Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ စိမ်းစားဥဈေးကွက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ကုန်စိမ်းဈေးကြီးနှင့် အခြားသောဈေး များတွင် စိမ်းစားဥများကို အများအပြားရောင်းချနေကြောင်း တွေ့ရှိရပါသည်။ စိမ်းစားဥသည် ချို အေးသောအရသာရှိပြီး အရည်ရွမ်းပြီး စားလို့ကောင်းသော အသီးတစ်မျိုးလည်း ဖြစ်သည်။ စိမ်း စားဥသည် လူကြီး/လူငယ်မ‌‌ရွေး  ကြိုက်နှစ်သက်သော အသီးတစ်မျိုးဖြစ်သည်။ စိမ်းစားဥသည် ရေဓာတ်ကြွယ်ဝပြီး လူတို့၏ ကျန်းမာရေးကို အကျိုးပြုစေသည်။ သဘာဝအရ စိမ်းစားဥသည် မြေကြီးထဲတွင် ဥဥလေ့ရှိသော အသီးဖြစ်သဖြင့် ကပ်ပါးပိုးမွှားများ အန္တရာယ်မှ ကင်းဝေးအောင် အခွံနွာရုံသာမက ရေစင်စင်ဆေးပြီးမှ စားသုံးသင့်သည်။ ယခုလိုဆောင်းဥတုတွင် ခန္ဓာကိုယ်တွင်း ကျန်းမာရေးကင်းဝေးအောင် ရေဓာတ်ကြွယ်ဝကာ အေးမြသော စိမ်းစားဥကို စားပေးသင့်ပါသည်။

     ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေ သော စိမ်းစားဥဈေးနှုန်းမှာ တစ်တွဲလျှင် (၂၀၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ရှိ ကြောင်း သိရှိရပါသည်။

DOCA(တနင်္ဿာရီ)