Main menu

ပန်းတနော် မြို့နယ်အတွင်း ရောင်းချနေသော ရှောက်ရွက်နှင့် သံပုရာဈေးကွက်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့အတွင်းရှိ ကျေးရွာများတွင် သံပုရာသီးပင်နှင့် ရှောက်သီးပင်များ  စိုက်ပျိုးသူများရှိပြီး ဒေသထွက်သီးနှံများကို အခြားဒေသနှင့် ရန်ကုန်မြို့သို့ တင်ပို့ခြင်းများရှိပြီး  မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီး၊ သံပုယိုသီး၊ ရှောက်ဘီလူးနှင့် ရှောက်ရွက်များကို လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          မအူပင်မြို့နယ်တွင် ရှောက်ချဉ် သံပုရာ စိုက်ပျိုးမှု ဧက ၃၆ ခန့်ရှိကြောင်း၊ ဈေးကွက်အတွင်း ရောင်းချမှု ဈေးနှုန်းအနေဖြင့်  နိုဝင်ဘာလ ပထမပတ်တွင် သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၂၀၀) ကျပ် (၁၀)လုံးလျှင် (၂၀၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ဗမာသံပုရာသီး ၁လုံးလျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရှောက်သီး(အသေး) (၁)လုံးလျှင် (၃၀၀) ကျပ်နှင့် ရှောက်သီး(အကြီး)(၁)လုံးလျှင်(၅၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ၊ ရှောက်ရွက် ၁စီးလျှင် ၅၀၀ကျပ်၊ သံပုယိုသီး ၁လုံးလျှင် (၂၅၀)ကျပ်၊ သံပုယိုသီး ၁၀လုံးလျှင် (၂၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းသူများထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)