
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်သော စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံစေရန် တားမြစ်ထားသော တရားမဝင် စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ၂၁-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များနှင့် လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ၌ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များနှင့် လုပ်ငန်းသုံးပစ္စည်းဆိုင်များတွင် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေး အတွက် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်နေသော စားသောက်ကုန် ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ တရားမဝင် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ လိုက်လံစစ်ဆေးပြီး ဥပဒေနှင့်အညီ ရောင်းချရန်ပြောကြားကာ တရားမဝင်ပစ္စည်းများ ရောင်းချပါက ဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို လုပ်ငန်း ရှင်များအား အသိပညာပေး ပြောကြားကြောင်း သိရသည်။
DOCA(ဧရာဝတီ)