လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံရုံးတွင် အဝတ်အထည်၊အလှကုန်ရောင်းချသည့် လုပ်ငန်းရှင်များအား online saleနှင့်ပတ်သက်သည့် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင်ဌေး သည်(၈.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် လပွတ္တာမြို့နယ်တာဝန်ခံရုံးတွင် အဝတ်အထည်၊ အလှကုန်ရောင်းချသည့်လုပ်ငန်းရှင်များနှင့် onlineရောင်းချသည့်လုပ်ငန်းရှင်များအား online saleနှင့် ပတ်သတ်သည့် စားသုံးသူအသိပညာ ပေးဟောပြေခဲ့ပါသည်။
ထိုသို့ဟောပြောပွဲဆွေးနွေးရာတွင် မြို့နဘ်တာဝန်ခံမှ တက်ရောက်လာသော အဝတ်အထည်၊အလှကုန်ရောင်းချ သည့်လုပ်ငန်းရှင်များနှင့်online ရောင်းချသည့် လုပ်ငန်းရှင်များအား မိတ်ဆက်စကားပြောကြားပြီး online shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်) Mobile phone Number ဖြင့် sing Up(Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့် www.ecomreg.gov.mmမှ တစ်ဆင့်မှတ်ပုံတင် လျှောက်ထားနိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ထိုဟောပြောပွဲသို့ လုပ်ငန်းရှင်စုစုပေါင်း(၂၅)ဦးတက်ရောက်ခဲ့ပါသည်။
DOCA (ဧရာဝတီ)




