Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

                ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို အမှတ်(၈)ရပ်ကွက်၊တုံးလှဲရပ် အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်မှ စားသုံးသူအခွင့်အရေးနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းဆွေးနွေး ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က လူငယ်နှင့်အားကစား ခေါင်းစဉ် ဟောပြောဆွေးနွေးကာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းက မုန်တိုင်းဘေး၊ငလျင်ဘေးအန္တရာယ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်အောင်မှ ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

          ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့် တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်ဦးဆောင်သည့် ဆေးကုသရေးအဖွဲ့မှ ကျောင်းသား၊ကျောင်းသူများ ဆရာ၊ဆရာမများအား တိုင်းရင်းဆေးဖြင့် အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)

                                                                                                                                                                                                       

ညောင်တုန်းမြို့နယ် မြို့မ အ.ထ.က  စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော

          ဧရာဝတီတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်း များသည် (၂၃.၆.၂၀၂၂) ရက်နေ့  (၁၀:၁၅) မှ (၁၂:၀၀)နာရီအချိန်ထိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ညောင်တုန်း မြို့မ အ.ထ.က- စာသင်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ ဆရာ/ ဆရာမ (၁၇၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။ 

         အဆိုပါဟောပြောပွဲတွင် မိတ်ဖက်ဌာနများမှလည်း သက်ဆိုင်ရာ ဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက် ၊ စီမံချက်များအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး) က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ရည်မှန်းချက်နှင့်  စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများလိုက်နာရမည့် တာဝန်များအကြောင်း၊ စားသုံးသူကိုယ်တိုင်က ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူတက်စေရန်နှင့် လုပ်ငန်းရှင်တို့၏ တာဝန်များ လိုက်နာရမည့် အချက်များနှင့် စားသုံးသူများ ကုန်စည်ကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားပါဝင်သော ကုန်စည်များကိုသာ ရွေးချယ် ဝယ်ယူကြရန်နှင့်  ကုန်စည်ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှု ရှိလာပါက နစ်နာဆုံးရှုံးမှုအတွက် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ဟောပြေဆွေးနွေးခဲ့ပြီး ဟောပြောပွဲမှ ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းကြရာ အပြန်အလှန် ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူများ စွမ်းဆောင်မှုမြင့်မားစေရေး စားသုံးဝန်ထမ်းများအသိပညာပေး

               စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် စက်မှုလယ်ယာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး တွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်းဆောင်ရွက်ချက်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပါသည်။

          ဒု-ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်းသည့်သိရှိရမည့်သတင်းအချက်အလက်များ၊ စားသုံးသူ ထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများနှင့် နည်းလမ်းများအကြောင်း အကျယ်တဝင့်ဆွေးနွေးပါသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင် စားသုံးသူများတွင် အခွင့်အရေးများရှိ၍ သိရှိရန်လိုအပ်ပြီး၊ ရယူနိုင်မှသာလျှင် နစ်နာဆုံးရှုံးမှုများမရှိဘဲ ကောင်းမွန်သာယာသောဘဝများတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူ၏တာဝန်များလည်းရှိ၍ တိကျစွာလိုက်နာရန် လိုအပ်ကြောင်း၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် သတင်းအချက်အလက်များ ပြည့်စုံစွာရယူ၍ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ပြီး စိတ်ကျေနပ်မှုရရှိစေလိုကြောင်း၊ အမှန်တကယ်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ပါကပြေစာ၊ အာမခံကဒ်များနှင့်အတူ မိမိတို့ဌာနသို့ တိုင်ကြားစေလိုကြောင်း၊ သို့မှသာ ကုစားခွင့်များရရှိမှာဖြစ်ကြောင်း၊ ယနေ့ခေတ် Social Media တွင်များစွာအသုံးပြုလာသော Online Shopping များကျယ်ပြန့်စွာဆောင်ရွက်လာနိုင်သည်နှင့်အမျှ စားသုံးသူများ၏ အသိပညာဗဟုသုတ၊ လေ့လာမှုအားနည်းချက်များအပေါ် အခွင့်ကောင်းယူ၍ အချို့ စီးပွားရေးလုပ်ငန်းရှင်များမှာ လိမ်လည်လှည့်ဖြားမှုများရှိနေသောကြောင့် မိမိဝယ်ယူမည့် Website နှင့် Facebook များသည် တရားဝင် Official Page နှင့် လုံခြုံစိတ်ချရမှုရှိ/မရှိ စုံစမ်းစိစစ်ပြီးမှသာ  ဝယ်ယူသင့်ပါကြောင်း စားသုံးသူများအနေဖြင့် အခွင့်အရေးများသိရှိ၍ ကျန်းမာပျော်ရွှင်နိုင်ပါစေကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှသိရှိလိုသည်များအား ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

