Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့ စားသုံးဆီလက်လီ/လက္ကားအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ မြန်အောင်မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် (၁၅..၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် သပြေကုန်းအုပ်စု၊ အမှတ်(၃)ရပ်ကွက်ရှိ ဆီလုပ်ငန်းရှင် ဦးမျိုးတင့် နေအိမ်၌ စားသုံးဆီ လက်လီ/ လက္ကားအရောင်းဆိုင် လုပ်ငန်းရှင်များအား ကျေးရွာ လက်လီအရောင်းဆိုင်ရှင်များနှင့် ပြည်သူသို့ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး သတိပေးဆွေးနွေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

   ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီများ ရောင်းချ ရာတွင် ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ သတ်မှတ် ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲဖြောင့် မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ဆောင်ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့် အကြောင်း၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်း မှန်ကန် စွာ ရောင်းချ ရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာရောင်းချပေးရေး သတိပေးဆွေးနွေးခဲ့ပြီး ဆီလုပ်ငန်းရှင်ဘက်မှလည်း သိလိုသည်များ မေးမြန်း၍အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပွင့်ဖြူမြို့ပေါ်ရှိ ပဲကြော်၊ ဆီကြော်မုန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးလမ်းညွှန်မှုနှင့် မင်းဘူးခရိုင်တာဝန်ခံ၏ ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၁..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ အလယ်ပိုင်း ရပ်ကွက်ရှိ လုပ်ငန်းရှင်ဦးစိုးမိုးအောင်၏ စိုးမိုးအောင် အမှတ်တံဆိပ်ပဲကြော်လုပ်ငန်းကိုလည်းကောင်း၊ (၁၂..၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် အရှေ့ပိုင်းရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးသိန်းထိုက်ဦး၏ လာဒ်ပွင့် အမှတ်တံဆိပ် ဆီကြော်မုန့်လုပ်ငန်းနှင့် အလယ်ပိုင်းရပ်ကွက်ရှိလုပ်ငန်းရှင် ဦးအောင်အောင်၏ စွမ်း အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းကိုလည်းကောင်း သွားရောက်၍ စက်မှုလုပ်ငန်းသုံးဆီများလျှောက်ထားပြီး လုပ်ငန်းသုံး ဆီများထုတ်ယူသုံးစွဲရာတွင် အမှန်တကယ်သုံးစွဲခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေး ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်မှုလုပ်ငန်းသုံးဆီများကို အမှန်တကယ်သုံးစွဲမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ရောင်းချသော ကုန်စည်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ရန်နှင့် လုပ်ငန်းရှင်များ၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

တောင်တွင်းကြီးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားအရောင်းဆိုင်များအားအဖွဲ့စုံဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၇.၉.၂၀၂၅)ရက်နေ့မှ (၁၁.၉.၂၀၂၅)ရက်နေ့အထိ နံနက်(၀၉:၀၀)မှ (၁၂:၀၀)အချိန်အထိ တောင်တွင်းကြီးမြို့ရှိ လက်ကား/လက်လီဆီကုန်သည်များ၏ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအား မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/လက်ကား ဆီကုန်သည်များမှ ခွဲတမ်းရရှိသော စားအုန်းဆီများအား စားသုံးသူများလက်ဝယ်သို့ ပြန့်ပြန့်နှံနှံရောက်အောင်  အပတ်စဉ်ထုတ်ပြန်ပေး လျက်ရှိသော သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအပေါ်တွင် သယ်ယူစရိတ်နှင့် အမြတ်(၂%)ပေါင်း၍ စားအုန်းဆီ(၁) ပိဿာလျှင် (၇.၉.၂၀၂၅)ရက်နေ့တွင် ကျပ်(၇၁၉၀)၊ (၁၁.၉.၂၀၂၅)ရက်နေ့တွင် ကျပ်(၇၃၇၀)ဖြင့် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာ နှုန်းဖြင့် ရောင်းချနေကြောင်း၊ ကိုယ်စားလှယ်အမည်နှင့် စျေးနှုန်းတို့အား ဗီနိုင်းများဖြင့် အများမြင်သာအောင် ကြော်ငြာရောင်းချနေကြောင်း၊ ဆီတိုင်ကီများတွင် မြေပဲဆီ၊ နှမ်းဆီဟုသိသာပေါ်လွင်အောင် ရေးသား ရောင်းချနေကြောင်းနှင့် ရောနှောဆီရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အရည်အသွေးပြည့်မီသော အင်တာ နက်ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် နေ့စဉ်လူမှုဘဝ ကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၁၂.၉.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် ချောက်မြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု) ဆောင် ရွက်ပေးနေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်အတွင်းဖွင့်လှစ်ထားသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသည့် MYTEL Fiber Internet sevice လုပ်ငန်း လုပ်ကိုင်နေသည့် ဆိုင်များအား ဆက်သွယ်ရေးဝန်ဆောင်မှု(Package/ Plan)များနှင့် ဝန်ဆောင်ခ နှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခ နှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာ အော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရေး၊ အင်တာနက် လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ပြည်သူများစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးရေးများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ချောက်မြို့ပေါ်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် လုပ်ငန်း(၄)ခုရှိကြောင်း သိရသည်။

