
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် ဒေသထုတ်ရေထွက်ကုန်ပစ္စည်းများ ဖြစ်သော ငါးပိ၊ ငါးခြောက်များအနက် ရှပ်သီခြောက်များကို လည်းဒေသထွက်ကုန်အဖြစ်ရောင်းချလျက်ရှိပါသည်။ ရှပ်သီခြောက်တွင် ပုလောဒေသမှ ထွက်ရှိသော ရှပ်သီ ခြောက်သည်အကောင်းဆုံးဖြစ်ပြီး ယခင်က ကားလမ်းမှ ခရီးသွားသူများမှ ဝယ်ယူသူများပြားကြောင်းသိရှိရပါသည်။ အဆိုပါရှပ်သီခြောက်များကို မြိတ်မြို့တွင် အကင်ရောင်းချသူများမှ ဝယ်ယူလျက်ရှိပြီး လမ်းဘေးစျေးဆိုင်များနှင့် ညစျေးတန်း များတွင်အများဆုံးရောင်းချကြကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလစျေးနှုန်းအရ အချောင်း(၂၀)ပါရှပ်သီခြောက်တစ်စည်းလျှင် ကျပ် ၃၅၀၀ ခန့်စျေးရရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
