Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်ရောက်ပြီး ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၂.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ (မေခ)ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်ရှိ  စားသုံးဆီအမှတ်တံဆိပ် အမျိုးမျိုး အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့်ပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၁၉၇/၁၉၈/၁၉၉)၊ (၁၀)လမ်း၊ ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ Yum Yum စက်ရုံသို့ (၂၂.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၀၁:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးကျော်သူရအောင်မှ ပူးပေါင်းပါဝင်လျက် Yum Yum အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော CHEMAMY၊ CHICKEN၊ SHRIMY၊ TOMYUM တို့ဖြစ်ပြီး ကုန်ပစ္စည်းအားလုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

  စားသုံးသူရေးရာဦးစီးဌာ၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပြည်သူများအား စားသုံးသူ အခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ  ပိုမိုသိရှိ စေရန်အတွက် အသိပညာပေးဟောပြောပွဲများကျင်းပြုလုပ်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်အိအိထွေး၊ ဦးစီးအရာရှိ၊ ဦးတင်ချစ်ကောင်း၊ ဦးစီးအရာရှိ နှင့်အဖွဲ့သည် ၁၁.၇.၂၀၂၅ရက် (သောကြာနေ့) နံနက်(၁၀:၃၀)အချိန်၌ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ အ.ထ.က(၁၂)တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စားသုံးသူအခွင့်အရေးများသိရှိပြီးနားလည်ပြီး အခွင့်အရေး အပြည့်အဝရရှိစေရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ ကုစားခွင့်ရရှိစေရန်နှင့် တိုင်ကြား နိုင်သည့် နည်းလမ်းများသိရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ (၇)ဦး၊ ကျောင်းသား/ကျောင်းသူ ၂၀၀ ခန့် တက်ရောက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား စားသုံးသူနစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ အလွယ်တကူဆက်သွယ်နိုင်ရန် ၁၅၃၅သို့ ဖုန်းခေါ်ဆိုခြင်းများအား လက်တွေ့ဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် ကျောင်းတွင်းရှိ ကျောင်းမုန့်ဈေးတန်းသို့ သွားရောက်ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရောင်းချလျက်ရှိသော မုန့်ပဲသရေစာများအား ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင်ပါဝင်ရမည့်အချက်များနှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် အစားအစာများကိုသာ ရွေးချယ်ရောင်းချစေရေး အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

တိုက်ကြီးမွေးမြူရေးဇုန်ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

         (၂၀.၇.၂၀၂၅)ရက်နေ့ နံနက်(၀၈:၁၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မွေးမြူရေးဇုန်အဝင် သတ်မှတ်နေရာ၌ တိုက်ကြီးမြို့နယ်မွေးမြူရေးဇုန်ဆိုင်းဘုတ်တင်ပွဲအခမ်းအနားအား ရန်ကုန်တိုင်းဒေဿကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဉီးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန ညွှန်ကြားရေးမှူး၊ တိုက်ကြီးခရိုင်/ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်ခွဲတာဝန်ခံ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ မွေးမြူရေးဇုန်အတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့မှ ဉီးဆောင်၍ တက်ရောက်လာကြသောအဖွဲ့ဝင်များနှင့်အတူ ဆိုင်းဘုတ်စိုက်ထူခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖြန်းခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ကျောက်ဆည်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းပြန်လည်ဖွဲ့စည်း”

  စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ မန္တလေးတိုင်းဒေသကြီး ဆန်စက် လုပ်ငန်းရှင်များအသင်း ၂၀၂၅ - ၂၀၂၈ သက်တမ်းကာလအတွက် အမှုဆောင်အဖွဲ့ဝင်များ ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ကျောက်ဆည်မြို့နယ်၊ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းမှု အခမ်းအနားအား ဇူလိုင်လ(၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကျောက်ဆည်ခရိုင်ဦးစီးမှူးက ပြောကြားရာတွင် မြန်မာနိုင်ငံဆန်စက်ပိုင်ရှင်များအသင်း၏ လက်ရှိအမှုဆောင်အဖွဲ့ဝင်များသည် ၂၀၂၅ခုနှစ်၊ဇူလိုင်လတွင် (၃)နှစ်သက်တမ်း ပြည့်မည်ဖြစ်ပါသဖြင့် ၂၀၂၅ - ၂၀၂၈ သက်တမ်းကာလ အတွက် အမှုဆောင်အဖွဲ့ဝင်များကို ပြန်လည်ရွေးချယ်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊အသင်းအဝင်များ အကျိုးအတွက် စိတ်အားထက်သန်စွာဆောင်ရွက်‌ပေးနိုင်မည့် အမှုဆောင်ကိုယ်စားလှယ်များကို အများဆန္ဒနှင့်အညီ ‌ရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ထို့နောက် ဆန်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်လွင်မှ ဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကိုအကျယ်တဝင့်ပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် တက်ရောက်လာသော ဆန်စက်လုပ်ငန်းရှင်(၂၉)ဦး၏ သဘောတူညီချက်အရ ကျောက်ဆည်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား အလုပ်အမှုဆောင် (၉)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(မန္တလေး)

တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနအစည်းအဝေးခန်းမတွင် သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားအား ကျင်းပ

       (၂၁.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးခရိုင် ခရိုင်အဆင့်ရှာဖွေရေးသင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအသင်းအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံနှင့်လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်းအင်အား(၁၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တိုက်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားခြင်း၊ သင်တန်းမှူးမှ ဆက်လုပ်ခွင့်တောင်းခံခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲတွင် ကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသထားမှုအား လိုက်လံကြည့်ရှု၍ သင်တန်းမှူးများမှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၏ အသုံးပြုပုံများအား ရှင်းလင်းတင်ပြခြင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား(၁၀၀) ဦးအား သင်တန်းပို့ချခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

“မြစ်သားမြို့၊ မြို့မဈေးရှိ ဒေါ်မိုးမိုး စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

  ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ (၁၆)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ မြစ်သားမြို့၊ မြို့မဈေးရှိ ဒေါ်မိုးမိုး စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁) အားလိုက်နာရမည်ဖြစ်ကြောင်း ၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ဟင်းသီး ဟင်းရွက်ဆီများအား Parking ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ် ကြောင်း ၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟုဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏ အသားတင်ပမာဏနှင့်အရွယ်အစား တို့ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရ မည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များ အနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ရာခိုင်နှုန်း အထက်ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း ၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြစေရေးဆွေးနွေး”

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊  ‌ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များအနေဖြင့် လုံခြုံစိတ်ချရမှုရှိစေရေး ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ ၊ စားသုံးသူများ နေ့စဉ် အသုံးပြုလျှက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေး ကုန်စည်များကို သတ်မှတ်စံချိန်းစံညွှန်းများ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိ‌ရေးအတွက် ထုတ်ကုန်များအား စျေးကွက်မရောက်မီ (Pre Market)စစ်ဆေးခြင်း နှင့် စျေးကွက်အတွင်းစစ်ဆေးခြင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက် လျှက်ရှိပါသည်။ ဇူလိုင်လ(၁၇)ရက်၊ နေ့လည်(၁၂:၃၀)အချိန်တွင် ‌ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးသို့ စဉ့်ကိုင်မြို့နယ် ၊ ဆီဆုံကျေးရွာရှိ GOLDEN GODZILLA အမှတ်တံဆိပ်ဖျော်ရည်ရောင်းချသည့် လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍တွေ့ဆုံ‌ခဲ့ပါသည်။ ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးမောင်ထူးက ကုန်ပစ္စည်းများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြရမည့် အသေးစိတ်အချက်အလက်များအား ပြည့်စုံစွာထည့်သွင်းဖော်ပြထားရန်လိုကြောင်း ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန်လိုကြောင်း နှင့် အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

တိုက်ကြီးမြို့နယ်၊ စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း

          တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၁.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၀၁:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ စားနပ်ရိက္ခာထောက်ပံ့ပေး အပ်ပွဲအခမ်းအနားအား တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံနှင့်ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုံခြုံရေးအဖွဲ့ဝင်(၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

           အခမ်းအနားတွင် လုံခြုံရေးအဖွဲ့ဝင် (၁)ဦးလျှင် ဆန်(၆)ပြည်အိတ်(၁)အိတ်၊ ဆီ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ၊ ကြက်သွန်ဖြူ(၅၀)သား၊ ငါးသေတ္တာ(၃)ဗူး၊ ဆပ်ပြာမှုန့်အသေး(၂)ထုပ်၊ လက်ဖက်ခြောက်(၁)ထုပ်၊ ပဲကြာဆံအထုပ်သေး(၁)ထုပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၂၂၁၀၀၀၀)ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

“စားသောက်ဆိုင်အားပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ဇူလိုင်လ(၁၇)ရက်နေ့တွင် လွင်နှင့်စိုးမိုးသူ ကဖေးလက်ဖက်ရည်ဆိုင် ၊ စားသောက်ဆိုင်အား ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည် ။ ထို့သို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ အစားအသောက်ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းမှုရှိရန်၊ ဝန်ထမ်းများ ကျန်းမာရေး‌ဆေးစစ်မှုများခံယူရန် ၊ မိမိတို့ဆိုင်မှ ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး စားသုံးသူအားလုံလောက်သည့် သတင်းအချက် အလက်များပြည့်စုံ မှန်ကန်စွာ အသိပေးပြောကြားရန်နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊အရွယ် အစား(Size)ပမာဏအလိုက် စျေးနှုန်းအား ဖွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြထားရန် စသည်တို့အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