Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သစ်သီးဈေးကွက်၌ ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည့် စပျစ်သီး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ တယ်သီး၊ ပန်းသီး၊ လိမ္မော်သီးနှင့် ပန်းသီးများကို မြစ်ကြီးနားနှင့် မန္တလေးမြို့တို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့သစ်သီးဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း စပျစ်သီး အစေ့ပါ(၁)ပိဿာလျှင်(၃၂၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၆၀၀၀)ကျပ်၊ စပျစ်သီးအစေ့လွတ် (၁)ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ၊ယခုနိုဝင်ဘာလ ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း စပျစ်သီးအစေ့လွတ် (၁)ပိဿာလျှင် (၃၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့နယ်၏ဈေးနှုန်းမြင့်တက်လာသောပဲစဉ်းငုံ

            မြင်းခြံမြို့နယ်သည် ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံနှင့်  ကြက်သွန်နီသီးနှံများ စိုက်ပျိုးလျက် ရှိရာ ပဲစဉ်းငုံသီးနှံကိုလည်း တောင်သူများအနေဖြင့် နှစ်စဉ်စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း၊ ဒေသတွင်းစိုက်ပျိုးသောမျိုးမှာ သက်ကြီးရွှေဒင်္ဂါးမျိုးများကို  စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇)လကျော် ကြာမြင့်ကြောင်း၊ မေလနှင့် ဇွန်လတို့တွင်စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ တောင်သူများအနေဖြင့် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင်လှိုင်လှိုင်ထွက်ရှိသော ပဲစဉ်းငုံများကို မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့‌ ရောင်းချကြောင်း၊ ပဲအစိုဓာတ်ကုန်ဆုံးသော မတ်လနှင့် ဧပြီလတို့တွင် စတင်သိုလှောင်ကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလစတုတ္ထပတ်တွင် ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၇၅၀၀၀) ကျပ်၊ ပဲစဉ်ငုံနီတစ်တင်းလျှင် (၈၀၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါ ယခုလတွင်ပဲစဉ်းငုံဖြူ တစ်တင်းလျှင် (၁၅၀၀) ကျပ်၊ ပဲစဉ်ငုံနီတစ်တင်းလျှင် (၂၀၀၀) ကျပ်ခန့်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ နေ့စဉ်အိတ်အရောင်း အဝယ် (၁၀၀-၁၅၀)အိတ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသအတွင်းရှိ ပွဲရုံများမှ တဆင့်ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ကုန်စည်ဒိုင်မှ တာဝန်ရှိသူ၏ပြောပြချက် အရသိရှိရသည်။

 DOCA (မန္တလေး)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ လိမ္မော်သီးနှင့် ချယ်ရီပန်းသီး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ နာနတ်သီး၊ ပန်းသီး၊ သခွားမွှေးသီး၊ ဖရဲသီး၊ ငှက်ပျောသီးနှင့် လိမ္မော်သီးများ ရောင်းချလျက်ရှိရာ ချယ်ရီပန်းသီးနှင့် လိမ္မော်သီးများကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း လိမ္မော်သီး (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ပျားလိမ္မော်သီး(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ချယ်ရီပန်းသီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလ ဒုတိယပတ်အတွင်း ချယ်ရီပန်းသီး(၁)ပိဿာ လျှင် (၂၀၀၀)ကျပ်ဈေးနှုန်းဆက်လက်ကျဆင်းသွားကြောင်း သစ်သီးဆိုင်များမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကြက်ဥဈေးနှုန်းဈေးကွက်အခြေအနေ

