Main menu

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ “ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/ ၂၀၂၅)” ဒုတိယနေ့ အား ဆက်လက်ကျင်းပ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ သင်တန်းများကို ဟောပြောပို့ချလျက်ရှိရာ ၂၆.၉.၂၀၂၅ ရက်နေ့တွင် ငွေစာရင်းဘာသာရပ် နှင့် ပြင်ပဌာနများမှ ဘာသာရပ်များဖြစ်သည့် စည်ပင်သာယာရေး ဘာသာရပ်၊ FDA ဘာသာရပ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်များကို ဒုတိယနေ့တွင် သင်ကြား ပို့ချပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

   ဟောပြောပို့ချရာတွင် ငွေစာရင်းဘာသာရပ်ကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ငွေစာရင်း ဌာန ခွဲမှ  တာဝန်ခံကလည်းကောင်း၊ စည်ပင်သာယာရေး ဘာသာရပ်ကို တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့က ၎င်း၊ FDAဘာသာရပ်ကို တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက ၎င်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၎င်း၊ အသေးစိတ် ရှင်းလင်းဟောပြောခဲ့ရာ တက်ရောက်လာသော ဝန်ထမ်းများကလည်း မရှင်းလင်းသည်ကို ဆွေးနွေး မေးမြန်းခဲ့ပါသည်။ အဆိုပါ (၁/ ၂၀၂၅) ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းသို့ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၀) ဦး သည် Imperson စနစ်ဖြင့် လည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်း (၁၅)ဦး က Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)