ၊ ယခုအောက်တိုဘာလ ဒုတိယအပါတ် ၁ အိတ် ၆၀၀၀၀ ကျပ်ဈေးနှုန်းကျဆင်းလျက်ရှိသည်။

   ဖွဲနု ၁ အိတ်လျှင် ယခင်လက ၃၀၀၀၀ ကျပ် ၊ ယခုအောက်တိုဘာလ ဒုတိယအပါတ် ၁ အိတ် ၂၈၀၀၀ ကျပ်၊ ဆန်ကွဲ (၂၊၃၊၄) ၁ အိတ် ယခင်လက ၄၀၀၀၀ ကျပ်၊ ယခုအောက်တိုဘာလ ဒုတိယအပါတ် ၃၈၀၀၀ ကျပ် ထိဈေးနှုန်းကျဆင်းလာကြောင်း သိရှိရပြီး အခြေခံစားကုန်များအနေနှင့် မြေပံဆံ ၁ ပိဿာ ၈၁၀၀ ကျပ်၊ ကုလားပဲခြမ်း ၁ ပိဿာ ၆၇၀၀ ကျပ်၊ သကြား ၁ ပိဿာ ၅၀၀၀ ကျပ်၊ အိုင်အိုဒင်းဆား (၃၅ကျပ်သား)၁ ထုပ် ၈၀၀ ကျပ် ၊ရိုးရိုးဆားကြမ်း၁ပိဿာလျှင် ၂၀၀၀ကျပ်၊ ကြက်သွန်ဖြူအလတ် ၁ပိဿာလျှင် ၃၅၀၀ ကျပ်၊ ကြက်သွန်နီ အလတ် ၁ပိဿာလျှင် ၁၅၀၀ ကျပ်၊ ငရုပ်သီးခြောက် အပု ၁ပိဿာ ၁၅၀၀၀ ကျပ်၊ ငရုပ်သီးခြောက် အရှည် ၁ပိဿာလျှင် ၁၁၀၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျှက်ရှိကြောင်း ကုန်စုံဆိုင်များမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)