    မြင်းခြံမြို့နယ်အတွင်းရှိ မွေးမြူရေးကြက်များကိုဒေသတွင်း တစ်ပိုင်တစ်နိုင်မွေးမြူကြ ကြောင်းနှင့် လိုအပ်သောမွေးမြူရေးကြက်ဥများကို မန္တလေးမြို့နှင့် ပခုက္ကူမြို့တို့မှ ဝယ်ယူရောင်းချ ကြောင်း သိရှိရသည်။ အေးမြသီတာဈေးတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာပထမပတ်တွင် ရောင်းချနေသော ကြက်ဥလက်လီတစ်လုံးလျှင် (၄၈၀-၅၀၀)ကျပ်ဈေးနှုန်း နှင့် ကြက်ဥတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ နေ့စဉ်ကြက်ဥ (၁၅-၂၀) ပိဿာခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်ဥအကြီးအသေးနှင့် အရွယ်အစားပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားကြောင်းသိရှိရသည်။ ဒေသတွင်း ဟင်းလျာအဖြစ်နှင့် စားသောက်ကုန် လုပ်ငန်းများက အများဆုံးဝယ်ယူသောကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်ဥလက်လီလက်ကား ရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ အမျိုးသမီးများ ကျန်းမာ ရေးအနေဖြင့် မီးယက်သွေးဆုံးပြီးနောက် ခန္ဓာကိုယ်၌ ဟော်မုန်းအီစထြိုဂျင် မထုတ်ပေးနိုင်သော ကြောင့် အရိုးပါးခြင်း၊ အရိုးပွခြင်းဖြစ်လာသောကြောင့် ဗီတာမင်ဒီ၊ ကယ်လ်ဆီယမ်နှင့် ပရိုတိန်းဓာတ် တွေပါဝင်သော ကြက်ဥကို နေ့စဉ် (၁-၂)လုံးခန့် စားပေးခြင်းဖြင့် အရိုးတွေကို သန်မာစေကြောင်း ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး များစွာရရှိစေနိုင်ပါကြောင်း စာပေများမှလေ့လာသိရှိရပါသည်။

DOCA (မန္တလေး)

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ သပြေပန်း၊ ရက်(၁၀၀)သပြေ၊ အာဆီယံသပြေပန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသ များတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက် ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ခြံဖွဲ့၍ တောသပြေ၊ အာဆီယံသပြေ၊ ရက်(၁၀၀)သပြေနှင့် ရွှေသပြေများစိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်း ငုတ်၊ သပြေပန်းခက်အစည်း၊ အာဆီယံသပြေနှင့် ရက်(၁၀၀)သပြေစသည်ဖြင့် ရောင်းချလျက်ရှိရာ တောသပြေပန်းခက် (၁)စီးလျှင်(၁၃၀၀)ကျပ်၊ တောသပြေငုတ်အကြီး (၁)ငုတ်လျှင်(၅၀၀၀)ကျပ်၊ အသေး(၁)ငုတ်လျှင်(၂၀၀၀မှ ၃၀၀၀)ကျပ်၊ ရက်(၁၀၀)သပြေငုတ် (၁)ငုတ်လျှင်(၃၀၀၀)ကျပ်နှင့် အာဆီယံသပြေ(၁)စည်းလျှင် (၇၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင် အောက်တိုဘာလ၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း တောသပြေပန်းခက်(၁)စီးလျှင် (၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊   ပန်းရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ ဂန္ဓမာပန်းနှင့် ပန်းတိမ်ငိုပန်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငိုပန်းစသည့် ပန်းမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုးသမီးများအလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ပြင်ဦးလွင်ဒေသထွက် ဂန္ဓမာပန်း(၁)စီးလျှင်(၅၀၀၀)ကျပ်၊ ဒေသထွက် ဂန္ဓမာပန်း(၁)စီးလျှင်(၃၀၀၀)ကျပ် ၊ပန်းထိမ်ငို ပန်းအသေး(၁)စီးလျှင် (၁၀၀၀)ကျပ်၊ ပန်းထိမ်ငိုပန်းကြီး(၁)စီးလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်အ ရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုနိုဝင်ဘာလ ပထမပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ပန်းထိမ်းငိုပန်း(၁)စီးလျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 ၂၀၂၅ခုနှစ်၊နိုဝင်ဘာလပထမပတ်၌ ညောင်ဦးမြို့နယ်၏စားသုံးဆီဈေးနှုန်းများ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင်ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံစားကုန်ဈေးနှုန်းများကိုလည်းအပတ်စဉ်တင်ပြလျက်ရှိကြောင်း၂၀၂၅ခုနှစ်၊နိုဝင်ဘာလပထမပတ်တွင်ညောင်ဦးမြို့၊မဏိစည်သူဈေးရှိ စားသုံးလက်လီလက်ကား  အရောင်းဆိုင်များ၌ ရောင်းချနေသော စားအုန်းဆီလက်လီတစ်ပိဿာလျှင် (၇၄၉၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၇၂၄၅) ကျပ်  သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချလျက်ရှိ‌ကြောင်း၊မြေပဲဆီတစ်ပိဿာလျှင်(၁၄၅၀၀)ကျပ်၊နှမ်းဆီ(ဆုံဆီ)တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ခန့်ပေါက် ဈေးများဖြင့်‌ ရောင်းချလျက်ရှိကြောင်း၊ ယခင်လထက် ယခုနိုဝင်ဘာလပထမပတ်တွင်စားအုန်းဆီဈေးနှင့်မြေပဲဆီ၊ ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိပြီး၊ နှမ်းဆီ(ဆုံဆီ) ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း စားသုံးဆီလက်လီ၊ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA (မန္တလေး)

