
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့မဈေးတွင် အနီးနားပတ်ဝန်းကျင်ကျေးရွာ များမှစိုက်ပျိုးထွက်ရှိသော မုန်ညှင်းဖြူနှင့်မုန်ညှင်းစိမ်းများကို ယခုလ နိုဝင်ဘာလ (ဒုတိယပတ်) မှ စတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
မုန်ညှင်းကို မုန်ညှင်းစိမ်းနှင့်မုန်ညှင်းဖြူဟူ၍ (၂) မျိုးရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယအပတ်) တွင် မုန်ညှင်းဖြူ(၁) ပိဿာလျှင် (၂၅၀၀ - ၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက် ရှိကြောင်း၊ မုန်ညှင်းစိမ်းမှာလည်း (၁) စီးလျှင် (၁၀၀၀ - ၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက် ရှိကြောင်း၊ မုန်ညှင်းစိမ်းနှင့် မုန်ညှင်းဖြူများမှာ ယခုဆောင်းရာသီတွင် ပိုမိုဖြစ်ထွန်းသော်လည်း လတ်တလောရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် ဈေးနှုန်း မှာသိသိသာသာ ပြောင်းလဲမှုရှိကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
DOCA(ရှမ်း)
