Main menu

ဓနုဖြူမြို့နယ်အတွင်း နေကြာစေ့ ရောင်းချသူများ အဆင်ပြေလျက်ရှိ

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဒေသတွင် မုန့်လုပ်ငန်းများ ထုတ်လုပ်ရောင်းချသူများ ရှိ၍ တစ်ပိုင်တစ်နိုင်လုပ်ငန်းများဖြင့် စီးပွားဖြစ်ထွန်းလျက်ရှိသည်။ ဒေသတွင်းစားသောက်ကုန်မုန့်လုပ်ငန်းများ အမျိုးအစားအလိုက် လုပ်ငန်း ၁၅ခုရှိပြီး မြေပဲ၊  နေကြာ များလှော်၍ ထုတ်လုပ်ရောင်းချခြင်းများရှိကြောင်း သိရသည်။ မြေပဲနှင့် နေကြာများကို ရန်ကုန်ဘုရင့်နောင်မှ မှာယူပြီး အိမ်တွင်းတစ်ပိုင်တစ်နိုင် ဆားဖြင့် လှော်၍ မြို့နယ်အတွင်းနှင့် ဓနုဖြူမြို့နှင့် နီးစပ်သော ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဟင်္သတနှင့် ဇလွန်မြို့များသို့ တင်ပို့ကြောင်း သိရသည်။

     ဓနုဖြူမြို့နယ်အတွင်း မြေပဲလှော်ရောင်းချမှု ဈေးနှုန်းအနေဖြင့် ၅၀ကျပ်သား တစ်ထုတ်လျှင် ၆၅၀၀ကျပ်၊ ၁ပိဿာထုတ်လျှင် ၁၃၀၀၀ကျပ်ဖြင့်‌ရောင်းချကြောင်း၊ မြေပဲလှော်ကို  ကြက်သွန်ဖြူ၊ ဂျင်း၊ ဆားဖြင့်သာလှော်၍ ကောင်းမွန်သော ထုတ်လုပ်မှုနည်းလမ်းဖြင့်ထုတ်လုပ်ထားကြောင်း၊  နေကြာစေ့လှော် ၅၀ကျပ်သား ၁ထုတ်လျှင် ၇၀၀၀ကျပ်၊ ၂၅ကျပ်သား တစ်ထုတ်လျှင် ၃၅၀၀ကျပ်၊ ၁ပိဿာထုတ်လျှင် ၁၄၀၀၀ကျပ်ဖြင့် လက်လီရောင်းချကြောင်း၊ နေကြာစေ့ကို ကြက်သွန်ဖြူ၊ ဂျင်း၊ ဆားဖြင့် အနံ့မွေးအောင် လှော်ပြီး စာကောင်းအောင် စနစ်တကျလှော်၍ ထုတ်လုပ်ကြောင်း စားသုံးသူကြိုက်နှစ်သက်အောင် စနစ်တကျ ဘေးအန္တရာယ်ကင်းရှင်းအောင် ပြုလုပ်ရောင်းချကြောင်း ကွင်းဆင်းလေ့လာမှုအရသိရသည်။

DOCA(ဧရာဝတီ)