 

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလပထမပတ်၌   ညောင်ဦးမြို့မဏိစည်သူဈေးရှိအခြေခံစားကုန်ဈေးနှုန်းများ

          ညောင်ဦးမြို့နယ်အတွင်းရှိ မဏိစည်သူဈေးတွင် သစ်သီးဝလံဟင်းသီးဟင်းရွက်၊ မုန့်မျိုးစုံ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အသားငါးမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၆၀၀၀-၆၅၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာ လျှင် (၇၂၄၅-၇၄၉၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၁၄၀၀-၁၄၅၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် (၆၀၀၀ - ၆၅၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၃၄၀၀၀-၃၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ ပိဿာလျှင် (၃၄၀၀၀-၃၅၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၂၉၀၀၀-၃၀၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် ၁ ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် ၁ ပိဿာ လျှင်(၁၅၀၀၀-၁၆၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၅၀-၅၀၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀-၆၅၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်လထက်  ယခုလတွင် ဆန်ဈေးနှင့် ငါးဈေးနှုန်းများ မှာတည်ငြိမ်လျက်ရှိပြီး၊ ဆိတ်သား၊ ဝက်သားနှင့်  အမဲသားဈေးများမှာ ဈေးနှုန်းမြင့်တက်ခဲ့၍ ပဲဆီသန့်၊ စားအုန်းဆီ ကြက်သွန်နီ၊ ကြက်သွန်ဖြူများမှာ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

 

အဆုတ်အားကောင်းစေသောဆေးကုလားမ

            လျှော်ဖြူပင်ဆိုသည်မှာ မြန်မာနိုင်ငံတွင် ရိုးရာဆေးအဖြစ်စိုက်ပျိုးထားရှိ၍ ၎င်းအပင်မှ လျှော်ဖြူစေး(ခေါ်)ဆေးကုလားမများထွက်ရှိကြောင်းသိရှိရသည်။ အပင်ကြီးအမျိုးအစား ဖြစ်၍ နှစ်ပေါင်း (၈၀)ကျော်အသက်ရှင်နိုင်ပြီး အမြင့်(၆၀)ပေခန့်မြင့်ကြောင်း၊  လျှော်ဖြူပင်မှ ထုတ်ယူသော လျှော်ဖြူအစေး(ဆေးကုလားမ)သည် ရေကိုစုပ်ယူ၍ ပွစေနိုင်ပြီးရေးနှင့်စိမ်ထားပါကနူးညံ၍ ကော်ကပ်နိုင်စွမ်းရှိသည်။ လျှော်ဖြူပင်သည် ဆေးဝါး ထုတ်လုပ်မှု၊ အလှကုန်နှင့် အစားအသောက် ထုတ်လုပ်ရေးများတွင်အသုံးပြုကြောင်း၊  ဆေးကုလားမကို တိုင်းရင်းဆေးများ တွင်လည်း အသုံးပြုကြောင်း၊ လျှော်ဖြူစေးသည် ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝသော အာဟာရဓာတ် အရင်းအမြစ်တစ်ခုမဟုတ်ကြောင်း၊ ဆေးဘက်ဝင်သော ဆေးကုလားမ (၂)ကျပ်သားခန့်ကို(၈-၉)နာရီရေစိမ်ပြီး  ၎င်းနောက် ရေစစ်ပြီး ဆေးကုလားမပေါ်သို့ ကျောက်ဖရုံယို (၂)ကျပ် သားပါးပါးလှီးပြီးဖြူး၍ တစ်ညသိပ်ထားကြောင်း၊ နောက်တစ်နေ့ နံနက်စောစော အိပ်ယာ ထထချင်း အစာမစားခင် အကုန်စားလိုက်ပါ။ စားနိုင်သလောက်စားပါက အဆုတ်သန့်၍ အားကောင်းစေကြောင်း၊ အဆုတ်ရေဝင်ခြင်းနှင့် ရင်ကြပ်ချွဲကပ်ခြင်းတို့ကို သက်သာပျောက်ကင်းကြောင်း စာပေများမှ လေ့လာသိရှိရသည်။

