Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းကုန်းမြို့နယ် ဆန်စက်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

              ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည်၂၀၂၅ခုနှစ်၊ ဇူလိုင်လ ( ၂၅ )ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ကျောင်းကုန်းမြို့နယ်ဆန်စက်ကြီးများတွင် Gasifier မှ ထွက်ရှိလာသောရေဆိုးများစွန့်ပစ်မှုမရှိစေရေး၊ အနည်စစ်ကန် (Waste Water Treatment Plant) ပြုလုပ်ပုံနည်းစနစ်မှန်ကန်မှု ရှိ/ မရှိနှင့် အနည်စစ်ကန်မှ စက်ဖွဲပြာများကို ကုန်စင်သည့်အထိ အဆင့်ဆင့်စစ်ထုတ်ပြီးမှသာ ရေသန့်များကို စွန့်ထုတ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ရေနှုတ်မြောင်းများ ညစ်ညမ်းမှုမရှိစေရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

သာစည်မြို့နယ်တွင် ငလျင်ဇာတ်တိုက်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ သရုပ်ပြပွဲ ကျင်းပပြုလုပ်

       ၂၉-၇-၂၀၂၅ ရက်နေ့တွင် သာစည်မြို့ အ.ထ.က(၁)တွင် သဘာဝဘေးအန္တရာယ် စိမံခန့်ခွဲမှု အဖွဲ့မှ ဦးဆောင်၍ မြို့နယ်ထွေ/အုပ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်၊ မြို့နယ် ကြက်ခြေနီနှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ ငလျင်ဇာတ်တိုက်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန် တူ သရုပ်ပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရပါသည်။

       အဆိုပါအခမ်းအနားတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးဆောင်၍မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အ.ထ.က (၁) သာစည် မှ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သားများ စုစုပေါင်း ၃၅၀ ဦး တက်ရောက်ခဲ့ကြောင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆုငွေများချီးမြှင့် ခဲ့ကြောင်း၊ မိတ္ထီလာခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ တက်ရောက်သူများအားမုန့်၊ အအေးတို့ဖြင့် ဧည့်ခံခဲ့ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းစဉ်များကို အခမ်းအနားအစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ် လှိုင်းတက်ကျေးရွာရှိ စည်သွပ်စက်ရုံသို့ ဝန်ကြီးလာရောက်ကြည့်ရှု့

           ၂၈-၇-၂၀၂၅ရက်နေ့တွင် သာစည်မြို့နယ် ၊ လှိုင်းတက်ကျေးရွာအုပ်စု၊ လှိုင်းတက်ကျေးရွာရှိ စည်သွပ်စက်ရုံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်တောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများ ရောက်ရှိလာရာ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ Dagon International Co.ltdမှ ဒါရိုက်တာ ဦးသက်တင်နှင့် အဖွဲ့တို့မှ ကြိုဆိုခဲ့ကြပြီး၊ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအခမ်းအနားတွင် Dagon International Co.ltdမှ ဒါရိုက်တာ ဦးသက်တင်မှ စည်သွပ် စက်ရုံလည်ပတ်ခဲ့မှု၊ လက်ရှိ ပြင်ဆင်ဆောင်ရွက်နေမှု၊ ကုန်ပစ္စည်းများထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချ မှု အခြေအနေများနှင့် တွေ့ကြုံနေရသည့် အခက်အခဲများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဒုတိယဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း၊ စက်ရုံအား မူလအခြေအနေထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်၊ စက်ရုံမှပစ္စည်းအမျိုးအစားအလိုက် ထုတ်လုပ်သော သီးနှံများကို ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်၊ တာဝန်ရှိသူများလာရောက်စစ်ဆေးရာတွင် မိမိတို့စက်ရုံ၏ ထုတ် လုပ်နိုင်စွမ်းကို သေချာစွာတင်ပြရန်၊ သစ်ပင်စိုက်ပျိုးမှုများကို လစဉ်စောင့်ကြပ်ကြည့်ရှု့လျက် ဖြစ်ထွန်းမှုအား စဉ်ဆက်မပြတ်တင်ပြရန်၊ စက်ရုံအနေဖြင့် စားသုံးသူများအကြိုက် ပစ္စည်းများ ထုတ်လုပ်ရန် လိုအပ်ပြီးဈေးကွက်ချဲ့ထွင်ခြင်းများ ပြုလုပ်ရန်၊ သက်ဆိုင်ရာဌာနများမှလည်း ကြီးကြပ် ဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံအတွင် လှည့်ပတ်ကြည့်ရှု့ စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်တွင် မိုးစပါး စတင်စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပပြုလုပ်

        မိတ္ထီလာခရိုင် ၊ သာစည်မြို့နယ်သည် လယ်ယာထွက်ကုန်သီးနှံများစိုက်ပျိုး ဖြစ်ထွန်းရာ မိုးစပါးကို ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်စတင်စိုက်ပျိုးကြောင်း၊ ဒီဇင်ဘာလ ပထမအပတ်တွင် ရိတ်သိမ်း မည်ဖြစ်ကြောင်း  ၃၀-၇-၂၀၂၅ရက်နေ့တွင် သာစည်မြို့နယ် ၊ ကုက္ကိုကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ (၁၈၇၃)၊ ဦးပိုင်အမှတ် (၈၀/၁)ရှိ တောင်သူ ဦးထင်အောင်၏ လယ်မြေ၌ မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြအခမ်းအနားကို ပြုလုပ်ကျင်ပခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဌ ဦးမျိုးသက်ကျော်နှင့် မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး မြို့နယ် စက်မှု လယ်ယာဦးစီးဌာန၊ အမှတ် (၂၆) စက်မှုလယ်ယာစခန်းမှ ဦးဆောင်၍ (၁၀)တန်းသွားမျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌမှ အမှာစပါးပြောကြားခြင်း၊ တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူများမှ ဖြေကြားပေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်တွင် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်

