Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မင်းဘူးခရိုင်အတွင်းရှိ ပြည်သူများ စားအုန်းဆီ ဈေးချိုသာစွာ ရရှိစေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၌ (၁၄.၆.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် အဂ္ဂဟင်္သာကုမ္ပဏီမှ ကိုယ်စားလှယ်လွှဲအပ်ထားသော စားအုန်းဆီအရောင်းတာဝန်ခံ ဦးဝင်းအောင်သန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ ဆွေးနွေးရာတွင် မင်းဘူးခရိုင်ဦးစီးမှူးက မင်းဘူးခရိုင်အတွင်းရှိ မြို့ပေါ်နေပြည်သူများ၊ ကျေးရွာနေပြည်သူများ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် စားဝတ်နေရေး တဖက်တစ်လမ်းမှ အဆင်ပြေချောမွေ့စေရန်အတွက် မင်းဘူးခရိုင်အတွက်ရရှိသော ဆီပေပါများ အပြည့်အဝရရှိရေး၊ ရည်ညွှန်းဈေးအတိုင်းရရှိရေး၊ အလေးချိန်မှန်ကန်စေရေး၊ စားအုန်းဆီများ ပြန့်ပြန့်နှံနှံရှိစေရေးနှင့် စားအုန်းဆီများ ပုံမှန်ရရှိစေရေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လက်ပံတန်းမြို့ ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၄-၆-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များ၌ ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်ခဲ့ပါသည်။ စားသုံးသူများအနေဖြင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်၊ ဝန်ဆောင်မှုများဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၌ စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စားအုန်ဆီများရောင်းချပေးခြင်းကို ၂၀၂၄ခု ဇွန်လ  ၁၅ရက် နံနက် (၀၇:၃၀)နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

    ထိုသို့ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအမံဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်ဆီလုပ်ငန်းရှင်များ အသင်းနှင့်ပူးပေါင်း၍ လာရောက်ဝယ်ယူသူ ဝန်ထမ်းများ အလွယ်တကူဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ တစ်ဦးလျှင် စားအုန်းဆီ (၅၀)ကျပ်သား ၃၀၅၀နှုန်းဖြင့် ၃၅၂ ပိဿာကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။   

DOCA(စစ်ကိုင်း)

အုတ်ဖိုမြို့ရှိ ဆန်ဆိုင်များသို့သွားရောက်၍ ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းခြင်း

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၄-၆-၂၀၂၄ ရက်နေ့တွင် ပူးပေါင်းအဖွဲ့များနှင့်အတူ ဆန်စက်လုပ်ငန်းရှင်များထံသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား၍ ဆောင်ရွက်လျက်ရှိရာ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်းအဖွဲ့သည် အုတ်ဖိုမြို့၊ ဆန်စက်ကြိတ်ခွဲထုတ်လုပ်ရောင်းချနေသော ကွေ့ချောင်းရပ်ကွက်ရှိ ဝင်းနောင်ဆန်စက်၊ ကျောင်းကြီးတန်းရပ်ကွက်ရှိ ဦးဝင်းနိုင်၏ ရွှေမေတ္တာဆန်စက်တို့ထံသို့သွားရောက်၍ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများနှင့် ဆန်သိုလှောင်မှုရောင်းချမှုများကိုဆွေးနွေးခဲ့ပါသည်။ ဆန်ဈေးနှုန်းများအနေဖြင့် ရက်၉၀ဆန်၊ ပခန်းဆန်၊  ငွေတိုးဆန်များမှာ ၁၀၈ဆန်တစ်အိတ်လျှင် ၈၇၀၀၀ကျပ်ခန့်ရှိပြီး မြို့နယ်အတွင်း ကြိတ်ခွဲသောစက်များက ဖြန့်ဖြူးရောင်းချကြပြီး ပေါ်ဆန်းမွှေးဆန်မှာ ၁၀၈ပေါင်ပါ တစ်အိတ်လျှင် ၁၆၆၀၀၀ကျပ်ခန့်ရှိပြီး ၎င်းကို ရန်ကုန်မှ မှာယူ‌‌ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့တွင် ဆန်ဈေးနှုန်း/ ဈေးကွက်အခြေအနေအားကွင်းဆင်းခြင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက်၊ မြောက်ရွာမတန်းလမ်းရှိ ဆန်ဆိုင်များနှင့်ဆန်စက်များသို့ (၁၄-၆-၂၀၂၄) ရက်နေ့တွင် မြို့နယ်စားသုံး သူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် သွားရောက်ကွင်းဆင်းခဲ့ရာ ဆန်ဆိုင်များတွင် ရန်ကုန်မြို့မှ ဝယ်ယူရောင်းချနေသောဆန်များဖြစ်သည့် မြောင်းမြပေါ်ဆန်းမွှေးတစ်အိတ်လျှင် (၁၄၆၀၀၀)ကျပ်၊ စိတ်တိုင်းကျဆန်တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ စိတ်တိုင်းကျ AA တစ်အိတ်လျှင် (၈၈၀၀၀) ကျပ်၊ စိတ်တိုင်းကျ ပခန်းဆန်တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ငွေလမင်းပေါ်ဆန်းဆန်တစ်အိတ်လျှင် (၁၃၅၀၀၀) ကျပ်၊ မိန်မိန်လေးဆန်တစ်အိတ်လျှင် (၁၀၅၀၀၀)ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် (၁၄၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

