
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်၊ ဇီးတောကျေးရွာ မူလတန်းကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ထွေးမြင့် မှ ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့် သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် ၊ စားသုံးသူအခွင့်အရေး(၈)ချက် ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်(၄)ချက်၊ စားသုံးသူ နစ်နာ ဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊ မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း ၊ မိမိတို့ဌာန Website ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း ၊ MPT ; mytel ; Telenor ; Oredoo ; SIM Card User များ အားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြား နိုင်ပါကြောင်း နှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများ၊ အစားအသောက် နှင့် ပတ်သက်ပြီး ကျောင်းသား/သူများကို ထုတ်ကုန်လုခြုံစိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ် ဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါဝင်သည့် အစားအသောက်မျာကို ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်အတွက် ဆရာ/ ဆရာမ(၅၁)ဦး၊ ကျောင်းသား/သူ(၆) စုစုပေါင်း(၅၇)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)