 

"ပခုက္ကူမြို့ပေါ်ရှိ မြေပဲဆားလှော် လုပ်ငန်းရှင်နှင့်တွေ့ဆုံ အသိပညာပေးခြင်း"

          စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့ သည် စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အမှတ်တံဆိပ်တွင် ပါဝင်ရမည့်ကုန်အညွှန်းအမှတ်အသားများ၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် အချက်အလက်များအား သိရှိစေရန်ရည်ရွယ်၍ ဇွန်လ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ "ကျော်သိဒ္ဒိ" "လက်ကီးစတား" "ငွေငန်းဖြူ" မြေပဲဆားလှော် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          မြေပဲဆားလှော် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ ဌာနသို့လာရောက်၍ လျှောက်ထားရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ၍ ဌာနမှခွင့်ပြုပြီးသော ကုန်အညွှန်းအမှတ်အသား နမူနာများအား ပြသပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်း ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များအား အသေးစိတ်ချပြရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

          မြေပဲဆားလှော် လုပ်ငန်းရှင်များအနေဖြင့် ကုန်အမှတ်တံဆိပ်တွင် ပြည့်စုံစွာထည့်သွင်း ဖော်ပြမှသာ မိမိတို့ကုန်ပစ္စည်းသည် လုံခြုံစိတ်ချရမည်ဖြစ်ပြီး၊ စားသုံးသူမှလည်း ကုန်အမှတ် တံဆိပ်မပြည့်စုံသည့် ကုန်စည်နှင့်နှိုင်းယှဉ်၍ ရွေးချယ်စားသုံးမည်ဆိုပါက လုံခြုံစိတ်ချမှုရှိသော ကုန်စည်ကိုသာ ရွေးချယ်စားသုံးမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာထည့်သွင်းပြီးလျှင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်၍ စိစစ်ခွင့်ပြုချက်လျှောက်ထားနိုင်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

         မြေပဲဆားလှော်လုပ်ငန်းရှင်များမှ မိသားစုတပိုင်တနိုင်လုပ်ငန်းဖြစ်သော်လည်း ကျယ်ပြန့်စွာဖြင့် ပခုက္ကူမြို့ပေါ်နှင့်တကွ အနီးအနားကျေးရွာများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြလိုကြောင်း၊ လိုအပ်ချက်များရှိပါက ဖြည့်စွက်ပေးစေလိုကြောင်း၊ စိစစ်ခွင့်ပြုချက်ရရှိအောင် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

မန္တလေးတိုင်းဒေသကြီးအတွင်း စားအုန်းဆီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်

          မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးဆောင်သော အဖွဲ့သည် (၂၂.၆.၂၀၂၂)ရက်နေ့တွင်  စားအုန်းဆီလက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေး တို့အတွက်  ပြည်ပမှ စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ  ဝယ်ယူ၍ မန္တလေးခရိုင်အတွင်း စားအုန်းဆီ လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသည့် အောင်မြင်သူလက်ကားအရောင်း ဆိုင်၊ ရွှေခြင်္သေ့ကုန်မျိုးစုံဆိုင်နှင့် သီရိပစ္စယာဆီအရောင်းဆိုင်များသို့  ကွင်းဆင်း ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ပြည်ပမှ စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများဖြစ်သော IBS ၊ Grand Unity ၊ Pyei Phyo Aung နှင့်  First Top ကုမ္ပဏီတို့မှ မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာနှင့် မြင်းခြံခရိုင်များရှိ စားအုန်းဆီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချသည့် ဆီ အရောင်းဆိုင်များသို့(၁၃.၆.၂၀၂၂)နေ့တွင် စားအုန်းဆီ (၁၂၉၆)ပေပါ၊ (၁၄.၆.၂၀၂၂)နေ့တွင် စားအုန်းဆီ(၄၀၅)ပေပါ၊ စုစုပေါင်းစားအုန်းဆီ ၁၇၀၁ ပေပါ (၁၈၇၁၁၀)ပိဿာအား ဖြန့်ဖြူး ရောင်းချပေးခဲ့ရာ အဆိုပါဆီအရောင်းဆိုင်များမှ ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်း အပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချပေးရမည်ဖြစ်ပြီး ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဆီအရောင်းဆိုင်များမှ (၁၄.၆.၂၀၂၂)နေ့မှ (၂၂.၆.၂၀၂၂) နေ့ထိ စားအုန်းဆီ ၁၃၃၀ ပေပါ(၁၄၆၃၀၀)ပိဿာအား တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချပေးလျက်ရှိပြီး လူတစ်ဦးလျှင် တစ်ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။ မန္တလေးဈေးကွက်အတွင်း စားအုန်းဆီလက်ရှိဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၇၃၀၀-၇၄၀၀)ကျပ်ဈေးဖြစ်ပေါ်လျက်ရှိသဖြင့် စားသုံးသူပြည်သူများအနေဖြင့် ပြင်ပပေါက်ဈေး ထက် လျော့နည်းသက်သာစွာ ဝယ်ယူရရှိနိုင်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးဆောင်ရွက်ခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၁၉-၆-၂၀၂၂) နေ့ နံနက် (၁၀:၃၀)အချိန်တွင် အမ်းမြို့နယ် တပ်တောင်ရှိ ငပိ/ငံပြာရည် ထုတ်လုပ်သည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ဈေးကွက်မရောက်မီကုန်ပစ္စည်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ်နိုင်ရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း‌ ဆောင်ရွက်ခဲ့ပါသည်။