        ဆန်စက်များတွင်လည်း လုပ်ငန်းရှင်နှင့်တွေ့ဆုံမေးမြန်းရာ ဒေသထွက်ဖြစ်သော ရတနာတိုးနှင့် ထိုင်းနှံကောက်စပါးများကို နဝလီကြိတ်ခွဲရာ Export တင်ရမည်ဖြစ်ကြောင်း၊ ဒေသထွက်ဆန်တစ်အိတ်လျှင် (၇၄၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်း ဆန်စက်လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့၌ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ၌ စားသုံးသူအသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ပါသည်။

      စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီက တက်ရောက်လာသူများအား  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များကိုဝယ်ယူအသုံးပြုရာတွင် ကုန်စည်၏အမျိုးအမည်၊ သုံးစွဲပုံနည်းလမ်း၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်များပါရှိရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအားပြောကြားကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်တွင် မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

     ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “လွင်မျိုးအောင်”မုန့်မျိုးစုံလုပ်ငန်းသို့ ကွင်းဆင်းကာ လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဦးစွာ မြို့နယ်တာဝန်ခံက “လွင်မျိုးအောင်”က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကိုလည်းကောင်း၊ စားသုံးသူ၏အခွင့်အရေးများကိုလည်း သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ “လွင်မျိုးအောင်”မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးနေသည့် အမျိုးအစားများနှင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားပြုလုပ်လိုကြောင်း လျှောက်ထားလာရာလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အတည်ပြုချက်ရရှိစေရေး အထက်အဆင့်ဆင့်သို့ တင်ပြပေးခဲ့ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ကုန်အညွန်းအမှတ်အသား သိရှိရေး ပြည်သူများသို့ ဟောပြောဆွေးနွေး အသိပညာပေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ် တာဝန်ခံသည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန် ၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် (၁၃.၆.၂၀၂၄) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင်  ကျွန်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် အလုပ်သမားများအား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့တော်ခန်းမ အတွင်း၌ စစ်ဘေးရှောင်ပြည်သူများအား အသိပညာပေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးထိုက်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံက  စားသုံးသူများအနေနဲ့ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများလိုက်နာ ဆောင်ရွက်ရမည့် တာဝန်(၄) ချက်ရှိကြောင်း ၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ် စိစစ်ချက် များကို ပြည့်စုံစွာ ထည့်သွင်း ဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူ စားသောက် အသုံးပြုတတ်ရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် မိမိတို့စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး ၊စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) တွင်လည်းကောင်း ၊ Facebook Page ဖြစ်သည့် DOCA Myanmar Page တွင်လည်းကောင်း ၊  မိမိတို့ဌာန Website ဖြစ်သည့် www. doca.gov. mm တွင်လည်းကောင်း တိုင်ကြားနိုင်ပြီး စားသုံးသူကိစ္စရပ်များ စုံစမ်းမေးမြန်းရန်အတွက် Call Center No.1535အား ရုံးချိန်အတွင်း ဖွင့်လှစ်ထားရှိကြောင်း ပြောကြားခဲ့ပါသည်။

     စားသုံးသူမိဘပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သတိထားမှတ်သားရမည့် အချက်များအကြောင်းနှင့် စားအုန်းဆီရဲ့ ကျန်းမာရေးအကျိုးပြုပုံအကြောင်းကို အသိပညာပေးခဲ့ရာ ပြည်သူများအား စုစုပေါင်း(၂၀)ဦးတို့တက်ရောက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ 

DOCA(စစ်ကိုင်း)

မိုးညိုမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေဥဒေါင်းရပ်ကွက်၌ သာယာဝတီခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့သည် ၁၄-၆-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်သူ(၈၇)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာများဆွေးနွေးဟောပြောခဲ့ပါသည်။

     ပထမဦးစွာ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များအကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များကိုဝယ်ယူအသုံးပြုရာတွင် ကုန်စည်၏အမျိုးအမည်၊ သုံးစွဲပုံနည်းလမ်း၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်များပါရှိရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန် ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး  ချောင်းဦး မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း(၁)ဦး၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်း(၁)၊ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်း(၁)ဦး မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှဝန်ထမ်း(၁)ဦးတို့သည် (၁၂.၆.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဆီးချိုရောဂါနှင့် သက်ဆိုင်သည့် Mixtrad Insulin ဆေးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင်မုံရွာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင်  ဆီချိုရောဂါနှင့် သက်ဆိုင်သည့် Mixtrad Insulin ဆေးအား သတ်မှတ်အပူချိန်တွင် ထားရှိခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ဆေးနှင့်ဆေးပစ္စည်းများအား တင်သွင်းရောင်းချခြင်း မပြုကြရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