Main menu

ညောင်တုန်းမြို့နယ် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ရှိ ဆန်ဆိုင်များ စျေးကွက် အတွင်း  စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် ဆန်များ ပြတ်လပ်မှု ရှိ/မရှိအား အောက်တိုဘာလ (၁၄)ရက်နေ့ နံနက် ၁၀ နာရီက  မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးသည်။

   ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် မြို့နယ်ဦးစီးမှူး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တို့သည် ညောင်တုန်းမြို့ရှိ ဆန်ဆိုင်များမှ မြောင်းမြပေါ်ဆန်း‌၊ ပုသိမ်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းအနည်းငယ်နှင့် ဖျာပုံ တောင်ပျံ၊ ဒေသထွက်ဧည့်မထ ဆန်များအား ရောင်းချလျက်ရှိပြီး မြို့နယ်အတွင်း စားသုံးရန် ဆန်ပြတ်လပ်မှု မရှိနိုင်ကြောင်း၊ ဆန်အိတ်သိုလှောင်ထားရှိမှု ဆန်လက်ကျန်၊ နေ့စဉ်ရောင်းချမှု ဆန်ရောင်းအားနှင့် ရောင်းချနေသည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ် ၅ ရာခိုင်နှုန်း၊ အခြားဒေသဆန်အနေဖြင့် ၇ရာခိုင်နှုန်း ဖြင့်သာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး  ကုန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆန်ဈေးနှုန်းများ မြင်သာအောင်ဈေးနှုန်း ဖော်ပြရောင်းချရန် ဆန်ဆိုင် ၁၂ဆိုင်ကို အသိပညာပေး လမ်းညွှန်မှာကြားခဲ့သည်။

DOCA(ဧရာဝတီ)