DOCA (မန္တလေး)

 

ဗီတာမင်အီးကြွယ်ဝစွာပါဝင်သောသစ်ကြားသီး

         သစ်ကြားသီးသည် ကျန်းမာရေးအတွက်  အကျိုးရှိစေသော အာဟာရဓာတ်များစွာကြွယ်ဝသော အခွံမာသီးတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင်စိုက်ပျိုးကြကြောင်း၊ ခန္ဓာကိုယ်အတွက် သဘာဝအာဟာရများအနေဖြင့် အိုမီဂါ 3 ၊ဖက်တီးအက်ဆစ်စသည်တို့ကြွယ်ဝပြီး သွေးကြောကျန်းမာရေးအတွက်ကောင်းမွန်ပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကိုလျော့ချပေးကြောင်း၊ ခန္ဓာကိုယ်အတွက်ရောင်ရမ်းမှုကိုသက်သာစေပြီး ဆီးချိုနှင့်နှလုံး ရောဂါများကို ကာကွယ်ပေးကြောင်း၊ ရင်သား၊ ဆီးကျိတ်နှင့် အူမကြီးကင်ဆာများ မဖြစ်အောင် ကာကွယ်ပေးကြောင်း၊ ကိုလက်စထ‌ရောကို ကျဆင်းစေပြီး သွေကြောကျန်းမာရေးကို ကောင်းမွန်စေ ကြောင်း၊ အိုမင်းရင့်ရော်မှုကြောင့်ဦးနှောက်နှင့်၏ လုပ်ဆောင်ချက်ကို နှေးကွေးစေပြီး မှတ်ဉာဏ် အတွက်ကောင်းမွန်စေကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝသဖြင့် အူမကြီးကျန်းမာရေးကို အထောက်အကူပြု ၍ ဝမ်းမှန်စေကြောင်း၊ ဗီတာမင်အီးကြွယ်ဝသဖြင့် အန်တီအောက်ဆီဒင့်များ ပါဝင်၍  ခန္ဓာကိုယ်အတွင်း ရှိ Stress များကိုတိုက်ဖျက်ပေးကြောင်း၊ သတိပြုရန်အချက်မှာ သစ်ကြားသီးသည် ကယ်လိုရီများပြီး ကျန်းမာရေးနှင့် ညီညွတ်သောအဆီဓာတ်များစွာ ပါဝင်သဖြင့် အလွန်အကျွံစားသုံးပါက ကိုယ်အလေး ချိန်တက်နိုင်၍ တစ်နေ့လျှင် (၇-၁၀)စေ့ခန့်စားသုံးသင့်ကြောင်း စာပေများမှဖတ်ရှု့သိရှိရသည်။

DOCA (မန္တလေး)

 

                                                                                                   

                  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း