           စားသုံးသူရေးရာဦးစီးဌာနသည် ဈေးကွက်မရောက်မီ ဈေးကွက်ရောက်ပြီး ကုန်ပစ္စည်းများ ‌ဘေးန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား အမြဲမပြတ်ဆောင်ရွက်လျက်ရှိရာ အမ်းမြို့နယ် တပ်တောင် အမှတ်(၁)ရပ်ကွက်ရှိ ကျောက်ပုဇွန်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော ငပိ/ငံပြာရည် ထုတ်လုပ်သည့် လုပ်ငန်းခွင်သို့ သွားရောက်ပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရန်အတွက် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် စားသုံးရန်မသင့်သော တာရှည်ခံဆေးများ၊ ဓါတုဆိုးဆေးများအား အသုံးမပြုကြ ရန်၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ၏ထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာ ဖော်ပြရန်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား သိရှိလိုက်နာကျင့်သုံးရန်၊ လုပ်ငန်းခွင် သန့်ရှင်းမှုရှိစေရေးအလေးထား ဆောင်ရွက်ရန် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ကျိုက်လတ်မြို့နယ်၊သမတ်ပြေကျေးရွာရှိ သူရိန်လင်းဆန်စက်ရှိ လုပ်သားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် ကျိုက်လတ် မြို့နယ် သမက်ပြေကျေးရွာရှိ ပြည်သူများအား  (၁၉.၆.၂၀၂၂)ရက်‌နေ့ (၀၉:၀၀) နာရီမှ  (၁၀:၀၀) နာရီထိ  ကျိုက်လတ်မြို့နယ်  သမတ်ပြေကျေးရွာရှိ သူရိန်လင်းဆန်စက်၌  စာသုံးသူအသိပညာပေး  ဟောပြောပွဲ ကို ပြုလုပ်ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံမှစားသုံးသူကာကွယ်ရေးဥပဒေအကြောင်း များထဲမှ  စားသုံးသူအခွင့်အရေးများအကြောင်း၊  ကုန်အညွှန်းအမှတ်အသားနှင့်  စပ်လျဉ်းသည့်ကိစ္စများ အကြောင်း စားသုံးသူများအနေဖြင့်ပါဝင်ပစ္စည်း၊  အလေးချိန်နှင့်ထုတ်လုပ်သည့်ရက်စွဲ  ပြည့်စုံစွာဖော်ပြ ထားသောကုန်အညွှန်းအမှတ်အသားများပါဝင်သောပစ္စည်းများကို ဝယ်ယူကြရန်နှင့် ကုန်အညွှန်းအမှတ် အသားမပြည့်စုံသော ပစ္စည်းများကို  ဝယ်ယူခြင်းမပြုရန် စားသုံးသူပြည်သူများ နစ်နာဆုံးရုံးမှုမရှိအောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်  တာဝန်များကိုချပြရှင်းလင်းခြင်း၊  စားသုံး သူနစ်နာဆုံးရုံးမှု  တစ်ရပ်ရပ်ကိုတိုင်ကြားလိုပါက  လူကိုတိုင်လည်းကောင်း၊  လူထုဆက်သွယ်ရေးနည်း လမ်းတစ်ခုခုဖြစ်သောလည်းကောင်း  သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ကြောင်းနှင့်     စားသုံးသူများနစ်နာမှုများရှိလာပါက    အရေးဆိုတိုင်ကြားနိုင်သည့်   Call Center  1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရှိ မုန့်မျိုးစုံဆိုင်များအားဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား (၂၃.၆.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ ခရိုင်မီးသတ်တပ်ဖွဲတို့နှင့်ပူးပေါင်း၍ မုန့်မျိုးစုံဆိုင် နှင့် စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖော်ပြထားသောကုန် စည်များကို ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ မုန့်မျိုးစုံဆိုင်(၂)ဆိုင်အားစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

      အခမ်းအနားတွင် ရွှေဘိုတက္ကသိုလ်ပါမောက္ခ ဒေါက်တာသီတာအောင်(ဥပဒေဌာန)က စားသုံးသူများအတွက် စားသုံးသူကာကွယ်ရေးဥပဒေရှိပြီး စားသုံးသူအခွင့်အရေးများကို  သိရှိရန် လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက် ဆွေးနွေးဟောပြောပေးသည်အတွက် ကျေးဇူးအထူးတင်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းသိန်းမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Missionများ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားအကြောင်းများ၊  ဝက်လက်မြို့နယ် တာဝန်ခံ ဦးမျိုးအောင်မှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်မှ ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ တိုင်ကြားရာတွင် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ Onlineဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၏ လုပ်ဆောင်ချက်များ အကြောင်းဆွေးနွေးခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များအား သိရှိစုံစမ်းလိုလျှင် www.doca.gov.mm Website နှင့် DOCA Myanmar Moblie Application တွင်ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page တွင်လည်း ကြည့်ရှုနိုင်ကြောင်း၊ Consumer Call Centerများသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

           အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး၊ ဆရာ/ဆရာမ(၂၅)ဦးနှင့် လေ့လာသူ(၁၀)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူ အသိပညာပေးလက်ကမ်းစာစောင် (၁၈၅)  စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk  Show ပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂.၆.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) လူထုအခြေပြုဗဟိုဌာန Community Centre တွင် စားသုံးသူ ကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်မှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင််းနှင့်စပ်လျဉ်း၍ အသေးစိပ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