
စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ပြန်/ဆက်ဦးစီးဌာန၊ အား/ကာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁.၉.၂၀၂၅) ရက်၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ ကျုံကလွတ် ကျေးရွာ(အ.ထ.က) ခွဲကျောင်းရှိ ဆရာ/မ ၊ ကျောင်းသား/သူ (၃၂၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ အသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးရန်မသင့်သော အစားအစာများ အကြောင်း၊ စားသုံးသူအခွင့်အရေး (၈) ချက်အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းရှိ ရောင်းချနေသော မုန့်များကိုပါ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(Docaဧရာဝတီ)