Main menu

ခရမ်းကစော့သီးပင်များ စိုက်ပျိုးထားခြင်းဖြင့် အပိုဝင်ငွေရရှိနေ

Powered by Drupal

       တောင်ငူမြို့အနီးရှိ ကျေးလက်နေပြည်သူများသည် မိမိတို့ခြံဝန်းများတွင် အရိပ်ရစေရန် နှစ်ရှည်ခံ အပင်များနှင့် ဈေးဖိုးသက်သာစေရန် ဟင်းသီးဟင်းရွက်နှင့်အသီးအနှံပင်များကို စိုက်ပျိုး လေ့ရှိကြသည်။  ခရမ်းကစော့သီးပင်များ စိုက်ပျိုးထားခြင်းဖြင့် အိမ်ရှင်မများ အပိုဝင်ငွေရရှိနေပြီး  ခရမ်းကစော့သီးပင်သည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသများမှာ အများအပြားစိုက်ပျိုးကြသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။

          ခရမ်းကစော့သီး၏အပင်အရွယ်အစားသည် သုံးတောင်ခန့်သာအမြင့်ရှိ၍ အကိုင်းအခက် များတွင် မာသောဆူးများရှိသည်။ အသီး၏အရွယ်အစားသည် ဇီးဖြူးသီးအငယ်စားခန့်သာရှိပြီး အစိမ်းရောင်အသီးလေးများကို စားလိုက်တိုင်း ဖောက်ခနဲမြည်၍  အသီးကို မီးကင်ခြင်း၊ ရေနွေး ဖျော၍ ငါးပိရည်၊ ငရုတ်သီးထောင်း များဖြင့် တို့စာရာအဖြစ် အများဆုံးစားသုံးလေ့ရှိကြပြီး တစ်ခါ တစ်ရံ ဟင်းအဖြစ်ချက်စားခြင်းဖြင့်လည်း နှစ်သက်ရာစားသုံးကြသေးသည်။

       ဈေးနှုန်းအနေဖြင့် ဈေးကွက်အတွင်းတွင် ၁၀ကျပ်သားလျှင် ၅၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိနေပြီး များများဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)