Main menu

Wifi ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြိီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ (၁.၉.၂၀၂၅) နေ့လယ်  (၁၅:၀၀) နာရီ အချိန်တွင် ဒေးဒရဲမြို့၊ အမှတ်(၂) ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ “မင်္ဂလာနက်” Wifi ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူနှင့် တွေ့ဆုံ၍ မေးမြန်းဆွေးနွေးခဲ့ပါသည်။

          Wifi ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူက ဒေးဒရဲမြို့တွင် “မင်္ဂလာနက်” Wifi ကို တပ်ဆင်အသုံးပြုသည့် အိမ်ထောင်စု (၄၀၀) ခန့်ရှိကြောင်း၊ တပ်ဆင်အသုံးပြုသူများမှာ မြို့ပေါ် ရပ်ကွက်ရှိ အိမ်ထောင်စု များ ဖြစ်ကြောင်းသိရသည်။“မင်္ဂလာနက်” Wifi အသုံးပြုမှုအနေဖြင့် တစ်လလျှင် ကုန်ကျစရိတ်မှာ 10 Mbps  (၂၇၀၀၀) ကျပ်၊ 20 Mbps (၃၆၀၀၀) ကျပ်၊30 Mbps  (၄၅၀၀၀) ကျပ်၊50 Mbps  (၆၅၀၀၀) ကျပ် အထိ အမျိုးအစားလိုက် တန်ဖိုးပေးချေရကြောင်း သိရသည်။ ဝန်ဆောင်မှုအနေဖြင့် အင်တာနက်လိုင်း ပြင်ဆင်ခြင်းများကို (၂၄) နာရီအတွင်း ဝန်ဆောင်မှုပေးလျက်ရှိပြီး တာဝါတိုင်မှ လိုင်းပြတ်တောက်မှုဖြစ်လျှင် ရက်အနည်းငယ် ကြန့်ကြာ ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံမှ စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးအတွက် ဝန်ဆောင်မှုကဏ္ဍများအကြောင်း ထပ်မံ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)