
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် ကျေးရွာများဖြစ်သော အောက်ထုံးကျေးရွာ၊ ကညှင်ခွ ကျေးရွာ၊ လက်ကျားကြီးကျေးရွာ၊ တော်တလုပ်ကျေးရွာ များမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများအား ကျေးရွာများမှ အိမ်ထောင်စုများ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များ ကျေးရွာနေပြည်သူများ စားအုန်းဆီ ဝယ်ယူရရှိစေရန် ဆီစာအုပ်များကို မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်က စနစ်တကျထုတ်ယူပေးလျက်ရှိကြောင်း သိရသည်။
ကျေးရွာစားအုန်းဆီ ဝယ်ယူခွင့်စားအုပ်များကို အောက်ထုံးအိမ်ထောင်စု ၁၆၇၂၊ ကျုံဝါးကျေးရွာ အိမ်ထောင်စု ၅၉၃၊ ကညှင်ခွ အိမ်ထောင်စု ၄၉၉၊ လက်ကျားကြီး အိမ်ထောင်စု ၃၃၂၄၊ တော်တလုပ်အိမ်ထောင်စု ၂၂၈၈ ကို ကျေးရွာအပိုင် အုပ်ချုပ်ရေးမှူးများမှ ကိုယ်တိုင်လာရောက်ထုတ်ယူ၍ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များ ထုတ်ယူပြီးစီးကြောင်း မှတ်တမ်း ရေးသွင်းပြီး ကျေးရွာနေပြည်သူများ စားအုန်းဆီများကို သက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ဆီရောင်းချသည့်အခါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးသည့်အခါ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်အရည်အသွေးမှန်စွာဖြင့် စည်းကမ်းများအတိုင်းရောင်းချမှုများကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)