Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၁၈.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၈.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးအား Virtual စနစ်ဖြင့် ကျင်းပ

    ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ရုံးအမှတ်(၅၂)တွင် စားသုံးသူရေးရာဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးဆောင်၍ Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသည့် ဌာနများမှ တာဝန်ရှိသူများ၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့၊ MITS မှ အုပ်ချုပ်မှုဒါရိုက်တာ နှင့်အဖွဲ့၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟင်းသီးဟင်းရွက်ဆီ တင်သွင်း၊ထုတ်လုပ်၊ဖြန့်ဖြူး၊ ရောင်းချနေကြသည့် လုပ်ငန်းရှင် (၂၂) ဉီး၊ စုစုပေါင်း (၄၀) ဉီး တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးကို အခမ်းအနားအစီအစဉ် (၈) ရပ်ဖြင့် ကျင်းပခဲ့ပြီး ဈေးကွက်တွင် (Vegetable Oil) ဟု ဖော်ပြရောင်းချနေသည့် ဆီများတွင် အုပ်စုအမည်ဖြစ်သည့် “ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil)” ဟူသည့် ဖော်ပြချက်အပြင် ယင်းဆီတွင် ပါဝင်သည့်ပစ္စည်း (ပင်းရင်းဆီထွက်သီးနှံ၏ အမည်) ကိုပါ မြန်မာဘာသာဖြင့် ဖော်ပြနိုင်ရေး နှင့် အသားတင်ပမာဏ ဖော်ပြရာတွင်လည်း ဘူးသွင်းဆီများတွင် ဖော်ပြ ထားရှိသည့် International System of Unit အရ ထုထည် ဖော်ပြချက် (လီတာ)အပြင် မြန်မာအလေးချိန်ပုံစံ (ပိဿာ/ကျပ်သား) ကို ထပ်မံထည့်သွင်း ဖော်ပြနိုင်ရေး ဟူသည့် အချက်(၂) ချက်အပေါ်တွင် ဦးတည်၍ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

၁၅.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၅.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၄.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၄.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၃.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၃.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၂.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၂.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်တင်ပို့သည့်လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးဆိုင်ရာ အချက်အလက်များ

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အစားအစာတင်ပို့မည့်/တင်ပို့လျက်ရှိသည့် လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၌ မှတ်ပုံတင်နိုင်ရေးဆိုင်ရာ အချက်အလက်များအား တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ သွင်းကုန်နှင့် ပို့ကုန်အစားအစာဘေးကင်းလုံခြုံရေးဗျူရိုမှ မြန်မာသံရုံး၊ ပေးကျင်းမြို့သို့ ပေးပို့လာသည့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်တင်ပို့သည့်လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးဆိုင်ရာ အချက်အလက်များ”အား အောက်ပါအတိုင်း လေ့လာနိုင်ပါသည်-

၁၁.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၁.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၈.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၈.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငွေရေးကြေးရေးအဖွဲ့အစည်းများတွေ့ဆုံပွဲ အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဒေသအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်နှင့် ငွေကြေးစီးဆင်းမှု လွယ်ကူလျှင်မြန်စေရေးအတွက် ရည်ရွယ်ပြီး ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ တွေ့ဆုံပွဲကို (၆.၁၀.၂၀၂၁) ရက်နေ့ နေ့လယ် ၂ : ၀၀ နာရီတွင် စားသုံးသူရေးရာဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ်၊ ပဲခူးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ငွေ‌ရေး‌ကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ (၆)ဦး ၊ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ (၈)ဦး စုစုပေါင်း (၁၄)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးကိုယ်စား ပဲခူးတိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးက ပဲခူးတိုင်း‌ဒေသကြီး အတွင်းရှိိ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ တွေ့ကြုံနေရ သည့် အခက်အခဲများကို ပေါင်းစပ်အဖြေရှာ၍ နိုင်ငံရေးပြောင်းလဲမှုအခြေအနေများ ၊ ကိုဗစ်-၁၉ ရောဂါ အခြေအနေ များကြောင့် စီးပွားရေးလူမှုရေး အဘက်ဘက်မှ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ ၊ လုပ်ငန်းရှင် များမှ တင်ပြသည့် အချက်များအား အစိုးရဌာနဆိုင်ရာများ ပံ့ပိုးပေးရမည့် အခြေအနေ များကို အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ၊ညွှန်ကြားရေးမှူးမှ စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာခြင်း အချက်တွင် ငွေကြေးစီးဆင်းမှု ကောင်းမှ အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ငွေကြေးစီးဆင်းမှု လွယ်ကူမြန်ဆန်စေရန်အတွက် ဘဏ်အပ်ငွေများ ထုတ်မရသည့်အခြေအနေများနှင့် ပတ်သက်၍ တင်ပြစေလိုသည့် အချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ပဲခူးတိုင်းဒေသကြီး ၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၄၉) ဖွဲ့ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေးအတွက် မိမိတို့ဌာန အနေဖြင့် ပူးပေါင်းဆောင်ရွက်မည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခြင်း ၊ ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊တိုင်းဒေသကြီးဦးစီးမှူးမှ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်း များသည် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါကြောင်း ၊ ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည်နှင့်အညီ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများအား လိုက်နာဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်း ၊ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးကဏ္ဍ ဖွံ့ဖြိုးမှသာ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးနိုင်သည့်အတွက် ယနေ့တွေ့ဆုံဆွေးနွေးပွဲအား ဆောင်ရွက်ခြင်းဖြစ်ပြီး တေွ့ဆုံဆွေးနွေးပွဲမှ ရရှိသည့် တင်ပြချက်အပေါ် အခြေခံ၍ တိုင်းအတွင်း ဖြေရှင်းနိုင်သည်များကို ဖြေရှင်းပြီး တိုင်းအဆင့် ဖြေရှင်းရန် ခက်ခဲသည့်အခြေအနေများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုအဆင့်သို့ စုစည်းတင်ပြပေးမည့် အခြေအနေ များကို ရှင်းလင်းဆွေးနွေးခြင်း ၊တွေ့ဆုံပွဲ အခမ်းအနားသို့ တက်‌ရောက်လာသည့် အသေးစားငေွရေး ကြေးရေး အဖွဲ့အစည်းများမှ လုပ်ငန်း လည်ပတ် နေမှု အခြေအနေများ ၊ ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ လုံခြုံရေး အခြေအနေ အခက်အခဲများ ၊ ဘဏ်၌အပ်‌ငွေ ထုတ်ယူ၍ မရသည့် အခြေအနေများ နှင့် ချေး‌ငွေကောက်ယူ၍ မရသည့် အခက်အခဲများ၊ လုံခြုံရေးဂိတ်များကြောင့် သွားရေး လာရေးခက်ခဲသည့်အခြေအနေများ နှင့်ပတ်သက်၍ အခက်အခဲများစွာ ကြုံတွေ့နေရသည့် အခြေအနေ များကို ဆွေးနွေးတင်ပြ၍သက်ဆိုင်ရာဌာနများမှ ပြန်လည် ဖြေကြားခဲ့ပါသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးကိုယ်စား ပဲခူးတိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးမှ အသေးစားငွေရေးကြေးရေးလုပ်ငန်းများသည် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ပြီး ပုံမှန်လည်ပတ်နိုင်အောင် သက်ဆိုင်ရာဌာနများနှင့် အဘက်ဘက်မှ ပူးပေါင်း၍ ဆောင်ရွက်စေလို ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် အစည်းအဝေးကို ၅ : ၃၀ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