        ၂၉-၇-၂၀၂၅ ရက်နေ့တွင် သာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ၊မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဆရာ/ဆရာမများ  စုပေါင်းအင်အား ၉၅ ဦးတက်ရောက်ခဲ့ကြောင်း၊ မြို့နယ်ပညာရေးမှူး မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိက မဲပေး စက်ကိုင်တွယ်အသုံးပြုနည်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ မြန်မာအီလက် ထရောနစ် မဲပေးစနစ်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ မဲပေး စက်အကြောင်း လက်တွေ့သရုပ်ပြရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိပါသည်။

DOCA(မန္တလေး)

 

မလှိုင်မြို့နယ်တွင် Myro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကျင်းပ

        မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မလှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍  Myro တွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ၂၀၂၅ခုနှစ် ၊ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်(၁၀၀၀)နာရီချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မိတ္ထီလာမြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေးမှ Myro တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ Myro  တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက် ခဲ့ကြောင်း၊ Myro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လျှင် Online စနစ်ဖြင့် မှတ်ပုံတင်ဆာင်ရွက် ရမည်ဖြစ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro.com.mm တွင် မှတ်ပုံတင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နောက်ပိုင်းတွင် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်သည့် မည်သည့်လုပ်ငန်းရှင်မဆို Myro တွင် ဆန်စပါးသိုလှောင်ရုံကို မှတ်ပုံမတင်ထားလျှင် အမိန့်ကြောငြာစာအမှတ် (၈၂/၂၀၂၄) အရ စီမံခန့်ခွဲမှု ဆိုင်ရာ ချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ပြီး (၁၀း၃၀) အချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှိ မုန့်ဈေးတန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံဦးဇော်မင်းဦးနှင့် ဝန်ထမ်းများ သည် ကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေး အန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရန် ရည်ရွယ်၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်()အခြေခံပညာအလယ်တန်းကျောင်းရှိ မုန့်ဈေးတန်း ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် ဆိုင်ရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာ ရောင်းချ ရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဝယ်ယူစားသောက်နေသော မြန်မာ့ရိုးရာ အစားအစာများ၊ အသုပ်များတွင် ခြင်၊ ယင် မနားစေရေန် သေချာစွာဖုံးအုပ်၍ ရောင်းချစေလိုကြောင်း၊ စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်း သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံး သူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

     ပခုက္ကူခရိုင်အနေဖြင့် ဇူလိုင်လတွင် ခရိုင်ဦးစီးမှူးနှင့်ဦးစီးအရာရှိတို့မှ ဦးဆောင်၍ ပခုက္ကူ မြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် သောက်ရေသန့် အမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံ ဆိုင်၊ စတိုးဆိုင်များတွင် (၄)ကြိမ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းတွင် (၁)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ အနောက်ပိုင်းရပ်ကွက်နှင့် ပတ္တမြားဈေးရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်တွင် (၂)ကြိမ်၊ ဂန့်ဂေါမြို့မဈေးရှိ ကုန်စုံဆိုင်များတွင်(၁)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်း(၈)ကြိမ်၊ ဈေးကွက်မရောက်မီ ဆုံဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ ကွင်းဆင်း ဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ(၁)ကြိမ်၊ ဆိပ်ဖြူမြို့မှ (၁)ကြိမ်၊ စားအုန်းဆီ အမျိုး မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စားသုံးဆီနှင့် စက်သုံးဆီအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများ နှင့်ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာ များကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်မျာနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ သိရှိစေရန် အသိပညာပေး ခြင်း၊ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအနေဖြင့်လည်း ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသောက်ဆိုင်များသို့ သွားရောက်၍ အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား  အသိပညာပေးဆွေးနွေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်ထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦး စီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့၌ အွန်လိုင်းမှတ်ပုံ တင်ထားသည့် လုပ်ငန်းရှင်များသည် မြို့နယ်အတွင်း ရောင်းချနေသောလုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းကို (၆.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် မှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်ထံသို့ သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးက အွန်လိုင်းဖြင့် ရောင်းချသည့် လုပ်ငန်း ရှင်အား အွန်လိုင်းရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည်(သို့)ဝန်ဆောင်မှုအမျိုးအစားစာရင်းများ ကိုက်ညီမှုရှိ/မရှိ မေးမြန်းစစ်ဆေးခဲ့ပြီး အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှုရှိ/မရှိကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတိုင်း စစ်ဆေး ဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင် ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉အရလည်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အ‌ရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်ဈေးတန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများ သည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်ပါအချက်အလက် များပြည့်စုံပြီး ဘေးန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် စေရန်ရည်ရွယ်၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်() အခြေခံ ပညာအထက်တန်းကျောင်းရှိ မုန့်ဈေးတန်းဆိုင်()ဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် ဆိုင်ရှင် များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြ ထားခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန်၊ သက် တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအနေ ဖြင့် ကျောင်းသား၊ ကျောင်းသူများ ဝယ်ယူစားသောက်နေသော မြန်မာ့ရိုးရာအစားအစာများ၊ အသုပ် များတွင် ခြင်၊ ယင်မနားစေရန် သေချာစွာဖုံးအုပ်၍ ရောင်းချစေလိုကြောင်း၊ စားသုံးသူအခွင့်အရေး များနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်းသိရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။     

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