DOCA(မကွေး)

 

ချောက်မြို့ပေါ်ရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည်(၁၀.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ချောက်မြို့ပေါ်ရှိ စားသောက် ကုန်ထုတ်လုပ်သည့် ပဲကြော်၊ အာလူးကြော် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင် များအား အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပဲကြော်လုပ်ငန်းများနှင့် အာလူးကြော်လုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအတွက် ခွင့်ပြုပေးထားသည့် လုပ်ငန်းသုံးဆီများ အမှန်တကယ် သုံးစွဲခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ အမှန်တကယ်သုံး စွဲမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ကုန်စည် များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြ စေရေး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကို သာရောင်းချရေး၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ စားသုံးသူများ စိတ်ကျေနပ် မှုရှိစေရေးနှင့် စားသုံးသူ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာများတို့ ပူးပေါင်းပြီး (၁၀.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌  ကျောင်းသား/ သူများ လောင်းကစားမှု၊ လိမ်လည်မှုနှင့် အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြု ဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း‌ဆောင်ရွက်မှု ဗဟိုဌာန ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗွီဒီယိုများကို ပရိုဂျက်တာဖြင့် ပြသပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁)၊ အခြေခံပညာမူလတန်းကျောင်း (ပုဂံ ကျောင်း) ကျောင်းအုပ်ဆရာကြီး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးရန်မသင့်သောအစားအစာများ” အကြောင်း ကိုလည်းကောင်း၊ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး” အကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေလင်းဦးက “ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ”အကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

 

ချောက်မြို့၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာများတို့ ပူးပေါင်းပြီး (၁၀.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌  ကျောင်းသား/ သူများ လောင်းကစားမှု၊ လိမ်လည်မှုနှင့် အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြု ဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း‌ဆောင်ရွက်မှု ဗဟိုဌာန ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗွီဒီယိုများကို ပရိုဂျက်တာဖြင့် ပြသပေးခဲ့ကြောင်း သိရသည်။

        အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁)၊ အခြေခံပညာမူလတန်းကျောင်း (ပုဂံ ကျောင်း) ကျောင်းအုပ်ဆရာကြီး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးရန်မသင့်သောအစားအစာများ” အကြောင်း ကိုလည်းကောင်း၊ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး” အကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေလင်းဦးက “ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ”အကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

 တောင်တွင်းကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၁၂.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပေလေးပင်ခန်းမ၌ ဆရာ/ဆရာမ (၂၀)ဦး၊ ကျောင်း သား/ ကျောင်းသူ(၄၀၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

        အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက စားသုံးသူအခွင့်အရေး(၈)ချက်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစား မှူး ဦးအောင်ဖြိုးဝေက လူငယ်နှင့်ခေါင်းဆောင်၊ ဘောလုံး၊ ‌ဘောလီဘော၊ ကြက်တောင် အားကစား နည်းများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအကြောင်းကိုလည်းကောင်း အသိပညာပေးဟော ပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အောင်ချမ်းသာရပ်ကွက်အ.ထ.က(၅)ကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်  

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အောင်ချမ်းသာရပ်ကွက် အ.ထ.က(၅)ကျောင်းတွင် သန့်ရှင်း သာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများအပတ်စဥ် စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၁၃ ရက်‌ နေ့နံနက် (၈း၀၀)နာရီတွင်  ကျင်းပခဲ့ကြောင်း သိရသည်။

  ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာညွှန်ကြားရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စားသုံးသူရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများကမုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် အ.ထ.က(၅)ကျောင်းဝင်း အတွင်း သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်း အမှိုက်များရှင်းလင်း ခြင်းတို့ကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပြီး  သန့်ရှင်းရေးပြုလုပ်သည့် ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ဆန်/ဆီနှင့် ဟင်းသီးဟင်းရွက်စုံများ ရောင်းချပေးခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လေးမျက်နှာမြို့ Online Sale ဖြင့်ရောင်းချသော အလှကုန်ပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၇.၉.၂၀၂၅)ရက်နေ့  နေ့လည် (၁၃:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ကြပ်ကုန်းကျေးရွာရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော Thet Thet Aung Beauty အရောင်းဆိုင်သို့ အွန်လိုင်းမှတ်ပုံ တင်ထားမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ Online စနစ်ဖြင့်ရောင်းချနေ သော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင် ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်း အမှန် တစ်ကယ် တည်ရှိခြင်း ရှိ/မရှိ ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြ ထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက် မှု ရှိ/မရှိ ၊စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှု တို့ကို စိစစ်ခဲ့ပြီး၊ လုပ်ငန်းရှင် ဒေါ်သက်သက်အောင်နှင့် တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